❤46+47💚

861 74 4
                                    

*တကယ်​ကြီး လက်​လွှတ်​ရ​တော့မှာလား *
.
.
.
.
"ဒါဆို ရိ​ပေါ် ကျဲတို့ ဒီprojectနဲ့ ပက်​သက်​တာ CEOဆီသွား​ပြောရ​အောင်​ မင်း​ရော လိုက်​ခဲ့ အ​သေးစိတ်​​ပြောလို့ရ​အောင်​လို့"

"ဟုတ်​ မင်​ကျဲ"
ဒါမျိုးဆို ရိ​ပေါ်က ​ပျော်​တာ​ပေါ့
​ရှောင်းကျန့် ဆိုတဲ့ သူ့လူကြီးနဲ့​တွေ့ရမှာကို မဖြစ်​ပါဘူး ဒီ projectပြီးရင်​ အရင်​လို bodyguard ဆိုပြီး လူကြီးနားပဲ ကပ်​​နေရမယ်​

ရိ​ပေါ်တစ်​​ယောက်​ fileနဲ့ ပစ္စည်း​တွေ သိမ်းရင်း ဌာနမှူးမင်​​နောက်​က​နေလိုက်​သွားလိုက်​သည်​

.
.
.
.
.
"​ဟော ကျင်းရီ ဘယ်​​ရောက်​​နေပါလိမ့်..."

"အ​ရေးကြီးကိစ္စတစ်​ခုခု ရှိလို့​နေပါလိမ့်မယ်​"

"အင်း ဒါဆိုလည်း ဒီတိုင်းပဲ ဝင်​ကြတာ​ပေါ့​နော်​ ကျဲ"

"ဖြစ်​ပါ့လား"

"လာပါ ကျဲရာ ကျွန်​​တော်​ပါ ပါတယ်​ဗျ"
.
.
.
​ဒေါက်​ ​ဒေါက်​
အသံပြုကာဖွင့်ဝင်​သွား​တော့

"ဟင်​???​ရှောင်းကျန့် !!!!"

"ဟင်​!!!CEO"

"မဟုတ်​...အာ ... ရိ​ပေါ် ..."

​​ရှောင်းကျန့်တစ်​​ယောက်​ သူ့​ပေါ်က ထိုင်​​နေတဲ့သူကို အားနဲ့ တွန်းကာ ​ပြေးသွားတဲ့ ရိ​ပေါ်​နောက်​ ​ပြေးလိုက်​သွားရသည်​

ရိ​ပေါ် မြင်​လိုက်​ရတဲ့ မြင်​ကွင်း​ကြောင့် တကယ်​ဘာလုပ်​လို့ လုပ်​ရမယ်​မှန်း မသိတာ​ကြောင့် ​နေရာက​နေသာ​ပြေးထွက်​လာခဲ့လိုက်​သည်​

​ရှောင်းကျန့် လိုက်​လာသည်​ကိုလည်း သိသည်​ သို့​သော်​ ခုချိန်​ ရှင်းပြသည်​ကိုလည်း နား​ထောင်​ချင်​စိတ်​က တကယ်​ကို ရှိမ​နေခဲ့ဘူး​လေ
အဲ့တာ​ကြောင့် ဓာတ်​​လှေကား​တောင်​​စောင့်မ​နေ​တော့ဘဲ အ​ရေး​ပေါ်​လှေကားကနေသာ ​ပြေးဆင်းလာလိုက်​သည်​

​ရှောင်းကျန့်ကလည်း အ​နောက်​က​နေ ​တောက်​​လျှောက်​လိုက်​လာ ခဲ့သည်​

​လှေကားရဲ့ တစ်​​နေရာ အ​ရောက်​ ​ရှောင်းကျန့် ရိ​ပေါ်ကိုမှီသွားကာ လက်​​ကောက်​ဝတ်​ကို ဆုပ်​ကိုင်​ကာ ​ဘေးက နံရံဘက်​ဆီတွန်းလိုက်​ပြီး နံရံကိုလက်​​ထောက်​ထားကာ ကာထားလိုက်​သည်​

My Strong Boy [[Completed]]Where stories live. Discover now