(Unicode)
"ဆရာ.....Jeon Jung Kook က တကယ်ပဲ ပြောင်းလဲသွားတာလား...။ မထူးဆန်းနေဘူးလား....။"
Sam ရဲ့ အမေးက မမှားတာတော့ အမှန်..။
"ဟုတ်တယ် Sam...။ ငါလည်း အဲ့တာကိုပဲ သံသယဝင်နေတာ။ သူပြောင်းလဲသွားတာ မှန်မှ မှန်ပါ့မလားလို့လေ...။"
"ထူးဆန်းနေတာတော့ အမှန်ပဲ ဆရာ...။"
"ငါအစစ်အမှန်ဖြစ်နေဖို့ပဲ ဆုတောင်းတယ် sam..."
"ခင်ဗျာ..."
နေပါဦး။ Park Ji Min အဖေကို မကျေနပ်သည့်စိတ်နှင့် Park Ji Min ကို နာကြည်းနေသည့်လူက...ဘယ်လိုဖြစ်လို့....
"ပြီးတော့ ငါတို့အစီအစဉ်တွေအကုန်လုံး ဖျက်သိမ်းလိုက်ပါ။"
"ခင်ဗျာ...!!"
ဘာ...ဘာကြီး..........။
"Sam...မင်းတို့အမြင်မှာ ငါက အချစ်အတွက်နဲ့ အမုန်းတွေနဲ့ ရှင်သန်လာခဲ့တာ မပူလောင်နေဘူးလား....။"
"ခင်ဗျာ....."
"အခုချိန်ကစပြီး ငါ အေးအေးချမ်းချမ်း ရှင်သန်ကြည့်မလို့လေ...။ သူ့ကို ဒုက္ခမပေးတော့ဘဲနဲ့ပေါ့....။"
တကယ်တော့...သူတို့ဆရာက ဒုက္ခပေးဖို့သာ စီစဉ်ခဲ့ပေမဲ့ ထိုကောင်လေး ဒုက္ခရောက်အောင် ကြီးကြီးမားမားလုပ်ခဲ့တာမရှိ...။ Yoo Imအား သူ စေခိုင်းခဲ့ခြင်းနှင့် ကုမ္ပဏီနှစ်ပတ်လည်တုန်းက ထိုပုံရိပ်တွေကို Ma Sung Woo အား ပေးခဲ့ခြင်းနှစ်ခုသာ ရှိခဲ့သည်။
"အဲ့အစား........Park Ji Min ကို နှောင့်ယှက်လာတဲ့သူတွေကိုပဲ ငါကဖျက်ဆီးပေးရမှာပေါ့....။"
ဒီစကားမှာ သူ ကြက်သေသေသွားသည်။ သိပ်ကို သဘောထား ပြည့်ဝလွန်းသည့် သူတို့ဆရာက စိတ္တဇနာမ်မှာ ဒုတိယအကြိမ်မြောက် ကျရှုံးခဲ့ပြန်ပြီလား...။
_______________________________________________________
"မောင်...ခဏလေးနော်...."
စိတ်ပြေလက်ပျောက် သူက ပန်းခြံထဲ ဆင်းချင်လာတာကြောင့် Hyungကို တောင်းဆိုတော့ သူက လိုက်ပို့ပေးသည်။ အောက်ရောက်တော့ သူ့ကို ခဏဟု ထားကာ ဦးလေး မိုကို တစ်စုံတစ်ခုကို ခပ်တိုးတိုးကပ်ပြော၏။
YOU ARE READING
PUPPET ||COMPLETED||