ဒီလိုနဲ့ တနေကုန်အလုပ်လုပ်နေရင်း
ရိပေါ်ကတော့ ရှောင်ကျန့် ပြင်ပေးထားတဲ့ သူ့အလုပ်နေရာ လို့သာဟြေတာပါ ရှောင်ကျန့်ရဲ့ မျက်နှာချင်းဆိုင် မှာ စားပွဲခုံလှလှလေးနဲ့ ပြင်ဆင်ပေးထားတာပြီးတော့ ဒီနေ့က CEOကြီးပဲ အလုပ်လုပ်ရတာမဟုတ်ဘူး ရိပေါ်ကိုရော သူက လေ့လာဖို့ဆိုပြီး Companyက အရင် projectအဟောင်းတွေကို ပြန်ကြည့်ခိုင်းထားတာ မျက်လုံးတွေတောင်ညောင်းလာပြီ
ဒါနဲ့လေ အဲ့ လူကြီးကလေ အလုပ်လုပ်နေတာတောင် ကြည့်လို့ကောင်းတုန်း smartကျချက်က လက်ဖျားခါရလောက်တယ်
ရိပေါ် ငေးရင်း ငေးရင်း အိပ်ပျော်သွားရောပဲ
😂😂😂😂.
.
.
"ရိပေါ် ရိပေါ် ကလေး ကလေးရေ"ရိပေါ် သူ့နာမည်ခေါ်သံကြားတော့ မျက်လုံးလေးကို မပွင့်တပွင့်လုပ်ရင်း ကြည့်လိုက်တော့ သူ့ရှေ့တည့်တည့်မှာ ရှိနေတဲ့ ရှောင်ကျန့်
"အမ် ??? ဘာ လဲ ဟင်"
"ထတော့လေ အိပ်ပုတ်လေး ထမင်းစားသွားရအောင် ကိုယ် နာရီမကြည့်မိလိုက်ဖူး ၁နာရီတောင်ထိုးတော့မယ်"
"အော် ဟိ ဟိ ကျွန်တော် ခန နားတာနော် မအိပ်ဖူး တကယ် တကယ်"
"အင်းပါ ကိုယ်ဘာဟြေမိလို့လဲ"
ရှောင်ကျန့် ခိုးအိပ်လို့ လူမိသွားတဲ့ ကလေးကို အမြတ်တနိုးကြည့်ရင်းသာဟြေလိုက်သည်"တကယ်"
"အော် အေးပါဆိုနေကွာ"
.
.
.
"CEO ထမင်းစားမို့လား ""အင်း မင်းကရော ခုမှလား"
အောက်က company ကန်တင်း မှာ တွေ့တော့ နှုတ်ဆက်လိုက်ကြရင်း
တစ်စားပွဲတည်း သုံးယောက်သားတူတူထိုင်မိကြသည်"ဟုတ် ကျွန်တော်က ခုမှ အပြင်ကပြန်ရောက်တာမလို့"
"အင်း ဟုတ်ပါပြီ ......ရိပေါ် ဒါစားလေ" ဟြေရင်း ရိပေါ် ပန်းကန်ထဲ ဟင်းတွေ လှမ်းထည့်ပေးလိုက်သည်
