Ch - 3 ( A little things about her)

1.3K 89 0
                                    

လေပြေ  ( Unicode)
အခန်း (၃) - သူမ၏ အကြောင်း တစ်စေ့တစ်စောင်း
လေပြေ တစ်ယောက် ဒီနေ့ပင် ရုံးစတက်သည်။ ရုံးစစတက်ချင်း အစည်းအဝေးတွင် ကိုယ့်ကိုယ်ကို မိတ်ဆက်တော့ သူ့ကို ငမ်းငမ်းတက် လိုချင်မတတ်ဖြစ်နေသော မျက်လုံးများ၊မိန်းကလေးများ၏ မနာလို မျက်ဝန်းများကို ရင်ဆိုင်ရသည်။သူသည် ဒီအလုပ်ကို မဖြစ်သာ၍သာ လုပ်ရသည်။ဒီအလုပ်တွင်သာ မလုပ်ချင်သည် မဟုတ် မည်သည့်အလုပ်ကိုမှ မလုပ်ချင်ပေ။အလုပ်မလုပ်ချင်လို၍ ပျင်း၍ မဟုတ်ပေ။လူများနှင့် ဆက်ဆံစကားပြောရမှာကို မုန်းတီးရွံရှာလှသောကြောင့် ဖြစ်သည်။လူများနှင့် စကားမပြောချင် မဆက်ဆံချင်လှပေ။ဒီကြားထဲ အတင်းလာမိတ်ဆက်၍ ရောနေသော အစ်မကြီးတစ်ယောက်နှင့် ရင်ဆိုင်ရသေးသည်။အဲ့တာကြောင့် ရောလျှင် ကန်းတတ်မည်စိုး၍ လေပြေတစ်ယောက် စကားကို အပြတ်နိုင်ဆုံးပြောကာ ခပ်တည်တည် ခပ်တန်းတန်းပင် နေလိုက်သည်။ထိုအစ်မကြီးနာမည်ပင် မမှတ်မိတော့။အဲ့ဒါမှ ကိစ္စပြတ်မည် ထင်ရသည်။မုန်းရင်လဲ မုန်းပစေ၊သို့သော် ကိစ္စများကား လေပြေပြောသလောက် မပြတ်လှပေ။
နေသာ၍ မိုးတိမ်ကင်းစင်နေသော နေ့တစ်နေ့
"မင်္ဂလာပါ"  ဟု   နွယ်မှ ငွေစာရင်းဌာနတစ်ခုလုံးကို နှုတ်ဆက်လိုက်သည်။ငွေစာရင်းဌာနမှ စီနီယာအစ်မနှစ်ယောက်မှ "အေးကွယ် မင်္ဂလာပါ" ဟု နွယ်ကို ပြန်ပြောလိုက်သော်လဲ လေပြေမှ အကြောင်းပြန်သံမကြားရပေ။နွယ်လဲ နွယ်နှုတ်ဆက်လျှင် သူများပြန်နှုတ်ဆက်မှ ကျေနပ်သူ မို့လို့ "ညီမလေးလေပြေ အစ်မ မင်္ဂလာပါလို့ နှုတ်ဆက်သံကြားလား။ကြားရင် ပြန်နှုတ်ဆက်တတ်ရမယ်လေ"
လေပြေမှ" အော် ဟုတ်လားအစ်မ ညီမ မကြားလိုက်လို့ ကြားလိုက်လဲ ပြန်မနှုတ်ဆက်ချင်ဘူး အလုပ်ကိုအလုပ်နဲ့တူတူတန်တန်ပဲ လုပ်ချင်တယ် အပိုဆားဒါးအလုပ်တွေ မလုပ်ချင်ဘူး" ဟု ပြန်ပြောလိုက်လေသည်။
နွယ်လဲ "အစ်မကတော့ ညီမလေးမနှုတ်ဆက်ချင်လဲ နေ အစ်မကတော့ အကုန်လုံးကို နှုတ်ဆက်မှာပဲ" ဟု လေသံအေးအေးလေးနဲ့ ပြောလိုက်သည်။   
"နွယ် နင် ဟိုမိန်းမကို အာလပသလပ သွားပြောပြန်ပြီဆို။ဟိုက နင့်ကို မနှုတ်ဆက်ချင်ဘူးလို့ ပြန်ပြောလိုက်တယ်ဆို"
"အမယ်လေး....သတင်းတွေက မြန်ပါ့၊ဘယ်ကနေ ကြားတာတုန်း"
"နင့်စီနီယာအစ်မတွေ အတင်းတုတ်နေတာကို ကြားခဲ့တာ ၊ နင်က သူ့ကို ဘာလို့ အရောသွားဝင်ဝင်နေရတာလဲဟင်"
"ငါ့တုန်းက ငါရောက်ခါစက ငါရင်ဖွင့်စရာဘယ်သူမှ မရှိလို့ စိတ်ဆင်းရဲနေခဲ့ရတာလေ၊အဲ့လိုမျိုး ငါ့ဂျူနီယာတစ်ယောက်ကို အဲ့လိုမဖြစ်စေချင်ဘူး၊သူလွတ်လွတ်လပ်လပ် ပြောနိုင်အောင် သူရင်ဖွင့်စရာရှိအောင် ငါက လမ်းဖွင့်ပေးတာပါဟယ်"
"အေး...အေး သူတော်ကောင်းမကြီး အဲ့လိုသွားပြောတော့ အခုလိုအပြောခံရလာပြီမလား၊ နောက်တစ်ခါဆို သွားမပြောနဲ့ သိလား ငါ့သူငယ်ချင်းကို အနိုင်ကျင့်တာ မကြည့်ရက်ဘူး"
"အေးပါ အေးပါ လာပါဟယ် ထမင်းစားကြမယ်" လို့ နွယ်မှ ဖြူစင်ကို စကားစဖျက်လိုက်သည်။
ဖြူစင် နွယ်ကို လေပြေဘေးနား  စကားသွားပြောရန် တားမြစ်သည့်နေ့မှ စ၍ စကားမပြောဖြစ်တော့ပေ။
ထိုကဲ့သို့ စကားမပြောဖြစ်တာ တစ်လတိတိပြည့်သောနေ့တွင်.....
"နွယ်ရေ ဒီလစာကို ဆောက်လုပ်ရေးဆိုဒ်ထဲက အလုပ်သမားတွေ တစ်ယောက်ချင်းစီလက်ထဲ ထည့်ပေးပါ။သူတို့ ဒီနေ့ လာမယူဖြစ်ဘူး ကြားမိလို့ အလုပ်တွေ များနေတယ်တဲ့ အစ်မတို့ နှစ်ယောက်လဲ တခြားဆိုဒ်တွေထဲ လိုက်ပေးရမှာ၊ဒီနေ့မှပဲ HR ဝန်ထမ်းတွေကလဲ စက်ရုံအလုပ်သမားတွေ ဆန္ဒပြလို့တဲ့၊ အကုန်လုံးလိုက်သွားကြရတယ်၊ဒီနေ့မှ လစာမပေးရင်လဲ ရုံးပိတ်ရက် ၄ရက်ဆက်တိုက်ပိတ်ပြီး ဝန်ထမ်းတွေ သုံးစရာမရှိမှာစိုးလို့လေ ကူညီပေးပါဦးနော် ညီမလေး"
"ဟုတ်ကဲ့ပါ အစ်မ" ဟု နွယ်နှင့်စီနီယာအစ်မတို့ စကားပြောနေခြင်းဖြစ်သည်။
နွယ်တို့ ကုမ္ပဏီသည် တနင်္လာနေ့မှ သောကြာနေ့အထိ ရုံးချိန် ၉နာရီမှ ၅နာရီ၊စနေနေ့ဆိုလျှင် နေ့တစ်ပိုင်း  မနက် ၉နာရီမှ ၁၂နာရီထိသာ ရုံးတက်ရသည်။နွယ်သည် အပန်စဉ် စနေနေ့ နေ့တစ်ပိုင်းသာဖြစ်၍ ထမင်းချိုင့် မထည့်သော်လဲ ် အမေမှ စနေနေ့ကိုမေ့၍ ထမင်းချိုင့်ထည့်ပေးထားသဖြင့် ယူလာခဲ့ရသည်။
"အစ်မ ညီမ မနက် ၁၀နာရီကတည်းက ဆောက်လုပ်ရေးဆိုဒ်ကို သွားလိုက်မယ်နော်။လစာပေးနေရင်းနဲ့ ၁၂ ထိုးသွားရင် အိမ်တန်းပြန်လိုက်တော့မယ်နော်"
"အေးအေး ညီမလေး ဂရုစိုက်သွားနော်၊အစ်မတို့လဲ အလုပ်ဆိုဒ်ကနေပဲ တန်းပြန်မှာ"
နွယ်တစ်ယောက် လောလောလောလော နှင့် လစာအိတ်ကြီးယူကာ ဆောက်လုပ်ရေးဆိုဒ်သို့ သွားရန် ရုံးကားပေါ် တက်လိုက်သည်။ဆောက်လုပ်ရေးဆိုဒ်သို့ အရောက် ဝန်ထမ်းများကို လစာပေးပြီး နာရီကြည့်လိုက်တော့ ၁၂ ကွက်တိ၊ အိုကေ အိမ်ပဲတန်းပြန်တော့မယ်လို့ စဉ်းစားမိလိုက်တော့မှ  အေးကောင်းရော ငါပြန်မလာတော့ဘူးပြောပြီး ထမင်းချိုင့်အိတ် ကျန်ခဲ့ပြီ ထမင်းချိုင့်အိတ် ပြန်ယူဦးမှ ဒါပေမယ့် အကောင်းဘက်က စဉ်းစားရင် ရုံးဖယ်ရီလေးတော့ မီလောက်ပါရဲ့ဆိုပြီး ရုံးကားဖြင့် အပြေးတစ်ပိုင်းပြန်ခဲ့သည်။
ရုံးကားမှာ ၁နာရီမှ ထွက်ခြင်းဖြစ်ရာ နွယ် ရုံးသို့အရောက် ၁၂နာရီ ၄၅မိနစ် ဖြစ်နေပြီ။မြန်မြန်လုပ်မှ ဆိုပြီး ဓာတ်လှေကားစီးပြီး သူတို့ ဌာနအဝင်တံခါးသို့ အရောက် နွယ်တစ်ယောက် အံ့သြသွားသည်။ငွေစာရင်းဌာနတစ်ခုလုံး မီးများ ထိန်ထိန်လင်းနေ၍ ဖြစ်သည်။သူတို့ ကုမ္ပဏီ၏ စနစ်မှာ ဌာနတစ်ခုကိုဝင်လျှင် ထိုဌာနနှင့် ဆိုင်သော ကဒ်ရှိမှ ဝင်၍ရသည်။ထို့အပြင် အထဲထဲမှာ လူတစ်ယောက်ယောက်ရှိနေမှ မီးများ အဲကွန်းများလင်းသည်။လူတစ်ယောက်မှ မရှိလျှင် ငါးမိနစ်အကြာ မီးအဲကွန်းအားလုံး ပိတ်သွားသည်။လူရှိနေလျှင် ငါးမိနစ်အကြား မီးများ အဲကွန်းများ အကုန်လင်းလာသည်။
မီးအားကို IT စနစ်ဖြင့် ချွေတာထားခြင်းဖြစ်သည်။
နွယ်လဲ အပြင်ကနေကြည့်တော့ လူတစ်ယောက်မှ မရှိသဖြင့် အံ့သြသွားသည်။နည်းနည်းလဲ လန့်သွားသည်။
အစ်မတို့က ဆိုဒ်ကနေ အိမ်တန်းပြန်မှာလို့ပြောလို့ အခုကြည့်တော့ ဘယ်သူမှမရှိတော့ သူခိုးများလား လို့ စဉ်းစားရင် ကဒ်ပြကာ တံခါးဖွင့်ဝင်လာရင်း သူ့စတီးထမင်းချိုင့်ကို လှမ်းယူလိုက်သည်။စတီးထမင်းချိုင့်ကို မာန်ပါပါ အားနှင့် ကိုင်ထားရင်း သူ့နောက်ခုံ စီနီယာ အစ်မတို့ခုံကြားထဲ လူများရှိ/မရှိ ကြည့်လိုက်သည်။ဘာမှ မရှိပေ။ရှိလျှင် သူခိုးဟုအော်ကာ စတီးထမင်းချိုင့်ဖြင့် ကောက်ထုရန် ဖြစ်သည်။ထို့နောက်အစ်မတို့ ခုံနောက်ဘက် ခုံများစီတန်း၍printer များချထားသောနေရာသို့ သွားလိုက်သည်။အဲ့နေရာတွင် နေရာအနည်းငယ်လွတ်၍် သူခိုးပုန်းအောင်းနိုင်သောကြောင့်ဖြစ်သည်။ထိုနေရာသို့ စတီးထမင်းချိုင့်ကြီးမာန်ပါပါဖြင့် ကိုင်ကာ အဲ့နေရာသို့ ကြည့်လိုက်သည်။တွေ့လိုက်ရသောမြင်ကွင်းကြောင့် ထူးဆန်းသွားသည် ကြက်သေသေသွားသည် အံ့အားသင့်သွားသည် စိုးရိမ်ထိတ်လန့်သွားသည်။ထို မြင်ကွင်းသည်ကား......................
နောက်တစ်ပိုင်းဆက်ရန် - အပိုင်း(၄) မျှော်
ရေးသားသူ - ဖြိုးဦးနွေ
10.10.2020(Sat) 11:55PM
အရှေ့အပိုင်းတွေကို ဖတ်ချင်သူများအတွက် Wattpad Link လေးချပေးထားပါတယ်။Wattpad ထဲကနေလဲ ဝင်ဖတ်ပြီး အားပေးကြပါ၊Vote လေးလဲ ပေးပေးကြပါ။Like တစ်ချက်၊Comment တစ်ကြောင်း၊Vote တစ်ခုကလဲ စာရေးသူအတွက် အားတွေအများကြီး ဖြစ်စေလို့ပါရှင့်။စာဖတ်ပေးတာ  ကျေးဇူးတင်ပါတယ်ရှင့်။ လိုအပ်တာတွေရှိလဲ ပြောပြပေးပါနော်
=========================================
လေပြေ  ( Zawgi )
အခန်း (၃) - သူမ၏ အကြောင်း တစ်စေ့တစ်စောင်း
လေပြေ တစ်ယောက် ဒီနေ့ပင် ရုံးစတက်သည်။ ရုံးစစတက်ချင်း အစည်းအဝေးတွင် ကိုယ့်ကိုယ်ကို မိတ်ဆက်တော့ သူ့ကို ငမ်းငမ်းတက် လိုချင်မတတ်ဖြစ်နေသော မျက်လုံးများ၊မိန်းကလေးများ၏ မနာလို မျက်၀န်းများကို ရင်ဆိုင်ရသည်။သူသည် ဒီအလုပ်ကို မဖြစ်သာ၍သာ လုပ်ရသည်။ဒီအလုပ်တွင်သာ မလုပ်ချင်သည် မဟုတ် မည်သည့်အလုပ်ကိုမှ မလုပ်ချင်ပေ။အလုပ်မလုပ်ချင်လို၍ ပျင်း၍ မဟုတ်ပေ။လူများနှင့် ဆက်ဆံစကားပြောရမှာကို မုန်းတီးရွံရှာလှသောကြောင့် ဖြစ်သည်။လူများနှင့် စကားမပြောချင် မဆက်ဆံချင်လှပေ။ဒီကြားထဲ အတင်းလာမိတ်ဆက်၍ ရောနေသော အစ်မကြီးတစ်ယောက်နှင့် ရင်ဆိုင်ရသေးသည်။အဲ့တာကြောင့် ရောလျှင် ကန်းတတ်မည်စိုး၍ လေပြေတစ်ယောက် စကားကို အပြတ်နိုင်ဆုံးပြောကာ ခပ်တည်တည် ခပ်တန်းတန်းပင် နေလိုက်သည်။ထိုအစ်မကြီးနာမည်ပင် မမှတ်မိတော့။အဲ့ဒါမှ ကိစ္စပြတ်မည် ထင်ရသည်။မုန်းရင်လဲ မုန်းပစေ၊သို့သော် ကိစ္စများကား လေပြေပြောသလောက် မပြတ်လှပေ။
နေသာ၍ မိုးတိမ်ကင်းစင်နေသော နေ့တစ်နေ့
"မင်္ဂလာပါ"  ဟု   နွယ်မှ ငွေစာရင်းဌာနတစ်ခုလုံးကို နှုတ်ဆက်လိုက်သည်။ငွေစာရင်းဌာနမှ စီနီယာအစ်မနှစ်ယောက်မှ "အေးကွယ် မင်္ဂလာပါ" ဟု နွယ်ကို ပြန်ပြောလိုက်သော်လဲ လေပြေမှ အကြောင်းပြန်သံမကြားရပေ။နွယ်လဲ နွယ်နှုတ်ဆက်လျှင် သူများပြန်နှုတ်ဆက်မှ ကျေနပ်သူ မို့လို့ "ညီမလေးလေပြေ အစ်မ မင်္ဂလာပါလို့ နှုတ်ဆက်သံကြားလား။ကြားရင် ပြန်နှုတ်ဆက်တတ်ရမယ်လေ"
လေပြေမှ" အော် ဟုတ်လားအစ်မ ညီမ မကြားလိုက်လို့ ကြားလိုက်လဲ ပြန်မနှုတ်ဆက်ချင်ဘူး အလုပ်ကိုအလုပ်နဲ့တူတူတန်တန်ပဲ လုပ်ချင်တယ် အပိုဆားဒါးအလုပ်တွေ မလုပ်ချင်ဘူး" ဟု ပြန်ပြောလိုက်လေသည်။
နွယ်လဲ "အစ်မကတော့ ညီမလေးမနှုတ်ဆက်ချင်လဲ နေ အစ်မကတော့ အကုန်လုံးကို နှုတ်ဆက်မှာပဲ" ဟု လေသံအေးအေးလေးနဲ့ ပြောလိုက်သည်။   
"နွယ် နင် ဟိုမိန်းမကို အာလပသလပ သွားပြောပြန်ပြီဆို။ဟိုက နင့်ကို မနှုတ်ဆက်ချင်ဘူးလို့ ပြန်ပြောလိုက်တယ်ဆို"
"အမယ်လေး....သတင်းတွေက မြန်ပါ့၊ဘယ်ကနေ ကြားတာတုန်း"
"နင့်စီနီယာအစ်မတွေ အတင်းတုတ်နေတာကို ကြားခဲ့တာ ၊ နင်က သူ့ကို ဘာလို့ အရောသွား၀င်၀င်နေရတာလဲဟင်"
"ငါ့တုန်းက ငါရောက်ခါစက ငါရင်ဖွင့်စရာဘယ်သူမှ မရှိလို့ စိတ်ဆင်းရဲနေခဲ့ရတာလေ၊အဲ့လိုမျိုး ငါ့ဂျူနီယာတစ်ယောက်ကို အဲ့လိုမဖြစ်စေချင်ဘူး၊သူလွတ်လွတ်လပ်လပ် ပြောနိုင်အောင် သူရင်ဖွင့်စရာရှိအောင် ငါက လမ်းဖွင့်ပေးတာပါဟယ်"
"အေး...အေး သူတော်ကောင်းမကြီး အဲ့လိုသွားပြောတော့ အခုလိုအပြောခံရလာပြီမလား၊ နောက်တစ်ခါဆို သွားမပြောနဲ့ သိလား ငါ့သူငယ်ချင်းကို အနိုင်ကျင့်တာ မကြည့်ရက်ဘူး"
"အေးပါ အေးပါ လာပါဟယ် ထမင်းစားကြမယ်" လို့ နွယ်မှ ဖြူစင်ကို စကားစဖျက်လိုက်သည်။
ဖြူစင် နွယ်ကို လေပြေဘေးနား  စကားသွားပြောရန် တားမြစ်သည့်နေ့မှ စ၍ စကားမပြောဖြစ်တော့ပေ။
ထိုကဲ့သို့ စကားမပြောဖြစ်တာ တစ်လတိတိပြည့်သောနေ့တွင်.....
"နွယ်ရေ ဒီလစာကို ဆောက်လုပ်ရေးဆိုဒ်ထဲက အလုပ်သမားတွေ တစ်ယောက်ချင်းစီလက်ထဲ ထည့်ပေးပါ။သူတို့ ဒီနေ့ လာမယူဖြစ်ဘူး ကြားမိလို့ အလုပ်တွေ များနေတယ်တဲ့ အစ်မတို့ နှစ်ယောက်လဲ တခြားဆိုဒ်တွေထဲ လိုက်ပေးရမှာ၊ဒီနေ့မှပဲ HR ၀န်ထမ်းတွေကလဲ စက်ရုံအလုပ်သမားတွေ ဆန္ဒပြလို့တဲ့၊ အကုန်လုံးလိုက်သွားကြရတယ်၊ဒီနေ့မှ လစာမပေးရင်လဲ ရုံးပိတ်ရက် ၄ရက်ဆက်တိုက်ပိတ်ပြီး ၀န်ထမ်းတွေ သုံးစရာမရှိမှာစိုးလို့လေ ကူညီပေးပါဦးနော် ညီမလေး"
"ဟုတ်ကဲ့ပါ အစ်မ" ဟု နွယ်နှင့်စီနီယာအစ်မတို့ စကားပြောနေခြင်းဖြစ်သည်။
နွယ်တို့ ကုမ္ပဏီသည် တနင်္လာနေ့မှ သောကြာနေ့အထိ ရုံးချိန် ၉နာရီမှ ၅နာရီ၊စနေနေ့ဆိုလျှင် နေ့တစ်ပိုင်း  မနက် ၉နာရီမှ ၁၂နာရီထိသာ ရုံးတက်ရသည်။နွယ်သည် အပန်စဉ် စနေနေ့ နေ့တစ်ပိုင်းသာဖြစ်၍ ထမင်းချိုင့် မထည့်သော်လဲ် အမေမှ စနေနေ့ကိုမေ့၍ ထမင်းချိုင့်ထည့်ပေးထားသဖြင့် ယူလာခဲ့ရသည်။
"အစ်မ ညီမ မနက် ၁၀နာရီကတည်းက ဆောက်လုပ်ရေးဆိုဒ်ကို သွားလိုက်မယ်နော်။လစာပေးနေရင်းနဲ့ ၁၂ ထိုးသွားရင် အိမ်တန်းပြန်လိုက်တော့မယ်နော်"
"အေးအေး ညီမလေး ဂရုစိုက်သွားနော်၊အစ်မတို့လဲ အလုပ်ဆိုဒ်ကနေပဲ တန်းပြန်မှာ"
နွယ်တစ်ယောက် လောလောလောလော နှင့် လစာအိတ်ကြီးယူကာ ဆောက်လုပ်ရေးဆိုဒ်သို့ သွားရန် ရုံးကားပေါ် တက်လိုက်သည်။ဆောက်လုပ်ရေးဆိုဒ်သို့ အရောက် ၀န်ထမ်းများကို လစာပေးပြီး နာရီကြည့်လိုက်တော့ ၁၂ ကွက်တိ၊ အိုကေ အိမ်ပဲတန်းပြန်တော့မယ်လို့ စဉ်းစားမိလိုက်တော့မှ  အေးကောင်းရော ငါပြန်မလာတော့ဘူးပြောပြီး ထမင်းချိုင့်အိတ် ကျန်ခဲ့ပြီ ထမင်းချိုင့်အိတ် ပြန်ယူဦးမှ ဒါပေမယ့် အကောင်းဘက်က စဉ်းစားရင် ရုံးဖယ်ရီလေးတော့ မီလောက်ပါရဲ့ဆိုပြီး ရုံးကားဖြင့် အပြေးတစ်ပိုင်းပြန်ခဲ့သည်။
ရုံးကားမှာ ၁နာရီမှ ထွက်ခြင်းဖြစ်ရာ နွယ် ရုံးသို့အရောက် ၁၂နာရီ ၄၅မိနစ် ဖြစ်နေပြီ။မြန်မြန်လုပ်မှ ဆိုပြီး ဓာတ်လှေကားစီးပြီး သူတို့ ဌာနအ၀င်တံခါးသို့ အရောက် နွယ်တစ်ယောက် အံ့သြသွားသည်။ငွေစာရင်းဌာနတစ်ခုလုံး မီးများ ထိန်ထိန်လင်းနေ၍ ဖြစ်သည်။သူတို့ ကုမ္ပဏီ၏ စနစ်မှာ ဌာနတစ်ခုကို၀င်လျှင် ထိုဌာနနှင့် ဆိုင်သော ကဒ်ရှိမှ ၀င်၍ရသည်။ထို့အပြင် အထဲထဲမှာ လူတစ်ယောက်ယောက်ရှိနေမှ မီးများ အဲကွန်းများလင်းသည်။လူတစ်ယောက်မှ မရှိလျှင် ငါးမိနစ်အကြာ မီးအဲကွန်းအားလုံး ပိတ်သွားသည်။လူရှိနေလျှင် ငါးမိနစ်အကြား မီးများ အဲကွန်းများ အကုန်လင်းလာသည်။
မီးအားကို IT စနစ်ဖြင့် ချွေတာထားခြင်းဖြစ်သည်။
နွယ်လဲ အပြင်ကနေကြည့်တော့ လူတစ်ယောက်မှ မရှိသဖြင့် အံ့သြသွားသည်။နည်းနည်းလဲ လန့်သွားသည်။
အစ်မတို့က ဆိုဒ်ကနေ အိမ်တန်းပြန်မှာလို့ပြောလို့ အခုကြည့်တော့ ဘယ်သူမှမရှိတော့ သူခိုးများလား လို့ စဉ်းစားရင် ကဒ်ပြကာ တံခါးဖွင့်၀င်လာရင်း သူ့စတီးထမင်းချိုင့်ကို လှမ်းယူလိုက်သည်။စတီးထမင်းချိုင့်ကို မာန်ပါပါ အားနှင့် ကိုင်ထားရင်း သူ့နောက်ခုံ စီနီယာ အစ်မတို့ခုံကြားထဲ လူများရှိ/မရှိ ကြည့်လိုက်သည်။ဘာမှ မရှိပေ။ရှိလျှင် သူခိုးဟုအော်ကာ စတီးထမင်းချိုင့်ဖြင့် ကောက်ထုရန် ဖြစ်သည်။ထို့နောက်အစ်မတို့ ခုံနောက်ဘက် ခုံများစီတန်း၍printer များချထားသောနေရာသို့ သွားလိုက်သည်။အဲ့နေရာတွင် နေရာအနည်းငယ်လွတ်၍် သူခိုးပုန်းအောင်းနိုင်သောကြောင့်ဖြစ်သည်။ထိုနေရာသို့ စတီးထမင်းချိုင့်ကြီးမာန်ပါပါဖြင့် ကိုင်ကာ အဲ့နေရာသို့ ကြည့်လိုက်သည်။တွေ့လိုက်ရသောမြင်ကွင်းကြောင့် ထူးဆန်းသွားသည် ကြက်သေသေသွားသည် အံ့အားသင့်သွားသည် စိုးရိမ်ထိတ်လန့်သွားသည်။ထို မြင်ကွင်းသည်ကား......................
နောက်တစ်ပိုင်းဆက်ရန် - အပိုင်း(၄) မျှော်
ရေးသားသူ - ဖြိုးဦးနွေ
10.10.2020(Sat) 11:55PM
အရှေ့အပိုင်းတွေကို ဖတ်ချင်သူများအတွက် Wattpad Link လေးချပေးထားပါတယ်။Wattpad ထဲကနေလဲ ၀င်ဖတ်ပြီး အားပေးကြပါ၊Vote လေးလဲ ပေးပေးကြပါ။Like တစ်ချက်၊Comment တစ်ကြောင်း၊Vote တစ်ခုကလဲ စာရေးသူအတွက် အားတွေအများကြီး ဖြစ်စေလို့ပါရှင့်။စာဖတ်ပေးတာ  ကျေးဇူးတင်ပါတယ်ရှင့်။ လိုအပ်တာတွေရှိလဲ ပြောပြပေးပါနော်

လေပြေ(Oxygen)Opowieści tętniące życiem. Odkryj je teraz