ည၁၂နာရီကျော်မှောင်မဲကြီးထဲ လမ်းမီးအဝါရောင်ဟာဖျော့တော့တော့လေးဖြာကျနေတယ်။ သူတို့ကော်ဖီဆိုင်လေးကတော့Limရဲ့ကောင်းမှုကြောင့် ပိတ်မရသေးဘူး။ Lim ဟာ သူ့ကိုစာတွေကူလုပ်ပေးမယ်ဆိုပြီး ဆိုင်ပိတ်ခါနီးမှရောက်ချလာခဲ့တာ။ Lim ဟာမကြာသေးခင်ကမှ ရေချိုးလာတယ်နဲ့တူတယ်။ Lim ဆီကနေ အမွှေးဓာတ်တစ်မျိုး လေမော်လီကျူးလေးတွေထဲပြေးလွှားနေတယ်။
ဘောပင်ကိုလှည့်ပတ်ကစားနေတဲ့ Lim ရဲ့လက်ချောင်းရှည်သွယ်သွယ်တွေ၊ စိမ်းမြမြနဲ့ထောင်နေတဲ့ အကြောတွေဟာသစ်ပင်အမြစ်လိုပဲ။ စားပွဲခုံပေါ်တံတောင်တင်ထားတယ်။ လက်သီးဆုပ်ပေါ်ကိုမှ Lim ရဲ့ခေါင်းကခပ်စောင်းစောင်းလေးမှီထားတယ်။ စာတွေတတွတ်တွတ်ရှင်းပြနေလို့ လှုပ်ရှားနေတဲ့Limရဲ့နှုတ်ခမ်းပါးလေးဟာ ချိုမြိန်နေမလား။ ပါးပြင်ပေါ်အရိပ်ကျနေတဲ့ မျက်တောင်မွှေးရှည်ရှည်တွေဟာ ပန်းဥယျာဉ်ထဲတောင်ပံခက်ပျံလွှားနေတဲ့ လိပ်ပြာကလေးနဲ့တူတယ်။
ရုတ်တရက်ကြီးLim ဟာ ချောင်းဟန့်လိုက်တယ်။ Lim ရဲ့မျက်လုံးတွေဟာ စာအုပ်တွေပေါ်မှာရှိနေတုန်းပဲ။ Lim က အကျႌလက်ကိုအနည်းငယ်ပင့်တင်ပြီး နာရီကြည့်လိုက်တယ်။
"Baby မင်းကိုယ့်ကိုထိုင်ကြည့်နေတာ ၁နာရီ ၃၃ မိနစ်နဲ့ ၁၀စက္ကန့်ရှိပြီ"
"Ahhh sorry"
သူဘာပြောရမှန်းမသိတော့ဘဲ မျက်နှာပူလာတယ်။ သူခိုးလူမိတယ်ဆိုတာဒါမျိုးလား။ Lim က မေးထောက်ပြီး နေရခက်နေတဲ့သူ့ကိုစိုက်ကြည့်နေပြန်တယ်။
"Fair ဖြစ်သွားအောင် ကိုယ်မင်းကိုပြန်ထိုင်ကြည့်ရမလား"
ပိုပိုပြီးအနေကျုံ့လာတယ်။ Lim ဟာ မတ်တတ်ထရပ်ပြီး ခန္ဓာကိုယ်ကိုသူ့ရှေ့ကိုင်းချလာတယ်။ Lim ဟာ သူ့ရဲ့ပါးကိုလက်နဲ့ချုပ်ကိုင်ပြီး မျက်နှာချင်းဆိုင်ကိုဆွဲလှည့်တယ်။ ဘုရားရေ၊ ဒီလူဘာလုပ်မလို့လဲ။ အလန့်တကြားနဲ့သူမျက်စိမှိတ်ချလိုက်မိတယ်။
နှုတ်ခမ်းထောင့်နားကိုပွတ်ဆွဲသွားတဲ့ ကြမ်းရှရှအထိအတွေ့၊ ့အသက်ရှူရပ်တော့မလို သွေးခုန်နှုန်းတွေဟာတဒိန်းဒိန်းမြည်နေတာကို သူကိုယ်တိုင်ပြန်ကြားနေရတယ်။ အသက်အောင့်ထားမိတယ်။ Lim ရဲ့ သြရှရှရယ်သံအကျယ်ကြီးက သူ့ကိုအိပ်မက်ထဲကလှုပ်နှိုးတယ်။
YOU ARE READING
Coffee House (completed)
Short StoryRainy days, the smell of coffee, this is the sign of love between us ☕🌧 Daddy's lil boy 💖