(Unicode)
"ရော့....ဆန်ပြုတ်လေးကို သေချာ မှုတ်ပြီး ကျွေးလိုက်။"
"Nae...အမဆူးယောင်း။"
ညဘက်ရောက်တော့ သူ နိုးလာသည်။ တစ်မနက်လုံး အိပ်ယာထက်မှာ လောကကြီးနှင့်အဆက်ပြတ်နေခဲ့သည်မို့ ကြက်သားဆန်ပြုတ် ကျွေးဖို့ အမဆူးယောင်းက Jung Kook လက်ထဲလွှဲလာသည်။
"မောင် ဝင်ခဲ့မယ်နော်။ Hyung...."
နိုးလာတော့ သူက အိပ်ယာပေါ်မှာ နောက်မှီလေးမှီကာ ကုတင်ကို မှီရင်း မျက်လုံးတွေ မှိတ်ထားသည်။ ချက်ချင်းကို ဖြူဖျော့ကျသွားသော Park Ji Minပါပဲ။ သူဝင်လာတော့ ဖွင့်ကြည့်လာသည့် မျက်ဝန်းတွေက အရင်ကထက်ကို သိသိသာသ ဖျော့တော့နိုင်ခဲ့သည်။
ကုတင်ပေါ်မှာ ခေါက်စားပွဲလေးကို ခင်းလိုက်ပြီး ကြက်သားဆန်ပြုတ်ဗန်းလေးကို တင်ပေးလိုက်သည်။ ဆန်ပြုတ်ပန်းကန်ကို မြင်တော့ သူ့မျက်နှာလေးက ရှုံ့သွားသည်။
"ဘာလို့လဲ..."
"ဖျားတာလည်းမဟုတ်ဘဲနဲ့ ဆန်ပြုတ်ကြီး မစားချင်ပါဘူး။ အမဆူးယောင်းကလည်း...နည်းနည်းလေး ဖြစ်ပြီဆိုတာနဲ့ ဆန်ပြုတ်ကြီးပဲ လှိမ့်ကျွေးနေတာပဲ။ ဟင်းလည်းချက်တတ်ရဲ့သားနဲ့...။"
"Hyungက မဖျားပေမဲ့ နေမှ သိပ်မကောင်းသေးတာ။ ကဲပါ..။ မသောက်ချင်ရင် မောင် ခွံ့ပေးမယ်။"
"မသောက်ချင်ပါဘူးလို့..."
"အား.....ဒီအဆိုးလေးက တော်တော်ပြောရခက်တာပဲ။ လိမ္မာတယ်...။ တစ်ဇွန်းနှစ်ဇွန်းပဲသောက်လိုက်နော်။ အားရှိအောင်။ မနက်ဖြန်ကျရင် ထမင်းပြန်စားလို့ရပါပြီ။ ဒီနေ့တစ်နေ့ပဲ.."
သူ ချော့ပြောတော့မှ ထိုလူသားက အီလည်လည်ဖြင့် ခေါင်းငြိမ့်လာသည်။
"ပြီးတော့....များများစားမှ အားရှိပြီး နေပြန်ကောင်းလာမှာ။ လူကြည့်တော့ဖြင့် ဖြူဖျော့ဖျော့နဲ့ကို.....။"
ဆန်ပြုတ်ကို အေးသွားအောင် မှုတ်ရင်း သူ့ပါးစပ်ထဲကို ခွံ့ကာ ပြောလာတော့ ထိုလူသားက ရယ်သည်။
"နေကောင်းသွားပါပြီနော်။ မင်း ကျွေးတဲ့ ဆန်ပြုတ် သောက်လိုက်ရလို့ထင်တယ်။"
YOU ARE READING
PUPPET ||COMPLETED||