Ep-21

4.3K 636 153
                                    

(Unicode)

ဆေးရုံတစ်ရုံရဲ့ VVIP အခန်းမှာ သွေးအိတ်တို့ ချိတ်လျက် လောကကြီးနှင့် အဆက်ပြတ်နေသော လူသားတစ်ယောက်....။ ပြီးတော့ ထိုကောင်လေးဘေးမှာ ထိုင်နေသော အမျိုးသားတစ်ဦး......။

"ဟင်း...........ကြောက်တယ်...။ သွား....။ သွား.....!!! မလာနဲ့လို့...."

လောကကြီးနှင့် အဆက်ပြတ်နေသော လူသားငယ်သည် တိုးဖွဖွ ညည်းနေရာမှ အနည်းငယ်ကျယ်လာပြီး သူသည် ဘာမျှမရှိသော လေထုကို အကြီးအကျယ်တွန်းထိုးနေ၏။

"ကလေး....။ ကိုယ်ရှိတယ်။ သတိထားဦး....။ သတိထားဦးလို့....။"

"ဟင့်.....ကြောက်တယ်...။ ကြောက်တယ်.....။ မထားခဲ့ပါနဲ့...။ ဟင့်.....။"

အနည်းပူနေသော ကိုယ်ပူချိန်ကြောင့် သူလည်း မနေသာတော့ဘဲ Bellကို လှမ်းနှိပ်ကာ ဆရာဝန်ကို ခေါ်ရသည်။

"အဖျားကြောင့် ကယောင်ကတမ်းတွေဖြစ်တာပါ။ ဆေးထပ် ပြောင်းပေးခဲ့တယ်။ တကယ်ဗျာ....။ သူ ခေါင်းမာတယ်ဆိုတာ သိပေမဲ့ ဒီလောက်ထိ မိုက်ရူးရဲဆန်ပြီး ခေါင်းမာလိမ့်မယ်လို့တော့ မထင်ဘူးဗျာ..။ အချိန်မှီဆေးရုံရောက်လို့ မသေတာ....။ ဘယ်လိုတောင်အကြောက်အလန့်မရှိ လုပ်ရဲရတာလည်းမသိဘူး..။"

"ဟုတ်တယ် ဆရာ...။ ကျွန်တော်လည်း ဆရာပြောတာ ကြားလိုက်တော့ တော်တော်လန့်သွားတာ။ ဒါကို မသိခဲ့ဘူးဆရာ...။"

"သူ့အိမ်ကရော....."

"သူက အိမ်ကိုမပြောဖို့ အတန်တန်တောင်းပန်ထားလို့ပါ ဆရာ....။"

"ဟင်း.....တော်တော်ခေါင်းမာတဲ့ သူငယ်ဗျာ။ ကိုယ့်သေတွင်း ကိုယ်တူးတဲ့အထိကို ခေါင်းမာတာပဲ...။ ဘာပဲပြောပြော အခုတော့ စိတ်ချရတဲ့ အခြေအနေရောက်နေပါပြီ။ အဖျားကတော့ နောက် ရက်အနည်းငယ်နေရင် ကျသွားမှာပါ။ တစ်ခုခုဆို အကြောင်းကြားပါ။"

"Nae..အလုပ်များစေမိပြန်ပြီ။ ကျေးဇူးပါဆရာ။ ဒါတွေကို လျှို့ဝှက်ထားပေးလို့ရော....။"

"ရပါတယ်ဗျာ....."

ဆရာဝန်ထွက်သွားတော့မှ သူလည်း အရုပ်ကြိုးပျက်ထိုင်ချမိလိုက်သည်။ ဒီကောင်လေးရဲ့အကြောင်းကို အတော်အသင့်သိခဲ့ပေမဲ့ ဒီလောက်ထိ မိုက်ရူးရဲဆန်လိမ့်မည်ဟုတော့ မထင်ထားခဲ့....။ သူ့အိမ်သူအိမ်သားတွေသာ သိလျှင် သူ့ကို သတ်မှာမို့ ဒါကြောင့်မို့လည်း အိမ်ကို ဖုန်းမဆက်စေခြင်း ဖြစ်ပါလိမ့်မည်....။ ဖြူဖျော့နေသော မျက်နှာထက်ရှိ ချွေးသီးလေးတွေကို ရေပတ်ဝတ်ဖြင့်လိုက်သုတ်ရင်း.....။

PUPPET ||COMPLETED||Where stories live. Discover now