Ep-19

4.2K 649 114
                                    

(Unicode)

"Jimin...."

တံခါးကို ခပ်ဟဟဖွင့်ကာ လှမ်းခေါ်လိုက်တော့ ကျောက်ရုပ်တစ်ရုပ်လို ကုတင်ခြေရင်းမှာ ထိုင်နေသည့် သူငယ်ချင်းဖြစ်သူကို တွေ့လိုက်ရသည်။

"အာ....Taehyung....."

အမြဲတမ်း မိမိသူငယ်ချင်းလေးက လုပ်ချင်တာကို လုပ်ဖို့အတွက် အမြဲတမ်း တက်ကြွနေခဲ့တာ။ အမြဲတမ်း သွက်လက်နေခဲ့တာ....။ ဟက်....Jeon Jung Kookရယ်...။ ငါတို့ကြောက်နေခဲ့သလိုပဲ....မင်းက သူ့ရဲ့ကယ်တင်ရှင်ဖြစ်မလာခဲ့ဘဲ ရေနစ်နေတဲ့သူကို ဝါးလုံးနဲ့ ထိုးချတဲ့သူ ဖြစ်နေပါရော့လား.....။

"Taehyungလာလေ...။"

အတောက်ပဆုံးပြုံးပြလိုက်ပေမဲ့ သူ့အပြုံးတွေက အသက်ဝင်နေခြင်းမရှိ....။

"ပြော...ငါ့ကို....။ မင်းဘာဖြစ်နေသလဲ...။"

"မင်းကလည်း ငါရယ်ချင်လို့ မင်းကို လှမ်းခေါ်တာပါကွာ။ တကယ်ပါပဲ...။"

‌လက်မောင်းကို ထုကာ ခပ်နောက်နောက်ပြောလာပေမဲ့ ဒါတွေက စစ်မှန်ခြင်းမဟုတ်ကြောင်း Taehyungသာလျှင်သိလိမ့်မည်။

"ဟာသပြောရမှာလား။ မင်းအခြေအနေက ဟာသတွေရော နားထောင်နိုင်လို့လား Jiminရယ်...။"

"ငါက သန်မာပြီးသားပါ။ ဘာပဲပြောပြော Taehyungie..မင်း ငါ့အ‌နားရှိနေရင်တော့ မင်းက ငါ့ကို ဒီလောကမှာ နားအလည်ပေးနိုင်ဆုံးသူမို့ ငါ လုံခြုံသလို ခံစားရလို့ မင်းကို ခေါ်တာပါ။ ငါ့အကြောင်းတွေလည်း မကြားချင်ပါနဲ့ကွာ။ မင်းရဲ့ အကြည်ဓာတ်တွေပါ ပျောက်သွားဦးမယ်..။"

"သူငယ်ချင်းဆိုတဲ့ ဖြစ်တည်မှုက ကောင်းအတူတူဆိုးအတူတူပဲလေ Jimin...။ ပြောစမ်းပါကွာ..။ မင်းဘာတွေဖြစ်နေလဲဆိုတာ...။ အနည်းဆုံးတော့ ငါက မကူညီ‌ပေးနိုင်ပေမဲ့ မင်း ရင်ထဲပေါ့သွားတာပေါ့။"

"တော်သေးတာပေါ့။ မင်းတစ်ယောက်တော့ ငါ့ဘေးမှာ ရှိနေသေးလို့။"

"ကဲ..ပြောပါ အစ်ကိုတော်။"

Taehyung က အတင်းမေးလာတော့ Jiminလည်း ဖြစ်သမျှအကြောင်းတွေ အကုန်လုံး ပြောပြမိသည်။

"အဲ့တာ‌အကုန်လုံးပဲ...။"

သက်ပြင်းချသံသဲ့သဲ့က လွင့်ပျံ့လာသည်။

PUPPET ||COMPLETED||Where stories live. Discover now