ကျိုးချန်းတစ်ယောက် စိတ်ညစ်ညစ်နဲ့ အရက်တွေထိုင်သောက်ပစ်တာ ဘယ်နှခွက်မှန်းမသိ လူက တော်တော်လေးမူးနေပြီ အရက်ခွက်ကိုလက်ကမချသေး....
အစကတွေးလာတာ အကိုကိုလှမ်းခေါ်မယ် ဒါမှမဟုတ် ကျိရန်ကိုခေါ်မယ်ပေါ့ အင်း နောက်တော့ တစ်ယောက်တည်းပဲနေချင်တာနဲ့ ဘယ်သူ့မှ phဆက်မနေတော့ပဲ အိမ်က ပါးဆီသာ လှမ်းဆက်ပြောလိုက်တယ် အိမ်ပြန်ချင်မှ ပြန်ဖြစ်မယ်လို့ စိတ်ပူမှာစိုးလို့ သူငယ်ချင်းနဲ့သောက်နေတယ်ပဲ ပြောလိုက်တယ် မားဆီဆက်ရင် မားက ဆူနေဦးမှာလေ......"တောက်!!! ဒီတစ်သက် မဟုတ်ဖူး မဟုတ်ဖူး နောက် ၁၀ သက်လောက်ထိ ကို ဘယ်သူ့မှ မ crush တော့ဘူး အေး crush မိရင်တောင် ဖွင့်မပြောဘူး ဟွန့်...."
မူးမူးနဲ့ ပွစိ ပွစိ ရေရွတ် လိုက် သောက်လိုက်နဲ့
အဲ့ဒါကို ထောင့်ဝိုင်းတစ်နေရာက စောင့်ကြည့်နေတဲ့သူရှိနေလေရဲ့
'အဟက် တကယ်ကွာ ဒီအမူးသမားကလေ တစ်ယောက်တည်းလာပြီး အဲ့လောက်သောက်နေရလား ကွာ´
လက်က နာရီကို တစ်ချက်ကြည့်လိုက်တော့
လက်တံရှည်ရော အတိုရော က ၁၂ကိုပြနေပြီမဖြစ်တော့ဘူး ညလုံးပေါက်ဖွင့်တဲ့ bar ဆိုပေမယ့် ရှေ့မှာ သောက်နေတဲ့ ဒေါသအိုးက နောက်သုံးလေးခွက်ဆိုမှောက်တော့မှာ ခုတောင်ယဲ့ယဲ့ရယ်....
"ဟိတ် မင်းက ရိပေါ် ညီလေးမလား..."
"ဘယ် သူ ယဲ"
"ကိုယ်ပါ..."
"ကိုယ်ပါပြီး ခေါင်းပါမလာရင် ... အင့် ... ငါ့နား လာနဲ့နော်...ဟွန့်"
"ဟမ်¿¿ ဟိတ် တော်တော်မူးနေလား ကိုယ် ယွီပင်းလေ မှတ်မိလား သေချာကြည့်ပါဦး"
"ဟမ် ယွီ...ပင်း.... အင်း.... ကြားဖူးသလိုပဲ "
မျက်လုံးကို အတင်းဖြဲကြည့်နေရတဲ့ပုံနဲ့ လှည့်ကြည့်ကာ ပြီးမှ"အာ ဟို လူ့ဂွစာ ဆရာဝန်...."
"ဘာ !!!"
"အာ ခင်များကလည်း ဖြေးဖြေးအော်ပါ ကျုပ်နားကန်းမနေဘူး...."