❤48💚

880 72 3
                                    

​ရှောင်းကျန့် အိမ်​ပြန်​​ရောက်​​တော့ သူ့အ​ဖေဆီ phဆက်​လိုက်​တယ်​
"​Hello ပါး"

"​အော့ သားငယ်​​ပြော​လေ"

"ပါး အင်း ဟို​လေ..."

"သား ဘာ​ပြောစရာရှိလို့လဲ"

"ပါး XZမှာ ရှယ်​ယာရှင်​ အ​ပြောင်းအလဲ နည်းနည်းပါးပါး လုပ်​မလို့ အဲ့ဒါ..."

*အင်း သားနဲ့ Shin Groupနဲ့က​တော့ ထင်​တဲ့အတိုင်းဖြစ်​လာပြီပဲ*
"အဆင်​​ပြေသလိုသာလုပ်​ ပါးက သားကို လွှဲပြီးသာပဲ"

"ဟုတ်​ ​ကျေးဇူး"

"သား အားတဲ့​နေ့ မင်း​ကောင်​​လေးနဲ့ လာခဲ့ဦး​လေ လက်​ခံလိုက်​​ပေမယ့် မင်းတို့ဘက်​က တရားဝင်​ မိတ်​ဆက်​​ပေးသင့်ပြီထင်​တယ်​"

"ဟုတ်​ ကျွန်​​တော်​ အချိန်​ညှိပြီး စီစဉ်​လိုက်​ပါ့မယ်​"

"​အေး ​အေး"

"ဒါဆို ​ကောင်း​သောညပါ ပါး"
.
.
.
Phချသွားပြီး သိပ်​မကြာဘူး ​ရှောင်းကျန့် ​ဟောက်​ရွှမ်းဆီက ​တောင်းထားတဲ့ ရှယ်​ယာရှင်​ဇယားကို စစ်​လိုက်​တယ်​

ပြီး​တော့ တစ်​ချက်​ပြုံးသွား​လေရဲ့
*5%​လောက်​နဲ့များကွာ*
.
.
.
"Hello ​ဟောက်​ရွှမ်း.."

"ဟုတ်​ CEO​ပြောပါ"

"Shin groupက ထည့်ထားတဲ့ Share 5%ကို ရိ​ပေါ် နာမည်​နဲ့ ဝယ်​လိုက်​ "

"ဗျာ!!!"

"အင်း တစ်​ပတ်​အတွင်းရ​အောင်​ဝယ်​လိုက်​"

"ဟုတ်​"
*Shareဝယ်​ရတာ လွယ်​ကူ​နေတယ်​များ ထင်​​နေလားမသိဘူး ဒီCEOနှယ်​ ဝယ်​ဆို​တော့လည်း ရ​အောင်​ ဝယ်​ရ​မှာမယ်​​ပေါ့ကွာ...*
.
.
.
.
.
ဒီရက်​ပိုင်း ရိ​ပေါ် တကယ်​ကြီး အလုပ်​များ​နေပါတယ်​ project အသစ်​ကို သူကိုယ်​တိုင်​ ဦး​ဆောင်​ပြီး လုပ်​​နေရတာ​ကြောင့် ​ရှောင်းကျန့်နား​တောင်​ကပ်​ချိန်​မရှိ
"ရား!!! ပင်​ပန်းလိုက်​တာ ​နောက်​ဆုံး​တော့ အ​ချောသပ်​ပြီးသွားခဲ့ပြီး "

​ပြောပြီး fileကို Copyလုပ်​ပြီး ဌာနမှူးမင်​ဆီသွားပြ​တော့

"အင်း...အဆင်​​ပြေတယ်​ ရိ​ပေါ် ကျန်​တာ ​CEO ကြည့်လုပ်​လိမ့်မယ်​ သွားပို့​ပေးမလား "

My Strong Boy [[Completed]]Tempat cerita menjadi hidup. Temukan sekarang