လေပြေ ( Unicode )
အခန်း (၁၀) – သူမတို့ နှစ်ယောက် ပထမဆုံးအနမ်း
လေပြေ့ခါးသေးသေးသွယ်သွယ်လေးကို နွယ်၏လက်များဖြင့် အိပ်ရာထဲမှနေ၍ သိုင်းဖက်ထားလိုက်သည်။
ဟာ ဒီအစ်မကလဲ မူးမူးနဲ့ လာဖက်နေပြန်ပြီ ဟု လေပြေမှ ထင်လိုက်ကာ နွယ်၏လက်များကို အားရှိသလောက်ဖြင့် ဖြုတ်နေတုန်း
"ကိုယ့်လက်တွေကို အဲ့လို သူစိမ်းဆန်ဆန် မဖြုတ်ပါနဲ့လားကွယ် ကိုယ်မင်းကို ပြောစရာတွေ အများကြီးရှိတယ်"
"အစ်မကို ခင်တယ်ဆိုရင် ခဏလေး နားထောင်ပေးပါလားကွယ်" ဟု လေပြေ့ခါးလေးကို နောက်ကျောမှသိုင်းဖက်ထားရင်း လေပြေ့ပုခုံးကို မေးတင်ထားသော နွယ်မှ လေပြေ့နားဘေးနား အသံတိုးတိုးလေးဖြင့် ကပ်ပြောလိုက်သည်။
လေပြေလဲ ရုတ်တရက် နွယ်လက်များကို ဖြုတ်နေခြင်း ခေတ္တခဏ ရပ်သွားသည်။
နွယ်မှ "အခု ကိုယ်ပြောတာကို သေချာနားထောင်နော် လေပြေရေ
အခု ကိုယ်ပြောမယ့် စကားအားလုံး မူးနေလို့ ပြောတာလို့ မထင်လိုက်နဲ့နော် ကိုယ့်စိတ်ရင်းက လာတာပါ
ကိုယ်လေ မင်းကို ကြိုက်နေတာ ကြာပြီသိလား မင်းကို ပထမဆုံး မြင်ဖူးတဲ့ ဧပြီ ၁ရက်နေ့ကစပြီးတော့ပေါ့၊
ဧပြီ ၁ရက်နေ့က အရူးများနေ့လို့ ပြောကြသလိုပဲ ကိုယ်လဲ မင်းကို မြင်မြင်ချင်း အရူးဖြစ်သွားခဲ့တယ်
ဒါပေမယ့် ဘယ်သူမှ မရိပ်မိခဲ့ဘူး လူကြီးတွေက ပိုဟန်ဆောင်ကောင်းတယ်လို့ ဆိုသလိုပဲ ကိုယ်လဲ ဟန်ဆောင်မိနေတယ် မင်းစလာတဲ့ နေ့ပဲ မဟုတ်ဘူး မင်းမလာရသေးခင် အချိန်တွေမှာ ကိုယ့်သူငယ်ချင်းက မင်းအကြောင်းကို ပြောပြတော့လဲ ကိုယ်တွေးနေမိတယ် ဘယ်လို မိန်းကလေးမျိုးလဲဆိုတာ ကြိုတင်ပြီးစိတ်ဝင်စားနေမိခဲ့တယ် နောက်ပြီး မင်းကို ကိုယ်ပထမဆုံးတွေ့တဲ့နေ့က အစည်းအဝေးခန်းထဲမှာနော်
အရမ်းလှတဲ့ မင်းကို ယောကျာ်းလေးတွေက ဝိုင်းကြည့်နေတာကိုလဲ ကိုယ်မကြိုက်ခဲ့ဘူး အိုကွာ မင်းကို ဘယ်သူမှ ကြည့်နေတာကို မကြိုက်တာ ငါ့ပဲ ကြည့်ချင်တယ် ငါပဲပြုစုယုယချင်တယ် ငါမှာလေ ဝိဇ္ဇာ ဇော်ဂျီတွေရဲ့ အစွမ်းသာ ရှိရင် မင်းကို ရွှေကြုတ်လေးထဲမှာ ထည့်ပြီး ငါဘယ်သွားသွား ခေါ်သွားချင်တယ်
မင်းငါ့ကို ပထမဆုံး တွေ့တွေ့ချင်းမှာ ငါ့ကို အော်လိုက်တုန်းက ငါ့သူငယ်ချင်းတွေရော ငါ့စီနီယာတွေရောပါ မင်းကို ငါ့အစား စိတ်ဆိုးပေးကြ အမြင်ကတ်ပေးကြပေမယ့် ငါက စိတ်မဆိုးရဲခဲ့ဘူး။အမြင်မကတ်ခဲ့ဘူး ဘာလို့များ ဘာအကြောင်းရင်းတွေ ရှိလို့များ သူအဲ့လို လုပ်ရတာလဲ မာနကြီးမယ်ထင်ရတဲ့ မျက်နှာထားနောက်ကွယ်မှာ ဘာတွေရှိနေဦးမလဲ ဆိုတာပဲ ငါသိချင်ခဲ့မိတယ် ငါစူးစမ်းချင်ခဲ့မိတယ်
တဖြည်းဖြည်း မင်းနဲ့ငါနဲ့ ခင်လာတော့လဲ မင်းအကြောင်းတွေကို တဖြည်းဖြည်း သိလာရတယ် မင်းက မာကျောချင်ယောင်ဆောင်ပေမယ့် နူးညံ သိမ်မွေ့တဲ့လူတစ်ယောက် စိတ်ရင်းလဲ ကောင်းတယ် ငါမင်းကို ကြိုက်လာတာ အခုဆို သုံးလတိတိရှိပြီ ငါမင်းကို တိတ်တိတ်လေး ဘယ်သူမှ မသိအောင် ချစ်နေရတာ ငါ့သူငယ်ချင်းအရင်းဖြစ်တဲ့ ဖြူစင်တောင် မသိဘူး ငါမင်းနေ့တိုင်းလိုလို ထမင်းမစားတာတွေ့ရင် စိတ်ပူတယ် အစာအိမ်ရောဂါများ ဖြစ်နေမလားဆိုပြီး တစ်ဖက်သတ်အချစ်ဆိုတာ လောဘမကြီးရင် စိတ်ချမ်းသာရတယ်တဲ့ လောဘကြီးရင် ပူလောင်ရတယ်တဲ့
ငါလောဘကြီးမိလို့ ပူလောင်နေရတာထင်တယ် ဒါပေမယ့် မင်းကို ချစ်မိသွားတဲ့ အတွက် ပူလောင်ရတယ်လို့တောင် ငါမထင်မိတော့ဘူး ငါဒီနေ့ အရက်ကို မတော်တဆ သောက်မိသွားတဲ့အတွက်လဲ ဝမ်းသာမိတယ် အဲ့လို သောက်မိလို့လဲ ရဲဆေးတင်သလိုဖြစ်ပြီး ငါမင်းကို ဖွင့်ပြောမိသွားတာလေ မင်းက ငါ့ဘဝတစ်လျှောက်လုံး ပထမဆုံးနဲ့ နောက်ဆုံး ချစ်မိသူလဲ ဖြစ် ဖွင့်ပြောမိတဲ့သူလဲ ဖြစ်တဲ့ တစ်ဦးတည်းသောသူပါ
လေပြေ အစ်မကို စကားလေးဘာလေး လှမ်းပြောပါဦး အစ်မကို စကားမပြောတော့ဘူးလား စိတ်ဆိုးသွားတာလားဟု " နွယ်မှ ပြောပြောဆိုဆို လေပြေ့ခါးလေးကို ဖက်ထားသည်ကို ဖြုတ်ချလိုက်ပြီး လေပြေ့ကိုယ်လုံးလေးကို နွယ်ဘက်လှည့်လိုက်သည်။
ထိုမှတစ်ဆင့် ခေါင်းငုံနေသော လေပြေ့မေးစေ့လေးကို နွယ်နှင့် မျက်နှာတစ်တန်းတည်းဖြစ်အောင် မော့လိုက်ရာ လေပြေ့မျက်ဝန်းတွင် မျက်ရည်များ ဝဲတက်နေသည်ကို တွေ့ရသည်။
အဲ့တာနဲ့ လေပြေ့မျက်ဝန်းများကို မြင်လိုက်ရသော နွယ် အထိတ်တလန့်ဖြစ်သွားပြီး
"ငါ မကောင်းတာပါ နွယ် ကိုယ့်ထက်ငယ်တဲ့ ဂျူနီယာကို အကြီးစီနီယာဖြစ်တဲ့ ငါက ဘာတွေ သွားပြောနေမှန်းမသိ နောက်ပြီးတော့လဲ မိန်းကလေးချင်းဖြစ်နေတော့ ငါတောင်းပန်ပါတယ် လေပြေ ငါတောင်းပန်ပါတယ်လို့ "ပြောရင်း နွယ်လဲ သူ့ခေါင်းကို သူ့အားရပါရ ထနှက်နေလေသည်
လေပြေလဲ အရူးတစ်ယောက်လို ကိုယ့်ခေါင်းကိုယ် ထုနေသော နွယ်လက်ကို ကိုင်ရင်း
"အစ်မရယ် မထုပါနဲ့တော့ ညီမလဲ ခေတ်လူငယ်ပါ ဒီလောက်ကတော့ သိပါတယ် နောက်ပြီးကျတော့ အချစ်ဆိုတာက ယောကျာ်းလေးနဲ့မိန်းကလေးကြိုက်မှလား မိန်းကလေးအချင်းချင်းလဲ ကြိုက်နိုင်တယ် ယောက်ျားလေးအချင်းချင်းလဲ ကြိုက်နိုင်တယ်လေ အဓိကက ချစ်နေဖို့ပဲလေ" ဟု နွယ်ကို ပြောလိုက်သည်။
နွယ်မှ "ဒါဆို ခုနက ဘာလို့ငိုနေရတာလဲဟင် "
"အော် ဒါက ဝမ်းသာလွန်းလို့ ငိုမိသွားတာ ညီမအမေဆုံးသွားကတည်းက ညီမကို အဲ့လိုချစ်ပေးမယ့်လူ တစ်ယောက်မှ မရှိခဲ့ဘူးလေ အဖေကလဲ မချစ်တော့ မိထွေးကလဲ ပိုဆိုးပေ့ါ ညီမလဲ အစ်မကို သဘောကျနေတာကြာပြီ အဲ့ဒါကိုရော သိရဲ့လား"
"အင်း ဒါဆို အစ်မကို ချစ်တယ်ပေါ့ ပျော်လိုက်တာ ရေး.......မြန်မာနိုင်ငံသားအပေါင်းတို့ရေ ကြားကြရဲ့လား အရမ်းချောပြီး ချစ်စရာကောင်းတဲ့ လေပြေက ဘာမှမရှိတဲ့ နွယ်ဆိုတဲ့ ကျွန်မလို မိန်းမလို ချစ်တယ်တဲ့"
"တိုးတိုးပြောပါ အစ်မရဲ့ သူများတွေ ကြားလို့ အော်ဆဲကုန်ဦးမယ်"
"ဒါတွေက အသံလုံ ကွန်ဒိုတိုက်ခန်းတွေမလား"
"အသံလုံပေမယ့် နည်းနည်းတော့ အိနြေရရ နေဦးပေါ့"
"အင်းအင်း ပျော်လွန်းလို့ဖြစ်သွားတာ သတိထားမယ်နော်" ဟု နွယ်မှ လေပြေကို ပြောပြီး ဖက်ထားလိုက်လေသည်။
ဖက်ထားတုန်း လေပြေမှ "အစ်မ ညီမကို နမ်းပါလားဟင်"
"အင်..."
"ဟုတ်တယ် ညီမ အစ်မရဲ့အနမ်းတွေကို လိုချင်တယ်" ဟု လေပြေမှ ပြောရာ နွယ်လဲ လေပြေ့ခေါင်းလေးကို ကိုင်ရင်း ပန်းနုရောင်သန်းနေသောလေပြေ့နှုတ်ခမ်းသားများကို တစ်လွှာချင်း နမ်းနေလေသည်။နှုတ်ခမ်းများကို နမ်း၍မဝသေး လည်တိုင်တစ်လျှောက်ကိုလဲ အနမ်းများ မွမွမွ ဆိုပြီး ပေးသွားသေးသည်။ထိုအပြင့် မျက်နှာ နဖူး မေးစေ့ နှာတံ မျက်နှာတစ်ခုလုံးကို အနမ်းမိုးများ ရွာသွန်းပေးနေမိသည်။ထိုမျှမကသေး နားရွက်များကို နမ်းရုံသာမက နားရွက်အသားနုလေးများကိုပါ ဖွဖွလေးကိုက်လိုက်သေးသည်။ ထိုသို့နေရာအနှံအပြားနမ်းနေရင်း လေပြေကို ကြည့်လိုက်ရာ လေပြေခမျာ အောက်နှုတ်ခမ်းသားကိုက်လျက်ရှိနေသည်ကို နွယ်မှ တွေ့လိုက်ရာ နွယ်ခမျာ လေပြေကို ပိုအသည်းယားသွားပြီး လေပြေ့အောက်နှုတ်ခမ်းသားလေးကို လျှာဖြင့် ထိုးဆွကစားပေးလိုက်သည်။လေပြေလဲ အလိုက်သင့် ပါးစပ်လေးကို ဟပေးလိုက်ရာ နွယ့်လျှာလေးကို လေပြေ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။လေပြေလဲ နွယ့်လျှာလေးကို စုပ်ယူစားသုံးလိုက် လျှာအချင်းချင်း ဆော့ကစားလိုက်ဖြင့် တစ်ခါမှ မတွေ့ကြုံဘူးသော အတွေ့အကြုံကို ခုမှ သိမြင်ခွင့်ရသဖြင့် နှစ်ဦးသား နမ်းလို့ မပြီးနိုင် ဖြစ်နေကြသည်။
လေပြေမှာ နမ်း၍မဝဖြစ်နေတုန်း ရုတ်တရက် နွယ်မှ နမ်းခြင်းကို ရပ်လိုက်သည်။
"ဘာလို့လဲဟင် ညီမဘာအမှားလုပ်မိလို့လဲဟင်" ဟု လေပြေမှ အလောတကြီးမေးလေရာ
"မဟုတ်ပါဘူး လေပြေရဲ့ အစ်မစိတ်ကို အစ်မသိတယ် အစ်မ ဒီ့ထက် ပိုနမ်းမိမယ်ဆိုရင် ညီမလေးကို ပိုပြီး အစ်မဘက်က အဆင့်ကျော်မိမှာ ညီမလေးကြိုက်လား မကြိုက်လား မသိဘဲနဲ့လေ အဲ့လိုဖြစ်မှာစိုးလို့ အစ်မ အဆင့်မကျော်ခင် ရပ်လိုက်တာပါ"
"အဆင့်ကျော်လဲ ရပါတယ် အစ်မ ညီမက ဒီနေ့ညအတွက်တော့ အစ်မအပိုင်ပဲ အစ်မလုပ်ချင်တာလုပ်" ဆိုပြီး
လေပြေမှ အိပ်ရာမွေ့ရာပေါ် ပက်လက်အနေအထားဖြင့်လဲချအိပ်လိုက်သည်
နောက်တစ်ပိုင်းဆက်ရန် - အပိုင်း(၁၁) မျှော်
ရေးသားသူ - ဖြိုးဦးနွေ
28.10.2020(Wed) 5:12 PM
===========================================
လေပြေ ( Zawgyi )

YOU ARE READING
လေပြေ(Oxygen)
Teen Fictionရိုးရိုးအေးအေး နေတတ်ပြီး လူတိုင်းကို စိတ်အရင်းခံဖြင့်ပေါင်းသင်းတတ်၍ သည်းခံတတ်သောနွယ်နှင့် မည်သူကိုမှ မယုံ သံသယမျက်လုံးဖြင့် ကြည့်တတ်သော လေပြေ #lesbian #gl #18+++++