နာရီတွေ စက္ကန့်တွေကလည်း မပြတ်ရွေ့နေသလို တစ်နှစ်ပြီးတော့ နောက်တစ်နှစ်ကို ကူးပြောင်းမယ့် နှစ်ကူးကိုရောက်ရှိလာပါပြီ......
.
.
.
"ကျန့်ကျန့် မားက မေးခိုင်းလိုက်တယ် New year night ကျရင် အားလားတဲ့""အဲ့နေ့က .... မသိသေးဘူး ခါတိုင်း ပါးနဲ့ စီးပွားရေးအပိုင်းက လူကြီးတွေနဲ့ စားသောက်ပွဲသွားရတယ်"
"အင်...."
အသံရှည် ဆွဲရင်း မျက်နှာလေးရှုံ့မဲ့ကာ လှည့်ထွက်သွားတဲ့ ဝမ်ပုစိလေး...ခုက ဝမ်ပုစိလေးက ရှောင်းကျန့်ရဲ့ ရုံးခန်းထဲမှာ ပြန်ရောက်နေတာပေါ့လေ....
ဘာလို့ဆို ဒီထိန်းမနိုင်လေးကို ပြန်ခေါ်ပါတော့ ဟယ် ဆိုပြီး လာပြောတဲ့ ဌာနမှူးမင်ကြောင့်ရော ကျန့်ကျန့်ရာ ရိပေါ် အရင်လို ကျန့်ကျန့်နားပဲ ပြန်လာနေမယ်နော် ဆိုပြီး ပူဆာတဲ့ ကောင်လေးကြောင့်ရော ရှောင်းကျန့် ရိပေါ်ရဲ့ projectတွေ အပြီးသတ်ပြီးတာနဲ့ သူ့အနားပြန်ခေါ်ထားလိုက်တယ်...
.
.
.ညနေ ရုံက ပြန်တော့ ရိပေါ်ကို ဝင်ပို့ပေးရင်းအပြန်....
"ဟင် ဟိုမှာ ဝမ်ပါးပဲ"
တစ်ကိုယ်တည်း ပြောရင်း ဝမ်ပါးရဲ့ဘေးနား ကားရပ်လိုက်ပြီး....
"ဝမ်ပါး ဘယ်သွားမလို့လဲကျွန်တော် လိုက်ပ်ို့ပေးမယ်လေ"
"အာ သားကျန့် သားကြီးကို ပြန်ပို့ခဲ့ပြီလား"
"ဟုတ်..တက်လေ ဝမ်ပါးရဲ့"
"အေး အေး..."
"ခုက ဘယ်ကိုလဲဗျ"
"မင်း ဝမ်မားနဲ့ စကားများလာလို့ကွာ..."
"ဗျာ.... ဘယ်လိုဖြစ်ရတာလဲ"
"အသေးအမွှားပါကွာ.... ပွစိပွစိနဲ့ မပြီးနိုင်လို့
ခနထွက်လာတာ ""အော်... ဝမ်ပါး ကျွန်တော်နဲ့ သွားသောက်မလား"
"ဟေ.. မနက်ဖြန်မင်းက အလုပ်ရှိသေးတယ်မလား"