Ch - 4 ( Real Beginning )

1.2K 90 0
                                    
လေပြေ  ( Unicode )
အခန်း (၄) – "စလုံးရေ စ" ဟု ခေါ်တွင်သော အစ
နွယ် ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်လိုက်သည်။တွေ့လိုက်ရသော မြင်ကွင်းသည်ကား...
လေပြေတစ်ယောက် မူးမေ့လဲနေခြင်းပင် ဖြစ်သည်။နွယ်ွလဲ ထမင်းချိုင့်နှင့် ပိုက်ဆံအိတ်ကို ချကာ လေပြေဘေးနား ကပ်ပြီး ပါးကို ခပ်ဆတ်ဆတ်လေးရိုက်ပြီး ရှုဆေးဘူး လေပြေနှာခေါင်းနား တေ့ပေးလိုက်ရာ ငါးမိနစ်မျှအကြာတွင် လေပြေ မျက်လုံးများပွင့်လာကာ သတိရလာသည်။
"အော်..လေပြေသတိရလာပြီလား ရော့ ဒီမှာ ရေလေးသောက်လိုက် တစ်ကိုယ်လုံးလဲ ပူခြစ်တောက်နေတာပဲ အဲ့တာကြောင့် ဆေးရုံကားခေါ်ထားတယ် ဆေးရုံသွားရအောင်"
"မသွားဘူး အဲ့လို လူများတဲ့နေရာတွေ မသွားချင်ဘူး ကျွန်မနေကောင်းသွားပြီ ပြန်တော့မယ် "ဆိုပြီး လေပြေ ရုတ်တရုတ် ထလိုက်ရာ ပြန်ခွေခေါက်လဲသွားသဖြင့် နွယ်ွမှ လှမ်းဖမ်းဆွဲထားလိုက်ရသည်
နွယ်မှ "ပြောသားပဲ ဆေးရုံသွားပါဆို ဆေးခန်းသွားမှ သက်သာမှာလေ"
"ကျွန်မမှာ မိသားစုဆရာဝန်ရှိတယ်။အိမ်ရောက်မှပဲ ဆရာဝန်ကို အိမ်လှမ်းပင့်လိုက်မယ် "ဟု လေပြေမှ ပြောပြီး ကုန်းရုံးထကာ ယိုင်ယိုင်ယိုင်ယိုင်ဖြင့် သွားလေသည်။လေပြေ ခေါင်းမူးနောက်နောက်ဖြင့် သွားစဉ် လဲကျမလို ထပ်ဖြစ်သွားရာ နွယ်ွမှ တစ်ဖန် လှမ်းဆွဲထားရင်း
"မဖြစ်တော့ဘူး ဒီလို သွားရင် လမ်းမှာ တစ်ခါ ထပ်မူးလဲလေ့မယ် အစ်မ လိုက်ပို့မယ် အိမ်ကို အိမ်ဘယ်နားမှာလဲ ကားဌားလိုက်မယ်လေ"
"လေပြေ ကားပါလာတယ် ကားမောင်းတတ်လား"
"အင်း............................မောင်းတတ်ပါတယ်"
"တကယ်ရော မောင်းတတ်ရဲ့လား"
"မောင်းတတ်တာပေါ့။ကားမောင်းနည်း သင်တန်းလဲ တက်ပြီးသွားပြီ။ကားလိုင်စင်လဲ ရပြီးပြီ။အပြင်မှာ မမောင်းဘူးသေးတာ တစ်ခုပဲ"
"ကောင်းတာပေါ့ အခုက လက်တွေ့မောင်းရမယ့် အချိန်ပဲ မြန်မြန်မောင်းတော့ ကျွန်မ မူးလဲချင်လာပြီ"
"အခုက ဘယ်ကိုမောင်းရမှာလဲ လေပြေ လမ်းညွှန်ပေးဦးလေ"
"အဲ့ဒီမှာ ကားLCD Screen မှာ GPS ထဲမှာ Star City B5 ဆိုပြီး Location ထည့်လိုက်"
"အင်း ထည့်လိုက်ပြီ စမောင်းပြီနော် ဘေးနား အိပ်ပြီးလိုက်လာခဲ့လို့ ရတယ် ဖြေးဖြေးလေးပဲမောင်းမှာ စိတ်မပူနဲ့"
လေပြေလဲ ခေါင်းကိုက်နေသည်မို့ နွယ့်ကို ပြန်မပြောတော့ဘဲ အိပ်လိုက်သည်။တစ်ရေးနိုးလာတော့
နွယ်ကို "ဆောရီးပဲ အိပ်ပျော်သွားလို့ ရောက်နေပြီလား "
"မရောက်သေးဘူး အခုမှ မောင်းတုန်း"
"အယ် အခုက မောင်းနေတာ"
မောင်းနေသည့်နှုန်းမှာ အရမ်းနှေးနေ၍ ဖြစ်သည်။ကားရပ်ထားသလားဟုတောင် အောက်မေ့ရသည်။နွယ်မှ
"ဟုတ်တယ် ကားအကောင်းစားကြီး တစ်ခုခုဖြစ်သွားမှာဆိုလို့ 20 နဲ့ မောင်းလာတာ"
"အောင်မလေး ရောက်တော့မှာပဲ ရတယ် 80 အထိတင်မောင်း ရဲရဲသာ မောင်း ဒီကားတစ်ခုခုဖြစ်လို့ တာဝန်မယူခိုင်းဘူး"
နွယ်လဲ လေပြေပြောခါမှ 80ဖြင့် မောင်းလာရာ ငါးမိနစ်အကြာတွင် Star City ကွန်ဒို အိမ်ရာသို့ ရောက်လာသည်။ကားပါကင်ထိုးပြီးကာ တိုက်ခန်းပေါ်သို့ ဓာတ်လှေကားဖြင့် တက်လာကြသည်။
အိမ်ရောက်သော် လေပြေမှ မဟန်ဆောင်နိုင်တော့ဘဲ အိပ်ရာပေါ်သို့ ထိုးဝင်အိပ်လေသည်။
"လေပြေ ဒီလိုအိပ်လို့ ဘယ်ရမလဲ မိသားစုဆရာဝန်ရှိတယ်ဆို သူ့ဖုန်းနံပါတ် ပေးဦးလေ"
"မှန်တင်ခုံပေါ်မှာ စာအုပ်လေးရှိတယ်။အဲ့စာအုပ် ပထမစာမျက်နှာမှာ ဖုန်းနံပါတ်ရှိတယ်"
နွယ်လဲ ဖုန်းနံပါတ်ကို ယူကာ ကောက်ဆက်လိုက်သည်
"ဟဲလို ဟုတ်ကဲ့ မင်္ဂလာပါရှင့် ညီမနာမည်က နွယ်ပါ။လေပြေရဲ့ မိသားစုဆရာဝန်လားဟင် လေပြေ တော်တော် နေမကောင်းဖြစ်နေလို့ အိမ်ကြွလာခဲ့ပေးလို့ ရမလားဟင်။နောက် နာရီဝက်နေရင်ရောက်မယ်။ဟုတ် ဟုတ် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်"
လေပြေ ဆရာဝန်ကို ဖုန်းဆက်အပြီး လေပြေတစ်ယောက်တည်း တွေးတောနေမိသည်။
ကွန်ဒိုကလဲ တော်တော်ခမ်းနားတာပဲ အိမ်ကြီးကလဲ အကြီးကြီး ဒါပေမယ့် တခြားမိသားစုဝင်တွေလဲ မရှိဘူး သူတစ်ယောက်တည်း နေတာများလား တစ်ယောက်တည်းတော့ မဟုတ်လောက်ပါဘူး မိသားစုဝင်တွေအလုပ်သွားနေကြလို့ နေမှာ
ထိုစဉ် နွယ် ဖုန်းမြည်လာသည်။
"ဟယ်လို နွယ်လား အန်တီရတနာပါ တိုက်ခန်းအပေါ်ကို ပေးမတက်လို့ လာခေါ်လို့ ရမလားဟင် လူစီမ်းတွေဆို ပေးမတက်လို့ "
"ဟုတ် ဟုတ် လာခဲ့မယ် အန်တီ "ဆိုပြီး ရတနာဟုခေါ်သော လေပြေ၏မိသားစု ဆရာဝန်ကို သွားခေါ်လာခဲ့သည်
အန်တီ ရတနာမှ လေပြေကို ကြည့်ရှုပြီးသော်
"သမီးနာမည်က နွယ်နော်။ လေပြေက အစာမရှိတာနဲ့ နေမကောင်းတာနဲ့ ရောပြီး မူးမေ့လဲသွားတာ"
"အန်တီ လေပြေကို ဆေးလဲ ထိုးပေးထားတယ် အားဆေးလဲ သွင်းပေးထားတယ် ဒီမှာ သောက်ဆေး ဒီနေ့တစ်ရက်စာပဲ ပေးခဲ့မယ် လေပြေက တော်တော်အပူကြီးနေတာ ညနေ ၅နာရီလောက်မှ အပူမကျသေးရင် တစ်ကိုယ်လုံး ကိုယ်ပတ်တိုက်ပေး၊အပူမကျမချင်း ကိုယ်ပတ်တိုက်ပေးနော်။သူက အပူကြီးရင် ကြောက်ရတယ်။တစ်လလောက် ဆက်တိုက် ဖျားတာ။မနက်ဖြန် အန်တီ ထပ်လာမယ်နော်"
"ဟုတ်ကဲ့ပါ အန်တီ။ဒါနဲ့ သူ့အိမ်က လူတွေ မပြန်လာကြသေးဘူးလားဟင်။ဖုန်းဆက်ဖို့ကလဲ ဖုန်းနံပါတ်မရှိလို့လေ။သမီးလဲ  အိမ်ပြန်ရဦးမှာဆိုတော့"
"သမီးလေး ဒါလျှို့ဝှက်ချက်နော် ဘယ်သူမှ မပြောပြနဲ့ သူ့အမေက သူအသက် ၁၄နှစ် သမီး အရွယ်ကတည်းက ဆုံးသွားတာ သူက တစ်ဦးတည်းသော သမီး သူ့အမေက သူ့ကို စိတ်မချလွန်းတော့ အန်တီကို အထပ်ထပ် အခါခါ အပ်သွားတာ နောက်ပြီး သူ့အဖေက သူ့အမေဆုံးပြီး သုံးလလောက်ကြာတော့ လေပြေကို ပြုစုစောင့်ရှောက်ဖို့ဆိုပြီး နောက်မိန်းမ တစ်ယောက်ထပ်ယူတာ လေပြေနဲ့ဆို ၈နှစ်လောက်ပဲ ကွာတာ ဘယ်စောင့်ရှောက်နိုင်မှာတုန်း နောက်ပြီး အဲ့တစ်ယောက်က သူ့အဖေနဲ့ကလေးတွေယူပြီး သူ့အဖေအမွေတွေ အပိုင်စီးချင်လို့ လေပြေကို အိမ်မှာ မနေနိုင်အောင် အမျိုးမျိုး အဖုံဖုံ နှိပ်စက်တာ လေပြေ ဘယ်လောက်များ စိတ်ဆင်းရဲရလဲဆိုရင် ညဘက်တွေဆိုရင် အိပ်မပျော်ဘူး အိမ်မက်ဆိုးတွေ ခဏခဏ မက်တာ အဲ့တာနဲ့ပဲ လေပြေ ၁၈နှစ် ပြည့်ရော ကိုးရီးယားကို ထွက်ပြီး ပညာသွားသင်တယ် ပြန်လာတော့ ဒီတိုက်ခန်းကို ဝယ်ပြီး ဒီမှာပဲ နေတော့တာ သူ့အဖေနဲ့လဲ အဆက်အသွယ်ရှိလား မရှိလားဆိုတာတော့ အန်တီလဲ အဲ့လောက်ထိ မသိတော့ဘူး"
"ကဲ စကားပြောကောင်းနေတာနဲ့ ၃နာရီတောင်ထိုးတော့မယ် အန်တီပြန်လိုက်ဦးမယ် ဆေးတိုက်လိုက်ဦးနော်
ညနေ ၅ နာရီမှ အပူမကျသေးရင် ကိုယ်ပတ်တိုက်ပေးနော် ပြန်ပြီ"
အန်တီ ရတနာ ပြန်သော် ရေခဲသေတ္တာကို ကြည့်ကြည့်ရာ ပေါင်မုန့်နှင့် နွားနို့ကို တွေ့ရသည်။
လေပြေကို နိုးလိုက်သည်။
လေပြေ ထ ထ ဆေးသောက်ရအောင်လေ အစာလေးအရင်စားလိုက်
ဟု ပြောကာ ပေါင်မုန့်နှင့် နွားနို့ တစ်ခွက် ကို လှမ်းပေးလိုက်သည်။ လေပြေမှ ပေါင်မုန့်ကို စား၍ နွားနို့ တစ်ခွက်လုံး သောက်ပြီး နွယ်လှမ်းပေးသော ဆေးတစ်ခွက်ကို ယူရင်း ဂွတ်ခနဲ ယူသောက်လိုက်သည်။ထို့နောက် စောင်ကို ခြုံကာ ပြန်အိပ်နေလိုက်သည်။နွယ်မှ အံ့သြသွားသည်။ပုံမှန် မိန်းကလေးများမှာ ဆေးအရမ်းကြောက်တတ်၍ ဖြစ်သည်။နွယ်လဲ ဆေးကြောက်တတ်သူတစ်ယောက်ဖြစ်သည်။ဆေးထိုးခံရမည်ကို မကြောက် ဆရာဝန်ပေးသော ဆေးခါးခါးကြီးများကို သောက်ရမှာ အရမ်းကြောက်သည်။ဆန်ပြုတ်သောက်ရမှာ ကြောက်လှသည်။အဲ့တာကြောင့် နွယ်သည် မဖျားမနာအောင် ဂရုစိုက်သည်။
နာရီသံ တစ်ချက်ချက်ဖြင့် အချိန်ကုန်ဆုံးလာခဲ့ရာ ၅နာရီအချိန်သို့ပင် ရောက်လာပြီ။နွယ်သည် လေပြေနဖူးသို့ စမ်းလိုက်ရာ တစ်ကိုယ်လုံး ပူခြစ်တောက်နေရာ စိတ်ပူသွားသည်။ထို့နောက် အမြန်အဆန်ပင် လက်ကိုင်ပဝါလေးများကို ရေခဲရေထဲသို့ ထည့်စိမ်ရင်း ရေညစ်ချလိုက်ကာ လေပြေနဖူးပေါ်သို့ တင်ပေးသည်။
ထို့သို့ အကြိမ်ကြိမ် အခါခါ လုပ်ပေးသော်လဲ အဖျားမှာ သိပ်မကျသေးရာ တစ်ကိုယ်လုံးကို ကိုယ်ပတ်တိုက်ပေးရန် နွယ်မှ ဆုံးဖြတ်လိုက်သည်။ရှေးဦးစွာ လေပြေခြုံထားသော စောင်ကို ဖယ်လိုက်သည်။
လေပြေမှာ တစ်ချိန်လုံး စောင်ခြုံထားရာ ထွက်ရမည့် အပူများမှာ မထွက်နိုင်ဘဲ ရှိနေသည်ဟု နွယ် ယူဆသောကြောင့် ဖြစ်သည်။လေပြေ့ တစ်ကိုယ်လုံး ကိုယ်ပတ်တိုက်ပေးရင် လေပြေ အကျီၤ ကြယ်သီးတစ်လုံးကို စဖြုတ်လိုက်သည်.....
နောက်တစ်ပိုင်းဆက်ရန် - အပိုင်း(၅) မျှော်
ရေးသားသူ - ဖြိုးဦးနွေ
13.10.2020(Mon) 12:34 AM
အရှေ့အပိုင်းတွေကို ဖတ်ချင်သူများအတွက် Wattpad Link လေးချပေးထားပါတယ်။Wattpad ထဲကနေလဲ ဝင်ဖတ်ပြီး အားပေးကြပါ၊Vote လေးလဲ ပေးပေးကြပါ။Like တစ်ချက်၊Comment တစ်ကြောင်း၊Vote တစ်ခုကလဲ စာရေးသူအတွက် အားတွေအများကြီး ဖြစ်စေလို့ပါရှင့်။စာဖတ်ပေးတာ  ကျေးဇူးတင်ပါတယ်ရှင့်။ လိုအပ်တာတွေရှိလဲ ပြောပြပေးပါနော်
===========================================
လေပြေ  ( Zawgi )

လေပြေမှာ တစ်ချိန်လုံး စောင်ခြုံထားရာ ထွက်ရမည့် အပူများမှာ မထွက်နိုင်ဘဲ ရှိနေသည်ဟု နွယ် ယူဆသောကြောင့် ဖြစ်သည်။လေပြေ့ တစ်ကိုယ်လုံး ကိုယ်ပတ်တိုက်ပေးရင် လေပြေ အကျီင်္ ကြယ်သီးတစ်လုံးကို စဖြုတ်လိုက်သည်.....
နောက်တစ်ပိုင်းဆက်ရန် - အပိုင်း(၅) မျှော်
ရေးသားသူ - ဖြိုးဦးနွေ
13.10.2020(Mon) 12:34 AM
အရှေ့အပိုင်းတွေကို ဖတ်ချင်သူများအတွက် Wattpad Link လေးချပေးထားပါတယ်။Wattpad ထဲကနေလဲ ၀င်ဖတ်ပြီး အားပေးကြပါ၊Vote လေးလဲ ပေးပေးကြပါ။Like တစ်ချက်၊Comment တစ်ကြောင်း၊Vote တစ်ခုကလဲ စာရေးသူအတွက် အားတွေအများကြီး ဖြစ်စေလို့ပါရှင့်။စာဖတ်ပေးတာ  ကျေးဇူးတင်ပါတယ်ရှင့်။ လိုအပ်တာတွေရှိလဲ ပြောပြပေးပါနော်

လေပြေ(Oxygen)Where stories live. Discover now