လေပြေ (Unicode)
အခန်း (၁၃) – မြစ်ကြီးနားခရီးစဉ်
တနလာၤနေ့ နေ့လည်စာစားချိန်တွင် ရုံးတွင် ဝန်ထမ်းများဖြင့် စုစုရုံးရုံး စည်စည်ကားကားရှိလှပေသည်။ဖြူစင်သည်လဲ အာပေါင်အာရင်းသန်သန်ဖြင့် သူညစာစားပွဲညက တွေ့ကြုံသည်များကို ပြော၍မဝနိုင်အောင် ရှိနေသလောက် နွယ်မှာမူ နှုတ်ခမ်းအာစေးမိထားသလို ဘာမှမပြော တိတ်တိတ်ဆိတ်ဆိတ်ရှိလှပေသည်။ထို့ကြောင့် ဖြူစင်မှ နွယ့်ကို
"စကားလဲ ငါ့ကို မပြောဘူး ဟိုနေ့ညက ငါနင့်ကို ငါ့အိမ်လိုက်အိပ်ဖို့ မခေါ်လို့ စိတ်ဆိုးနေတာလား"
"မဟုတ်ပါဘူးဟာ ဒီတိုင်းပဲ သိပ်နေမကောင်းလို့"
"ဒါနဲ့ နင်အဲ့ညက ဘယ်သူ့အိမ်သွားအိပ်လိုက်တုန်း ငါနင့်ကို ခုမှပဲ မေးရတော့တယ်"
"ငါ လေပြေ့အိမ်သွားအိပ်လိုက်တယ်လေ"
"အမယ် အဲ့ဒီ့မာနကြီးတဲ့မိန်းမက နင့်ကိုတော့ အဖက်လုပ်သားပဲ အိပ်ရတာ အဆင်ပြေရဲ့လား
အဆင်ပြေပါတယ်ဟာ ဒါနဲ့ငါ ထမင်း မစားချင်တော့လို့ ငါ့နေရာ ငါပြန်တော့မယ်ဟာ"
ဟု ပြောရင်း ထလာလိုက်လေသည်။
ထိုစဉ် တိုက်တိုက်ဆိုင်ဆိုင် နွယ် နေ့လည်စာစားခန်းမှ အထွက် လေပြေနှင့် တိုက်ရိုက်တန်းတိုးလေသည်။
လေပြေနှင့် နွယ် မတွေ့ရသည်မှာ နွယ်လေပြေ့တိုက်ခန်းမှ ပြန်ပြီးသွားကတည်းက နေ့လည်စာစားချိန်မှ တွေ့ရခြင်းဖြစ်သည်။လေပြေမှာ မနက်ခင်းပိုင်းတစ်ခုလုံး သူဌေးနှင့် Meeting တစ်ချိန်လုံး လိုက်ထိုင်နေ၍ ဖြစ်သည်။ထိုသို့ တွေ့လိုက်စဉ် လေပြေမှ ဟန်မပျက်ဘဲ နွယ်ကို နှုတ်ဆက်နိုင်သော်လဲ နွယ်မှာမူ မျက်နှာပျက်ထွက်မတက် ဟန်တောင် မဆောင်နိုင်ဘဲ ပြန်မနှုတ်ဆက်ဘဲ ထွက်သွားသည်။နွယ်သည် လေပြေ့ကို အရမ်း အားနာ၍စိတ်မကောင်းဖြစ်မိသောကြောင့်ဖြစ်သည်။အလုပ်တွင်လဲ နွယ်နှင့် လေပြေ ဘေးချင်းကပ်ရက် ထိုင်နေရသော်လဲ စကားမပြောဖြစ် နွယ်မှ မျက်နှာလွှဲလွှဲသွားသောကြောင့်ဖြစ်သည်။
လေပြေတစ်ယောက် ထိုကဲ့သို့ ဖြစ်ရပ်မျိုးကို စိတ်မကောင်းဖြစ်မိသည်။ထိုနေ့ညက ကိစ္စလုံးစုံကို အကုန်လုံး ပြောမိလိုက်လျှင် အကောင်းသားဟုတောင် တွေးမိသည်။ဘာပဲဖြစ်ဖြစ် တစ်ချိန်ကျလျှင် ပြန်ပြေလည်လာမှာပဲ ဟုသာ လေပြေဖြေသိမ့်တွေးနေရသည်။လေပြေတွေးနေသည့်အတိုင်းပင် လေပြေနှင့် နွယ် ပြန်ပြေလည်မည့် ကိစ္စ ဖြစ်လာသည်။
KAMU SEDANG MEMBACA
လေပြေ(Oxygen)
Fiksi Remajaရိုးရိုးအေးအေး နေတတ်ပြီး လူတိုင်းကို စိတ်အရင်းခံဖြင့်ပေါင်းသင်းတတ်၍ သည်းခံတတ်သောနွယ်နှင့် မည်သူကိုမှ မယုံ သံသယမျက်လုံးဖြင့် ကြည့်တတ်သော လေပြေ #lesbian #gl #18+++++