ဆိုင်ထဲကအတွင်းကျတဲ့ဝိုင်းမှာ အဲ့လူဟာလပ်တော့ကြီး တဂျိုင်းဂျိုင်းနဲ့စာတွေရိုက်နေတယ်။ ဆိုင်ထဲဝင်လာကတည်းက အဲ့လူဘာမှမှာမသောက်ဘူး။ ဆိုင်ရှင်တောင်ပြန်သွားပြီ။ အဲ့လူဟာခုထိဘာမှလာမမှာသေးဘဲ စာရွက်တွေကိုဖွလိုက်၊စာပြန်ရိုက်လိုက်နဲ့အလုပ်ရှုပ်နေတယ်။ အခြားဝိုင်းမှာလည်းလူတွေရှင်းသွားတဲ့အချိန်မှာတော့ သူစားပွဲတွေကိုလိုက်ရှင်းနေရတဲ့အတွက် သူဟာ အဲ့လူဆီအာရောက်မရောက်တော့ဘူး။
တဖြည်းဖြည်းနဲ့ရှင်းစရာစားပွဲဟာ အဲ့လူထိုင်တဲ့နေရာပဲကျန်တော့တယ်။ တစိတ်၊ ဒါဟိုတစ်ပတ်တုန်းက ပိုက်ဆံမပေးဘဲ ကော်ဖီခွက်ပြန်ပေးသွားခဲ့တဲ့လူပဲ။
"ဒီမှာခင်ဗျ၊ ဆိုင်ပိတ်တော့မှာ"
လပ်တော့ကိုပိတ်ချလိုက်ပြီး နားထင်ကိုလက်ညှိုးနဲ့ဖိနေတယ်။ မျက်မှောင်ကြီးလဲကျုံ့ထားသလိုပဲ။
"ခေါင်းအရမ်းကိုက်နေတယ် ကိုယ်ဘာသောက်သင့်လဲ"
မော့ကြည့်လာတဲ့အဲ့လူမျက်လုံးတွေဟာ ပင်လယ်ရေနဲ့တူတယ်။ ရေခဲတောင်တွေလိုခပ်တန်းတန်းမျက်ခုံးသွယ်တွေ။ မျက်မှောင်ကျုံ့ထားလို့ထိကပ်နေတယ်။ သူဖြတ်ခနဲအကြည့်လွှဲလိုက်ရတယ်။ ရင်ထဲကတစ်စုံတစ်ရာဟာ ရထားတစ်စီးခုတ်မောင်းနေသလိုတဒိန်းဒိန်းမြည်နေတယ်။
"ခင်ဗျားအတွက်အဆင်ပြေတာတစ်ခုခုယူခဲ့မယ်"
Coffee bar နဲ့စားပွဲခုံ သိပ်မဝေးပေးမဲ့ အဝေးကြီးကနေပြေးလာရသလိုသူမောနေခဲ့တယ်။ ခေါင်းကိုက်ပျောက်စေမယ်ထင်တဲ့ ခါးသပ်သပ်ကော်ဖီတစ်ခွက်ကိုသူဖျော်စပ်လိုက်တယ်။ ဒီကော်ဖီကိုသူဘယ်လိုအမည်မှဲ့ရမလဲ။ ဒါဟာပထမဦးဆုံး သူကိုယ်တိုင်ဖျော်စပ်ထားတဲ့ formula ဖြစ်နေလို့ သူနာမည်ပေးရခက်နေတယ်။
"ရော့ ဒါကိုသောက်လိုက်ရင် ခင်ဗျားသက်သာသွားလိမ့်မယ်၊ ဆိုင်ပိတ်ခါနီးပြီဗျအတက်နိုင်ဆုံးအမြန်လုပ်ပေးပါ"
ခွက်ကိုချပေးပြီးတော့ သူ့လှည့်ထွက်မယ်လုပ်တဲ့အချိန်မှာ အဲ့လူဟာသူ့လက်ကောက်ဝတ်ကိုပြန်ဆွဲလိုက်တယ်။ အနည်းငယ်ယိုင်ချင်သွားပေမယ့် ခါးကိုထိန်းကိုင်ပေးလိုက်တာခံစားမိတယ်။ တစ်ယောက်ရဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုတစ်ယောက်ပြန်ရှူမိနေတယ်။ ဘုရားရေ! ပန်းသီးတစ်လုံးလိုနီရဲနေတဲ့ အဲ့လူရဲ့ပါးပေါ်ကဝက်ခြံကတောင်ကြည့်ကောင်းလိုက်တာ။
YOU ARE READING
Coffee House (completed)
NouvellesRainy days, the smell of coffee, this is the sign of love between us ☕🌧 Daddy's lil boy 💖