လေပြေ (Unicode)
အခန်း (၁၄) – မနာလိုဖြစ်ပြီ
မြစ်ကြီးနားခရီးစဉ်မှ ပြန်ရောက်ပြီးကတည်းက လေပြေနှင့် နွယ်တို့ အရင်ကလိုပဲ ခင်ခင်မင်မင် ရင်းရင်းနှီးနှီးပြန်ဖြစ်လာကြသည်။နေ့လည်ခင်းထမင်းစားချိန်များတွင် လေပြေလဲ နွယ်နှင့်အတူ ထမင်းလိုက်စားတတ်လာသည်။လေပြေစားရန် ထမင်းဘူးကိုမူ နွယ်မှ အိမ်ကနေ တစ်ခါတည်း နှစ်ယောက်စာ ထည့်လာခြင်းဖြစ်သည်။
နွယ်တစ်ယောက် ညခင်း၉နာရီခန့် ပျင်းပျင်းနှင့် Facebook ထိုင်သုံးနေတုန်း Messenger မှ Message ဝင်သံ တောင်ခနဲ အသံကြားလိုက်ရသည်။ဖွင့်ကြည့်လိုက်တော့ ဖြူစင့်ဆီမှ ဖြစ်နေသည်။သူတို့ သူငယ်ချင်း နှစ်ယောက်ပြောနေကြသော စကား Conversation မှာ....
ဖြူစင် - မိန်းမ ငါ့ကိုတောင် မခေါ်ဘူးနော် တော်တော်နေနိုင်နေ
နွယ် - မဟုတ်ရပါဘူး ငါတစ်ယောက်တည်းတောင် ငါ အလုပ်က ပင်ပန်းပြီးပြန်လာတော့ မောနေပြီး အခုမှ Facebook ထိုင်သုံးတာလေ
ဖြူစင် - ဘယ်သူနဲ့ ကြူနေလဲ မိန်းမ
နွယ် - ဘယ်သူနဲ့မှ စကားမပြောနိုင်ဘူး မောလို့ Facebook ပဲ ထိုင်ပွတ်နေတာ
ဖြူစင် - နင်အခု ငါတို့ မရှိတော့ ဘယ်သူနဲ့ နေ့လည်စာ တူတူစားလဲ တစ်ယောက်တည်းပဲ စားတာလား
နွယ် - တစ်ယောက်တည်းတော့ မဟုတ်ဘူး လေပြေနဲ့ တူတူစားတာ ဖြူစင် - ဟဲ့ ဒါနဲ့ ငါပြောရဦးမယ်နော် နင်လေပြေနဲ့ တတွဲတွဲနော် လေပြေကလဲ ကျန်တဲ့လူတွေဆို ချေမိုး အဖက်ကို မလုပ် နင့်နဲ့မှပဲ စကားပြောတာ ရိုးရောရိုးကြသေးရဲ့လား နင်တို့နှစ်ယောက်
နွယ် - မိန်းကလေးနှစ်ယောက် ထမင်းတူတူထိုင်စားတာ ဘာထူးဆန်းလို့လဲ ငါကနင်တို့နဲ့အတူတူ စားချင်တာ နင်တို့က အခုက နယ်မှာ တာဝန်ကျနေတာကိုး ဒါနဲ့ နင်ငါ့ကို စကားလာပြောတာ ဒီကိစ္စနဲ့ ကြောင့်တော့ မဟုတ်ဘူးထင်တယ်
ဖြူစင် - အေးအေး ငါ့ဦးနှောက်ကလဲ မေ့တတ်တယ် ငါနင့်ကို ပြောဦးမယ် ငါ့ကို HR Manager ကပြောတယ် နင်တို့ ငွေစာရင်းဌာနကို ဝန်ထမ်းအသစ်တစ်ယောက် ထပ်ရောက်လာလိမ့်မယ် အလုပ်သင်ပေါ့ အသက်က 18နှစ်ပဲ ရှိသေးတယ် အဝေးသင်ကတဲ့ ကျောင်းက ၁၀ရက်ပဲ တက်ရတာ ဆိုတော့ အားတဲ့အချိန် အလုပ်လုပ်ချင်လို့တဲ့
နွယ် - အရင်က ဘွဲ့ရမှ ခေါ်တာ မလား ဘာရာထူးမဆို
ဖြူစင် - အေး ဒါပေမယ့် သူက ရုံးမှ အကပ်ရှိတဲ့ ပုံပဲ ကောင်မလေးက အလုပ်ကြိုးစားမယ့်ပုံ ခေါ်လိုက်ပါဆိုလို့လေ
နွယ် - အင်းပါ ဘာပဲဖြစ်ဖြစ် ငါတို့ ငွေစာရင်းဌာနကို လူအသစ်တစ်ယောက်ထပ်ရောက်လာတော့ ငါလဲ ဝန်ပေ့ါတာပေါ့
ဖြူစင် - ငါလဲ ဒီသတင်း အကြောင်းကြားချင်းချင်း နင့်ကို လာပြောပြတာ နင်ဝမ်းသာအောင်လို့
နွယ် - ကျေးဇူးပါ သူငယ်ချင်း ငါ့ကို သတိရတာ နင်တစ်ယောက်ပဲ ရှိတယ် ချစ်လိုက်တာ အာပွား မွမွ
ဖြူစင် - ကောင်မ နင်ငါ့ကို ချိန်နေတာလား ငါ့မှာ ရည်းစားရှိတယ်နော် မီးမီးကြောက်ကြောက်
နွယ် - မသာမ စကားကောင်းကောင်းကို ပြောလို့မရဘူး ဒါနဲ့ နင် ရန်ကုန်လာရင် ငါ့ကို ဖုန်းဆက်လိုက်ပါဟယ် ရန်ကုန်မြို့အနှံ့ ငါတို့နှစ်ယောက် အရင်ကလို ပတ်ပြီး စကားတွေပြော ရုပ်ရှင်တွေကြည့် စကားတွေပြောကြရအောင်
ဖြူစင် - အင်း အင်း ငါနင့်နဲ့ စကားမပြောတော့ဘူးနော် ငါ့ဘဲ ငါ့ကို ဖုန်းခေါ်နေလို့
နွယ် - သာယာနိုင်တဲ့လူတွေ သာယာကြပါ
ဖြူစင် - ဟီး
ဆိုပြီး သွားဖြီးပြနေသော emoji ပုံလေးပို့ပြီး လိုင်းပေါ်မှ out သွားလေသည်။
နောက်တစ်နေ့ ရုံးခန်းအစည်းအဝေးတွင် ထုံးစံအတိုင်း တွယ်တာ ဟုခေါ်သော မိန်းကလေးဝန်ထမ်းအသစ်ရောက်ရှိကြောင်း ကြေညာပြီး မိတ်ဆက်ကြလေသည်။ငွေစာရင်းအခန်းတွင်
နွယ် - အစ်မ တွယ်တာ့ကို ဘယ်နေရာထားမှာလဲဟင် ဒီမှာ နေရာကလဲ ပြည့်နေပြီ
စီနီယာအစ်မ - သူဌေးက ပြောတာကတော့ လေပြေ့ကို သူဌေးအခန်းကပ်လျက်ခုံမှာ ထိုင်ခိုင်းလိုက်တဲ့ အစ်မတို့ခုံ နောက်မှာပေါ့ တွယ်တာ့ကိုတော့ လေပြေ့နေရာ နွယ့်ဘေးနားထားလိုက်လေ တွယ်တာလဲ မေးချင်တာ မေးရင် လွတ်လွတ်လပ်လပ်မေးပေါ့
တွယ်တာ - ဟုတ်ကဲ့ပါ ညီမက တွယ်တာပါ ညီမကို ပညာတွေသင်ပေးပါ ဆုံးမစရာရှိရင် အားမနာစတမ်း ဆုံးမပါနော် အစ်မ
တွယ်တာဟူသော မိန်းကလေးမှာ အသက်က ၁၈နှစ် တိုင်းရင်းသားစပ်ဟန်တူသည် အသားအရေ ဖြူဖြူဥဥလေး ဆံပင်ကုတ်ဝဲလေး ခန္ဓာကိုယ်လုံးလုံးပြည့်ပြည့်လေးနှင့် ချစ်ဖို့ကောင်းသော မိန်းကလေးတစ်ယောက်ဖြစ်သည်။
ထို့နောက် လေပြေ့ကို လေပြေ နေရာရွေ့ပေးလိုက်လေ ဟု အစ်မမှ ပြောသဖြင့် လေပြေ သူ့နေရာကို မရွှေ့ပေးချင်သော်လဲ ရွှေ့ပေးလိုက်ရသည်။
လေပြေထိုင်နေသော နေရာမှ နောက်ဆုံးတန်းဖြစ်သဖြင့် ရှေ့တစ်တန်းကျော် နွယ်နှင့် တွယ်တာတို့ လုပ်သမျှ ကိုင်သမျှကို အကုန်မြင်နေရသည်။တွယ်တာ ဆိုသော ကောင်မလေးမှာ မလွယ်လှ နွယ်ဘေးနားတွင် တကပ်ကပ်နေကာ ဘယ်နေရာသွားသွား နွယ့်လက်မောင်းကို ချိတ်ကာ လိုက်သည်။ယုတ်စွအဆုံး နွယ်အိမ်သာသွားလျှင်တောင်မှ လိုက်သည်။ရေသွားဖြည့်လဲ လိုက် အစည်းအဝေးမှတ်တမ်းသွားယူလဲ လိုက်ဖြင့် တစ်လိုက်လိုက်တည်း လိုက်နေတော့သည်။
သို့သော် တွယ်တာ့ကို လူတိုင်းလိုလို ချစ်ကြသည်။ငယ်ရွယ်သော်လဲ လူကြီးအလိုက် ပေါင်းသင်းဆက်ဆံတတ်ခြင်းကြောင့် သူလုပ်သမျှအရာတိုင်းလိုလို ဘယ်သူမှ အပြစ်မမြင်ကြ။
ဒါပေမယ့် လေပြေနဲ့တော့ စည်းဝါးမကိုက်လှ။တွယ်တာကလဲ တွယ်တာပဲ။အရင်က နွယ်နှင့် လေပြေ ထမင်းစားကြတာ နှစ်ယောက်တည်းသီးသန့်ပင် တွယ်တာရောက်လာတော့ တွယ်တာပါ ထမင်းစားဝိုင်းထဲ ဝင်လာသည်။လေပြေမခေါ်ချင်၍ မဟုတ် နွယ်နှင့် လေပြေတို့ ဘေးချင်းကပ်ရက်ထိုင်ရသော်လဲ စကားသိပ်မပြောဖြစ်ကြ။ကိုယ့်အလုပ်နှင့် ကိုယ်လုပ်နေကြသောကြောင့်ဖြစ်သည်။
ထို့ကြောင့် နေ့လည်စာထမင်းစားချိန်ကျမှ နွယ်နှင့် လေပြေတို့ နှစ်ကိုယ်ကြားစကားများကို ပြောကြသည်။ထိုထမင်းစားဝိုင်းတွင် အဓိကစကားပြောသူက လေပြေ ၊ သူ့ငယ်ဘဝအကြောင်း ကိုးရီးယားတွင် တစ်ယောက်တည်းကျောင်းသွားတက်စဉ်က တွေ့ကြုံခဲ့ရသည့်အကြောင်း အလုပ်ခွင် အဆင်မပြေသည့်အကြောင်း တို့ဖြစ်သည်။လေပြေသည် တခြားလူနဲ့ တွေ့လျှင် တေမိမင်းအလား စကားမပြောသော်လဲ နွယ်နှင့် တွေ့လျှင်မူ ကလေးလေးတစ်ယောက်ဖြစ်သွားကာ စကားများကို တတွတ်တွတ်ဖြင့် နွယ့်ဘေးနားတွင် ထမင်းစားချိန်တစ်နာရီတွင် ထမင်းစားရင်း စကားပြောသည်။လေပြေပြောသမျှ စကားများကိုလဲ နွယ်မှ ပြုံးပြုံးလေးနှင့် စိတ်ဝင်တစား နားထောင်ပေး အင်းလိုက်ပေးသည်။ဤကဲ့သို့ စကားဖွင့်ပြောလို့ရမည့် လူတစ်ယောက် လေပြေ့ဘဝမှာရှိတာ တစ်လမပြည့်သေးခင်မှာပဲ တွယ်တာဟူသော မိန်းမ ပေါ်လာသည်။
ပုံမှန် နွယ့်ဘေးနား ကပ်လျက် လေပြေထိုင်နေကျနေရာတွင် တွယ်တာ ထိုင်နေသည်။သူပဲ စကားတွတ်ထိုးသည်။ထိုသို့ ကိစ္စများကို နွယ်ကို ပြောနေရလျှင် နွယ်မှ လေပြေ့ကို ကလေးဆန်သည်လို့ ပြောမည်ဆိုး၍ မပြော ခုတော့ ပိုဆိုးလာသည်။ထမင်းစားနေရင်း နွယ့်ကို ချစ်လိုက်တာ ချစ်လိုက်တာ ဟူ၍ တွယ်တာမှလှမ်းဖက်လိုက် နွယ့်ဆံပင်လေးများကို ပွတ်သက်ကိုင်တွယ်လိုက် လေပြေ့ရှေ့တွင် တွယ်တာတစ်ယောက် နွယ့်ကို ပြုမူဆက်ဆံချင်တိုင်း ပြုမူဆက်ဆံနေသည်မှာ လေပြေ့တစ်ယောက် ထမင်းစားနေရင်း ဒေါသထွက်လွန်း၍ အသားတွေ တဆတ်ဆတ် တုန်လာသည်။
လေပြေ့မှာမူ နွယ်ကို ချစ်လွန်း၍ ဆုံးရှုံးသွားရမည် စိုးသဖြင့် နွယ်ဖွင့်ပြောတုန်းက မသိချင်ယောင်ဆောင်နေခဲ့သလို နွယ်ကို မထိရက် မကိုင်ရက် မတို့ရက်ဖြင့် အရိပ်တစ်ကြည့်ကြည့် ချစ်လာခဲ့ရသည်။ခုများတော့ ကြည့်ပါဦး နောက်မှ ရောက်လာသည့် တွယ်တာက လေပြေ့အချစ်ဦး လေပြေ့အချစ်ရဆုံး နွယ်ကို လုယူသွားတော့မည်။တွယ်တာ နင်ဆိုတဲ့ မိန်းမက ငါ့အတွက် စေတန် နတ်ဆိုးပဲ၊မာရ်နတ်ပဲ။လေပြေ့စိတ်ထဲ ဒေါသတစ်ဟုန်းဟုန်းထကာ ထမင်းစားခုံကို ဝုန်းခနဲ ထပြီး ထလိုက်သည်။
နွယ်နှင့် တွယ်တာတို့ လန့်သွားကြသည်။
နွယ်မှ လေပြေ ဘာဖြစ်လို့လဲ
ဘာမှ မဖြစ်ဘူး ထမင်းမစားချင်တော့လို့
စားပါဦး လေပြေရဲ့ ထမင်းအများကြီးကျန်သေးတာကို ထမင်းစားချိန်ကို ထမင်းသေချာမစားရင် အစာအိမ်ဖြစ်လိမ့်မယ်
တော်ပြီ မစားတော့ဘူး ဟုဆိုကာ ထမင်းစားစားပွဲမှ ထထွက်လာခဲ့သည်။
လေပြေ့စိတ်ကူးထဲတွင်တော့ ထိုကဲ့သို့ လုပ်လိုက်လျှင် နွယ်တစ်ယောက် ထမင်းစားစားပွဲမှ ဝရုန်းသုန်းကားထလာပြီ သူ့ကို လာချော့မယ်ဟု ထင်လိုက်သည်။နွယ်လဲ အဲ့လိုချော့မလို့ ထနေတုန်း ဘေးနားမှ ကောင်မစုတ် တွယ်တာက
အစ်မရယ် မခေါ်ပါနဲ့တော့ သူဝိတ်ချနေလားမှ မသိတာ သူများ မစားချင်တာကို အတင်းကြီးမစားခိုင်းနဲ့ အစ်မနဲ့ တွယ်တာပဲ စားကြတာပေါ့
ဟု ပြောလိုက်သံကို ကြားလိုက်ရာ ပိုပြီး ဒေါသအချောင်းချောင်းအမြောင်းမြောင်းထွက်သွားသည်။
ထမင်းစားပွဲတွင် ပြသာနာဖြစ်ပြီး နောက်နေ့ ဗုဒ္ဓဟူးနေ့ - နွယ်လဲ လေပြေကို စကားလာပြောရန်ကြိုးစားသော်လဲ လေပြေမှ လက်မခံ စိတ်ကောက်နေလေသည်။တွယ်တာဆိုတဲ့ ဟိုမိန်းမကတော့ သူ့အကုသိုလ်နှင့်သူ ချောင်းတွေတဟွတ်ဟွတ်ဆိုးကာ နေမကောင်းဖြစ်နေသည့်ပုံပေါ်သည်။ကောင်းတယ် တစ်ခါတည်းသေသွားလိုက် ပြီးရောဟု လေပြေ့စိတ်ထဲမှ တွေးမိနေသည်။
လေပြေဆုတောင်းသည့်အတိုင်းပင် တွယ်တာမှာ ချောင်းဆိုးပြီး ကိုယ်အပူကြီးလာရာ တွယ်တာ နေ့တစ်ဝက်ခွင့်ယူပြီး အိမ်ပြန်ရန်ပြင်သည်။ဒါပေမယ့် စီနီယာအစ်မများမှာ ပြန်ရန် လက်မခံပေ။တစ်ယောက်တည်းပြန်လျှင် မေ့လဲသွားမှာစိုး၍ဖြစ်သည်။
ထို့ကြောင့် နွယ်လဲ နေမကောင်းသောတွယ်တာကို အိမ်သို့ လိုက်ပို့ရန် ပြင်ဆင်သည်။စီနီယာအစ်မများမှာလဲ သဘောတူသည်။တစ်ယောက်တည်း စိတ်ထဲမှ သဘောမတူသူက လေပြေ ၊ လေပြေစိတ်ထဲမှာ စိတ်ပူခြင်းများ တစ်ဟုန်တိုး တိုးလာသည်။နေမကောင်းသော တွယ်တာကို အိမ်သို့လိုက်ပို့၊အိမ်တွင် စောင့်ရှောက်မယ့် လူကြီးတစ်ယောက်မှ မရှိ၊နွယ်မှ ဂရုစိုက်၊တွယ်တာမှ သံယောဇဉ်ဖြစ်မိသွား၊နှစ်ဦးသား သဘောတူချစ်သွားကြ။ထိုအထဲတွင် တစ်ယောက်တည်း ကျန်နေမယ့်လူက လေပြေ ။လေပြေတွေးနေရင်း တွေးနေရင်း ရူးချင်လာသည်။လေပြေ နွယ့်အပေါ် အကွက်တစ်ကွက် ထုတ်သုံးလိုက်သည်။
တွယ်တာ့ကို အိမ်ပြန်ပို့ရန် ပြင်ဆင်နေသော နွယ်တစ်ယောက် ဖုန်းMessage ရောက်လာ၍ ဖွင့်ဖတ်လိုက်သည်။
အစ်မ သူ့ကိုအိမ်ပြန်လိုက်ပို့ဖို့ လုပ်ရင် ညီမနဲ့ ရုံးမှာ တစ်သက်လုံး မတွေ့ရတော့ဘူး အစ်မနဲ့ ညီမ ရန်သူတွေ ဖြစ်သွားပြီ ဟု ဆိုသောစာသား လေပြေမှ ပို့လိုက်ခြင်းဖြစ်သည်။
နွယ်လဲ ထိုမတ်ဆေချ့်ကို တွေ့တွေ့ချင်း လေပြေကို ကြည့်လိုက်တော့ လေပြေမှ စိန်ခေါ်အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။နွယ်လဲ လေပြေကို မျက်နှာလွှဲလိုက်ပြီး
လေပြေရယ် နေမကောင်းတဲ့သူကို တစ်ယောက်တည်းတော့ ပစ်မထားနိုင်ဘူုး ဟုဆိုကာ တွယ်တာကို အိမ်ပြန်လိုက်ပို့လိုက်သည်။
လေပြေလဲ ဒေါသပိုထွက်သွားသည်။လေပြေလဲ အိမ်ရောက်တော့ ဒေါသဖြစ်ဖြစ်နဲ့ပင် ပစ္စည်းများကို ပေါက်ကွဲ ပန်းကန်များကို ခွဲလိုက်သည်။ထို့နောက် ညအိပ်လိုက်သည်။
ကြာသပတေးနေ့ မနက်ခင်း လေပြေ ရုံးမသွားချင်သော်လဲ သူဌေးမှ စောစောလာရမည် လှမ်းခေါ်ထား၍ မနက် ၈နာရီ ရုံးအရောက် သွားလိုက်သည်။ရုံးခန်းထဲ မဝင်မှီ သန့်စင်ခန်းသို့ ဝင်လိုက်သည်။
သန့်စင်ခန်းမှ အထွက် ရုံးခန်းအလာ အရေးပေါ်လှေကားအခန်းဘေးနားမှ အဖြတ် အင်း အင်း အင်း ဟူသော ညည်းညူသံလေးကို ကြားလိုက်ရသည်။အရေးပေါ်လှေကား အခန်းတံခါးမှာ အတန်ငယ် ပွင့်နေ၍ ထိုပွင့်နေသော နေရာမှ လေပြေချောင်းကြည့်လိုက်ရာ ထိုမြင်ကွင်းကို မြင်၍ အံ့သြသွားသည်။
နောက်တစ်ပိုင်းဆက်ရန် - အပိုင်း(၁၅) မျှော်
ရေးသားသူ - ဖြိုးဦးနွေ
24.11.2020(Tue) 3:36 PM
===========================================
လေပြေ (Zawgyi)

YOU ARE READING
လေပြေ(Oxygen)
Teen Fictionရိုးရိုးအေးအေး နေတတ်ပြီး လူတိုင်းကို စိတ်အရင်းခံဖြင့်ပေါင်းသင်းတတ်၍ သည်းခံတတ်သောနွယ်နှင့် မည်သူကိုမှ မယုံ သံသယမျက်လုံးဖြင့် ကြည့်တတ်သော လေပြေ #lesbian #gl #18+++++