လေပြေ
အခန်း (၇) – ရင်းနှီးစပြုလာပြီ
မနက် ၆နာရီ ထိုးသည်နှင့် နာရီ Alarm လေးမှ 'တီ..တီ. တီ..တီ 'ဟူသော နာရီနှိုးစက်အသံလေးအော်မြည်လာခဲ့သည်။နွယ်လဲ နာရီနှိုးစက်အသံကြားသည်နှင့် ချက်ချင်းထကာ နာရီနှိုးစက်ကို ထပိတ်လိုက်သည်။
ထို့နောက် မီးဖိုချောင်ထဲ ဝင်ကာ နွယ်သည် ပေါင်မုန့်မီးကင်နှင့် နွားနို့ ကို အဆာပြေစားလိုက်သည်။ထို့နောက် လေပြေစားရန် ကြက်သားကြော်လေးနှင့် ဆန်ပြုတ်ကိုပါ အဆင်သင့် ပြင်ဆင်ထားလိုက်သည်။မီးဖိုချောင်အလုပ်ဆိုသည်မှာ ဘာရယ်သာ မဟုတ်၊ထိုကဲ့သို့သော ကိစ္စများကို ပြင်ဆင်သည်မှာ မနက် ၈ နာရီထိုးသွားသည်။ထို့နောက် ရေချိုးခန်းထဲသို့ ဝင်ကာ ရေချိုးလိုက်ပြီး အကျီင်္အသစ်များ လဲထားလိုက်သည်။
ထို့နောက် လေပြေကို နိုးလိုက်သည်
"လေပြေ ထတော့လေ ဆရာဝန် အိမ်ကို မနက် ၉နာရီလောက် လာမယ်လို့ ပြောတယ် ထတော့ ထတော့"
လေပြေလဲ လူးလိမ့်ကာ ထလိုက်ပြီး နွယ့်ကို
"မနေ့ညက အိပ်သွားလိုက်တာ တစ်ချိုးတည်းပဲ အိပ်ရေးကို ဝသွားတယ်"
"ဆေးသောက်ထားတာကြောင့်လဲ ပါတယ် ရော့ ဒီမှာ အဆာပြေသွားအောင် ပေါင်မုန့်မီးကင်လေးစားပြီး နွားနို့လေးသောက်လိုက် လူနာက အားရှိမှ ရောဂါကို တွန်းလှန်နိုင်မှာပေါ့"
"ဒါနဲ့ အစ်မ ညီမ ပြောရဦးမယ် ညီမ နွားနို့ မသောက်တတ်ဘူး ကော်ဖီပဲ သောက်တတ်တာ နွားနို့သောက်ရင် ညီမက အန်တတ်လို့"
"ဟယ် ဆောရီးနော် အစ်မ မသိလို့ ကော်ဖီချက်ချင်း သွားဖျော်ပေးမယ်"
ဟု ဆိုပြီး နွယ်မှ ကော်ဖီတစ်ခွက် ချက်ချင်းဖျော်ပြီး လေပြေဆီသို့ ယူလာခဲ့သည်
လေပြေ ပေါင်မုန့်မီးကင်စားပြီး ကော်ဖီပူပူလေးသောက်နေစဉ်
"ဖြည်းဖြည်း မှုတ်သောက်နော် လျှာကျက်သွားဦးမယ် ကော်ဖီကို အရမ်းအခါးကြီး မဖျော်ပေးခဲ့ဘူး နေမကောင်းခါစဆိုတော့ နည်းနည်းတော့ ချိုလိမ့်မယ်"
"ဟုတ် အစ်မ ဒီအရသာလဲ အဆင်ပြေပါတယ် ညီမလဲ ကြိုက်တယ်"
လေပြေ ထိုကဲ့သို့ ကော်ဖီ သောက်နေစဉ် နွယ်မှ အပြုံးလေးနှင့် လေပြေ့ကို စိုက်ကြည့်နေလေရာ လေပြေ ရင်တွေထဲ ဗြောင်းဆန်သွားပြီး ကော်ဖီသီးသွားလေသည်
"အဟွတ်....အဟွတ်
"ဟယ် လေပြေ ကော်ဖီသီးသွားပြီး ဖြည်းဖြည်း "ဆိုပြီး နွယ်မှ လေပြေ့ရင်ဘတ်လေးနှင့် ကျောလေးကိုပါ ဖိပေးနေလေသည်။ပြီးတော့ နွယ် ရေခွက် တစ်ခွက် ယူလာပြီး
"ရော့ နွယ် ဖြည်းဖြည်း သောက်နော် ထပ်သီးသွားဦးမယ် ဒါနဲ့ မေးဦးမယ် ဘာလို့ သီးသွားရတာလဲဟင်"
"လူကို သီးအောင် ပြုံးပြီးလာစိုက်ကြည့်နေတာကို"
"အော် ဆောရီးပါ ဆောရီးပါ မနက်ခင်း လေပြေနိုးလာတုန်းက မျက်နှာမသစ်ဘဲနဲ့တောင် မိန်းကလေးချင်းကတောင် အားကျရတဲ့ အလှမျိုးရှိတာကြောင့်ရယ် "
"နောက်ပြီး ထူးထူးဆန်းဆန်း မင်းက ငါ့ကို အစ်မ အစ်မ လို့ ခေါ်တယ်လေ အရင်တုန်းက တခါမှ မခေါ်ဘူးပါဘူး ဘာလို့ ခေါ်ရလဲလို့ စဉ်းစားပြီး ပြုံးမိသွားတာပါ"
"ဒါနဲ့ ပြောပါဦး ကျွန်မကို ဘာလို့ အစ်မ အစ်မ လို့ ပြောင်းပြီး ခေါ်လာရတာလဲ ဆိုတာကိုလေ"
လေပြေတစ်ယောက် နွယ်၏ အမေးမှာ ဘာပြောရမှန်း မသိအောင် အကြပ်ရိုက်နေတုန်း
နွယ်ထံသို့ ဖုန်းတစ်ကော ဝင်လာသည်။
"ဟယ်လို ဟုတ်ကဲ့ အန်တီရတနာလား တိုက်ခန်းအောက်မှာ ရောက်နေပြီ ဟုတ် ဟုတ် လာခေါ်မယ် အန်တီ ခဏလေး စောင့်ပေးပါနော်"
"လေပြေရေ ဆရာဝန်ရောက်နေလို့ သွားကြိုလိုက်ဦးမယ် မျက်နှာလေးသစ် ခေါင်းလေးဖြီးထားလိုက်ဦးနော်"
နွယ်တစ်ယောက် ဆရာဝန်သွားကြိုနေတုန်း လေပြေတစ်ယောက် မျက်နှာသစ်၍ ခေါင်းအဆင်သင့်ဖြီးထားလိုက်သည်။
အန်တီ ရတနာ တစ်ယောက် လေပြေကို အဖျားတိုင်း သွေးပေါင်ချိန်တွေ ချိန်ပေးပြီး
"အင်း အဖျားတော့ ကျသွားပြီ အားရှိအောင် ထမင်းကျွေးလို့ ရပြီ ရေချိုးလို့လဲ ရပြီ ဆေး ၃ရက်စာ ပေးခဲ့မယ် ကုန်အောင် သောက်နော် ဆေးပတ်လည်အောင် သောက်မှ ထပ်မဖျားတော့မှာ"
လို့ ပြောပြီး အန်တီရတနာ တစ်ယောက် ပြန်သွားလေသည်။
"လေပြေရေ ၉နာရီခွဲတော့မယ် ထမင်းစားရတော့မယ် မီးဖိုချောင်ကို လာခဲ့တော့လေ" ဟု နွယ်မှ အော်ခေါ်လိုက်သဖြင့် လေပြေတစ်ယောက် အိပ်ရာမှ ထကာ မီးဖိုချောင်သို့ သွားရလေသည်
"အစ်မက အိပ်ရာထဲကို လာမပို့တာက မနေ့က တစ်နေ့လုံးလဲ အိပ်ရာထဲမှာ လဲနေတော့ အိပ်ရာထဲမှာအိပ် အိပ်ရာထဲမှာပဲ စားဆိုတော့ မလန်းမဆန်းဖြစ်မှာ စိုးလို့လေ မီးဖိုချောင်မှာစားရတော့ ခံစားချက် တစ်မျိုးလေး ဖြစ်သွားတာပေါ့"
"အစ်မ ဘာဟင်းချက်လဲဟင်"
"ကြက်သားကြော်နဲ့ ထမင်းပူပူလေး ချက်ထားတယ် စားကြည့်ကြည့်"
လေပြေလဲ မစားချင် စားချင်ဖြင့် စားလိုက်ရာ ကြက်သားကြော်မှာ အရသာ ကောင်းလွန်းလှသည်
"အစ်မ ဘယ်လို ချက်လိုက်တာလဲဟင်
"အစ်မအမေလက်ရာအတိုင်း ကြက်သားလေးကို ဆား ဆနွန်း အချိုမှုန့် သကြားနဲ့ မိနစ်သုံးဆယ်လောက်နှပ်
နောက်ပြီး နှပ်ထားတဲ့ ကြက်သားကို ရေပါတယ်ဆိုရုံလေး ထည့်ပြီးတော့ ပြုတ်ထား ပြီးရင် ကြော်လိုက်တော့
ဒီလို အရသာရှိတဲ့ ကြက်သားကြော်လေး ရတာပေါ့"
လေပြေလဲ နွယ်၏ကြက်သားကြော်ကို အားရပါးရ ထမင်းပူပူဖြင့် တွယ်ထည့်လိုက်ရာ ထမင်းနှစ်ပန်းကန်ခန့် ကုန်သွားသည်။လေပြေလဲ ထမင်း နှစ်ပန်းကန် ကုန်ပြီးမှပဲ
"အမယ်လေး လုပ်ကြပါဦး ထမင်းနှစ်ပန်းကန်စားလိုက်တာ ဝလာတော့မှာပဲ ဝိတ်ချရမယ်"
"အခုအချိန်တော့ မချနဲ့ဦး အခုမှ နေကောင်းခါစပဲ ရှိသေးတာ ဆရာဝန်လဲ ပြောသွားသေးတယ်လေ အားရှိအောင်စားရမယ်လို့လေ ရော့ ဒီမှာ ဆေးသောက်လိုက်ဦး"
လေပြေလဲ နွယ်ပေးသော ဆေးကို ယူပြီး တစ်ခါတည်းနဲ့ သောက်ချလိုက်လေသည်
"လေပြေက ဆေးမကြောက်တတ်ဘူးနော် "
"အစ်မရယ် လေပြေက ဆေးကြောက်တတ်ရင်ကော ချော့တိုက်မယ့်လူမှ မရှိတာ လေပြေမှ မသောက်ရင် လေပြေနေမကောင်းဘဲ နေမှာပေါ့ နေမကောင်းတော့ ဘယ်သူမှ ဂရုစိုက်မယ့်လူမရှိတော့ ကိုယ့်ကိုယ်ကို ဆေးကြောက်လဲ အတင်းဇွတ်ကြိတ်မှိတ် သောက်ရတာပဲပေါ့"
"အင်းအင်း လေပြေ အိပ်ရာထဲမှာ သွားနားနေလိုက်ဦးနော်"
"ဟုတ် ဟုတ် အစ်မ" ဆိုပြီး လေပြေမှ နွယ်ကို ပြန်ဖြေလိုက်ပြီး အိပ်ရာထဲသို့ သွားလေသည်။
လေပြေလဲ နွယ့်ကို အိပ်ရာမှ စာအုပ်ဖတ်ရင်း ခိုးကြည့်နေလေရာ နွယ်မှာ နားသည်ဟူ၍ မရှိ။မီးဖိုချောင်ထဲတွင် ရှုပ်ပွနေသည်များကို ရှင်းလင်း အမှိုက်တောင်းသွန် အိမ်သန့်ရှင်းရေးလုပ် ကြမ်းတိုက် လုပ်လေသည်။
လေပြေလဲ နွယ်ကို "အစ်မရယ် အဲ့ဒါတွေ မလုပ်ပါနဲ့ အိမ်အကူအဒေါ်ကြီးက တစ်ပတ်တစ်ခါလာတယ်လေ လုပ်စရာမလိုပါဘူး သူလုပ်လိမ့်မယ်"
"အစ်မက လုပ်စရာအလုပ်မရှိရင် မနေတတ်လို့ပါ "ဆိုပြီး နွယ်မှဇွတ်အတင်းပြောကာ လေပြေ၏ အဝတ်အစားတွေကိုပါ အတင်းလျှော်သွားလေသည်။
အချိန်လဲ တဖြည်းဖြည်းကုန်ဆုံးလာခဲ့ရာ ညနေ ၅နာရီထိုးလာခဲ့သည်
နွယ်မှ လေပြေကို "လေပြေရေ အစ်မ ပြန်တော့မယ်နော် သေချာလေး ဂရုစိုက်နော် မနက်ဖြန်ကျရင် အစ်မ လာရဦးမှာလားဟင်"
လေပြေမှ လာစေချင်သော်လဲ
"ရပါတယ်အစ်မ မလာပါနဲ့တော့ မနက်ဖြန်ကျရင် အိမ်အကူအဒေါ်ကြီးလာလိမ့်မယ်လို့ ပြောတယ်"
"အင်းအင်း ဒါဆို အစ်မ မလာတော့ဘူးနော် အစ်မတို့အိမ်မှာ မနက်ဖြန်ကျရင် အစ်မတို့ အမျိုးတွေလာမှာ မလို့
သွားပြီနော် လေပြေ ဒါနဲ့ လေပြေ အစ်မမေးတဲ့ မေးခွန်း မဖြေရသေးဘူးနော် ဘာလို့ အစ်မလို့ ခေါ်တာလဲဆိုတာကိုလေ အစ်မဘာသာပဲ နားလည်လိုက်တော့မယ် မေတ္တာဆိုတာ အလျားအနံ မရှိဘူး အသွားအပြန်တော့ရှိတယ်ဆိုတာကိုလေ အစ်မ ဒီနေ့ အဲ့ဒါကိုတော့ ယုံသွားပြီ "ဟု
လေပြေကို ပြုံးပြရင်း ပြန်သွားလေသည်။
လေပြေတစ်ယောက် နွယ်ပြုံးပြသော အပြုံးလေးတစ်ခုကြောင့် အိပ်ရာထဲမှာ ရင်တွေဗလောင်ဆူပြီး ကျန်ခဲ့လေသည်။
နောက်တစ်ပိုင်းဆက်ရန် - အပိုင်း(၈) မျှော်
ရေးသားသူ - ဖြိုးဦးနွေ
18.10.2020(Sun) 3:38 PM
အရှေ့အပိုင်းတွေကို ဖတ်ချင်သူများအတွက် Wattpad Link လေးချပေးထားပါတယ်။Wattpad ထဲကနေလဲ ဝင်ဖတ်ပြီး အားပေးကြပါ၊Vote လေးလဲ ပေးပေးကြပါ။Like တစ်ချက်၊Comment တစ်ကြောင်း၊Vote တစ်ခုကလဲ စာရေးသူအတွက် အားတွေအများကြီး ဖြစ်စေလို့ပါရှင့်။စာဖတ်ပေးတာ ကျေးဇူးတင်ပါတယ်ရှင့်။ လိုအပ်တာတွေရှိလဲ ပြောပြပေးပါနော်
https://my.w.tt/XmmDCVhfGab
==========================================

YOU ARE READING
လေပြေ(Oxygen)
Teen Fictionရိုးရိုးအေးအေး နေတတ်ပြီး လူတိုင်းကို စိတ်အရင်းခံဖြင့်ပေါင်းသင်းတတ်၍ သည်းခံတတ်သောနွယ်နှင့် မည်သူကိုမှ မယုံ သံသယမျက်လုံးဖြင့် ကြည့်တတ်သော လေပြေ #lesbian #gl #18+++++