1

6.1K 267 14
                                    

Part-1

ကန်တင်းမရောက်ခင် ထိုင်ခုံတန်းလေးနားတွင် ကျောင်းသားတစ်စုဝိုင်းဖွဲ့ကာ ဆူညံရယ်မောနေကြသည်ကို သူ အမှတ်မထင်ကြည့်လိုက်မိ သည်။ ပုံမှန်အကြည့်ပေမယ့် တစ်ယောက်သောသူကိုမြင်လိုက်ရချိန်တွင် Krist မျက်နှာစိတ်ပျက်သလိုလေးဖြစ်ကာ ခပ်မြန်မြန်လှမ်းလျှောက် လိုက်တော့သည်။ ခြေသံကနောက်က တစ်ပါးတည်းပါလာတာကိုသိသည်။ သူ ခြေလှမ်းကိုမလျှော့မိ။ကော်ရစ်တာတစ်လျှောက် အမြန်ပင် လှမ်းလိုက်သေးသည်။

“စောင့်ပါဦး Kit ရာ. မင်းကလည်း မြန်လိုက်တာ.”

“အားနေတယ်မလား သွားပြီးရယ်မောနေလေ.။ငါပြောတာ အလေးထားစရာမလိုဘူး။”

Krist အရှိန်ကိုမလျှော့မိပေမယ့် သူက ခြေလှမ်းပိုသွက်လိုက်ကာ Krist ရှေ့ပိတ်ရပ်လာသည်။ ရယ်ကျဲကျဲဖြင့် အချိူးမပြေသော မျက်နှာကို Krist အလိုမကျစွာဖြင့် မျက်မှောင်ကုတ်ထားဆဲဖြစ်သည်။ကျောင်းတွင် နားကွင်းမဝတ်ရပေမယ့်ဖောက်ထားပြီးသားနားက နားပေါက်နှင့်. ပြီးတော့ အချိူးမပြေသည့် ပြုံးစစမျက်နှာနှင့် Singto.

“Kit ကလည်းကွာ. ငါ ခဏလေးဟိုကောင်တွေနဲ့စကားပြောမိတာပါ။ ခဏနေ ငါ အတန်းလည်းတက်မှာ.စာလည်းမှန်မှန်လုပ်နေတယ်လေနော်.။စိတ်မဆိုးနဲ့.”

“လုပ်ချင်လုပ် မလုပ်ချင်နေ. ငါနဲ့ဘာမှမဆိုင်ဘူး။”

Singto ကိုကွေ့ပတ်ရှောင်ကာ ထွက်သွားသူနောက် Singto တစ်ချက်ရယ်လိုက်မိကာ နောက်က ထပ်ချပ်မကွာလိုက်လာမိတော့သည်။ Krist သည် တည်တင်းနေသည့်မျက်နှာကိုတစ်ပြားသားမျှ မလျှော့။

“ဘာလဲ ဒါက စ်ိတ်ဆိုးတာလား”

“လိုက်မလာနဲ့ ငါ စာကြည့်တိုက်သွားမလို့.”

“ဟာ မသွားနဲ့ဦးကွာ. မင်း အဲ့လိုစိတ်ဆိုးနေတော့ ငါက ဘယ်လိုနေရမှာလဲ.။ငါ ခုပဲ အတန်းသွားတက်တော့မှာနော်. ပြုံးပြဦး.”

စာကြည့်တိုက်ရှေ့ခြေစုံရပ်လိုက်ကြသည်။ Krist သူ့ကိုမျက်နှာချင်းဆိုင်လိုက်သည်။ Krist စိတ်ဆိုးတိုင်း စိတ်တိုလာတိုင်း ပြုံးပြတာကိုမြင်မှာ စိတ်ပြေသည်ဟု ယူဆသည့် Singto ကြောင့် အမြဲပြုံးပြရလေ့ရှိသည်။အမှန်တော့ Krist ပြောသမျှက Singto ကောင်းဖို့အတွက်ချည်း။ ခုက စာမေးပွဲကနီးနေပြီ။ Krist နှင့် Singto က မေဂျာမတူတာမို့ အတန်းထဲထိတော့ လိုက်မကြည့်အားနိုင်။

ဖူးစာကြိုးကလေးWhere stories live. Discover now