(Unicode)
"ဘာမှမဖြစ်ပါဘူး။ လူအရမ်းအုံပြီး များလာတော့ ဦးနှောက်ကို ဖိအားပေးသလိုဖြစ်ပြီး နှလုံးခုန်ချက်တွေ မမှန်ဘဲ မူးလဲသွားတာပါ သခင်လေး။ အားဆေးသွင်းပေးခဲ့ပါတယ်။ ဆေးက မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သုံးရက်တိုက်ပေးပြီးရင် ရပါပြီ။"
"ကောင်းပါပြီ Doctor Choong..ကျေးဇူးတင်ပါတယ်။"
"ဒါဆို သွားခွင့်ပြုပါဦး။"
မိသားစုဆရာဝန်နဲ့ ဆရာဝန်ကိုလိုက်ပို့ဖို့ Taehyung ထွက်သွားပြီးနောက်မှာတော့ Jiminရယ် အိပ်မောကျနေသည့် Jung Kookရယ် နံရံမှာမှီရပ်နေသည့် Yoon Gi ရယ်ပဲ အခန်းထဲမှာ ကျန်နေခဲ့သည်။
"လူတစ်ယောက်ကို သဘောကျမိရင် စိတ်ပူရတဲ့ဒုက္ခက မလွယ်ပါလား Hyung...အဟက်..."
မကျဉ်းမကျယ်အခန်းလေးထဲမှာ ရယ်သံတို့စွန်းသောစကားသံလေး တိုးဖွဖွက လွင့်ပျံ့လာသည်။ ခေါင်းရင်းရှိ စားပွဲတင်နာရီလေးဆီမှ နာရီလက်တံ တစ်ချက်ချက်သည် အသာ ပျံ့လွင့်လို့။
"သူက ကိုယ်ဖြစ်သွားမှတော့ သူ့နာကျင်မှုတွေ၊ ပင်ပန်းမှုတွေကပါ ကိုယ် လိုက်ခံစားရသလိုမျိုးပေါ့။"
ဘောင်းဘီအိပ်ထဲကို လက်ထိုးထည့်ကာ နံရံကို မှီနေရင်း Yoon Gi ပြန်ဖြေလာသည်။ အခုချိန်ဆို သူ့ ဖုန်းကို ပြန်မဖြေသည့်အပြင် ပြန်လည်းမဆက်လို့ ရေမြေခြားမှ ချစ်ရသူသည် အနည်းငယ် စိတ်မကောင်းဖြစ်နေလောက်ပြီလား။
အိပ်ရာပေါ်မှာ အိပ်မောကျနေသော ချစ်သူကို Jimin အသာငေးကြည့်နေမိသည်။ ပိတ်ထားသော မျက်ခွံလေးတွေက ငြိမ်သက်နေပြီး ရင်အစုံသည် နိမ့်ချည်မြင့်ချည်ဖြင့် စည်းချက်မှန်မှန် လှုပ်ရှားနေသည်။ နှဖူးပေါ်သို့ ဝဲကျနေသော ဆံနွယ်တို့ကို သူ့လက်လေးဖြင့် အသာသပ်တင်ပေးလိုက်ရင်း အနီးကပ် သူ့မျက်နှာကို တစ်ဝ ငေးကြည့်နေမိသည်။
*ဒေါက်...ဒေါက်....ဒေါက်....*
"ဝင်လာခဲ့...။"
ဝင်လာသူက ဟိုးတစ်နေ့ကမှ ရောက်လာသော ကောင်မလေး နမ်ဟေးမီ။ ငြိမ်သက်နေသော ရေပြင်ထက်သို့ ခဲလုံးတစ်လုံးကျသွားသောအခါ ရေမျက်နှာပြင်သည် လှုပ်ခတ်သွားသကဲ့သို့ ကြည်လင်နေသော စိတ်အစုံသည် အနည်းငယ် နောက်ကျိသွားသည်။
YOU ARE READING
PUPPET ||COMPLETED||