Ep-30

4.7K 645 252
                                    

(Unicode)

*ကျွီ........*

ရုပ်သေးရုပ်လေးကို ငေးကြည့်နေမိတုန်း တံခါးဖွင့်သံကြားလိုက်ရတာမို့ ခပ်မြန်မြန်ပင် သူ့အကြည့်တွေကို လွှဲမိလိုက်သည်။ အောက်ပိုင်းကို တဘက်ပတ်ကာ ‌ထွက်လာသော ထိုလူသား၏ ဗလာကျင်းသော ရင်အုပ်ဖြူဖြူပေါ်မှာ သူ့ပုံက နေရာယူနေတာကြောင့် မနေနိုင်စွာ အကြည့်လွှဲမိလိုက်သည်။ ရေစိုလက်စ ဆံပင်နှင့် ရေ သေချာ မခြောက်သေးသော ခန္ဓာကိုယ်တို့ကြောင့် ရေစက်လေးများက ခပ်သေးသေး ကိုယ်ငယ်‌ပေါ်မှာ နေရာယူနေသည်။ Jung Kookလက်တို့က ဗီရိုထဲက တဘက်တစ်ထည်ကို ဆွဲထုတ်လိုက်ပြီး အဝတ်ယူဖို့လုပ်နေသည့် ထိုလူကို ဆွဲလှည့်ကာ ကုတင်စွန်းနားမှာ မတ်တပ်ရပ်စေလိုက်သည်။

"အင်္ကျီဝတ်လိုက်ဦးမယ်လေ...။"

"ခေါင်းမှမခြောက်သေးဘဲ အင်္ကျီဝတ်တော့ အင်္ကျီတွေ စိုကုန်မှာပေါ့။ လာ....။ ရေအရင်သုတ်ဦး.....။"

"Dryerနဲ့ မှုတ်လိုက်မယ် ရတယ်..။"

"အာ.....dryerတွေက ဆံပင်ကျွတ်တယ်။ လာပါ...။ ဒီမှာ သုတ်ပေးပါ့မယ်ဆို..."

သူ ခပ်ငေါက်ငေါက်လေး‌ပြောတော့ ဘာမှဆက်မပြောတော့ဘဲ ငြိမ်သွားသည်။

"ဆောင်းတွင်းဝင်လာပြီကို ဘာကြောင့် ညဘက်ကြီး ‌ခေါင်းလျှော်တာလဲ။ ဖျားဦးမယ်....။"

"မဖျားပါဘူး....။ အရင်လည်း ဒီလို လုပ်နေကြပဲကို....။"

နှာခေါင်းကို ရှုံ့ရင်းပြောလာသော ဒီလူသားက သူများတွေ ဖိန့်ဖိန့်တုန်အောင်ကြောက်ရသည့် ဂိုဏ်းခေါင်းဆောင်ဆိုတာ မည်သူယုံပါမည်နည်း။ အခု jung kookအမြင်မှာတော့ လုပ်ချင်တိုင်းလုပ်ခွင့်မရလို့ စိတ်ကောက်ချင်နေသည့် ကလေးဆိုးတစ်ယောက်လိုပင်။

"အဲ့တာကြောင့်မို့ပေါ့....။ ညဘက်မှ ခေါင်းတွေလျှော်။ ပြီးရင် အသည်းအသန်တွေ ခြောက်အောင် dryerနဲ့မှုတ်။ အဲ့တော့ ဆံပင်တွေက ကြမ်းကုန်ရော...။ အသက်ကဖြင့် ငယ်ငယ်လေးနဲ့...။ ကြာရင် ဆံပင်တွေပါကျွတ်ပြီး အဘိုးကြီးဖြစ်လိမ့်မယ်ဗျ....။ နောက်နေ့မနက်ထိ စောင့်တော့ ဘာဖြစ်မှာလဲ..။"

"အားးးး....နားညီးလိုက်တာ.....သူကျတော့ ငါ့ကို ပွစိပွစိနဲ့ အဘိုးကြီးလို ပြောနေပြီး..."

PUPPET ||COMPLETED||Where stories live. Discover now