"Good evening baby"
"What the hell ! ခင်ဗျားဘာလို့အစောကြီးရောက်နေတာလဲ Lim"
Close ပြထားတဲ့ဆိုင်တံခါးကို Lim ကခပ်ယိုင်ယိုင်မှီပြီးရပ်နေတယ်။ Lim ကအရင်နေ့တွေကလို suit အပြည့်နဲ့မဟုတ်ဘဲ လည်ပိတ်ဆွယ်တာလက်ရှည်နဲ့မို့ အရင်ထပ်ပိုနုသွားသလိုပဲ။ Lim ဟာသူ့ကိုဘာမှမပြောဘဲ စိုက်ကြည့်နေတယ်။ Lim ရဲ့နှုတ်ခမ်းတွေဟာ တည်နေတဲ့အချိန်ရှိရဲ့လား။
"မနေ့ကအိပ်ပျော်လား Leo"
"Ofcourse! အိပ်ယာပေါ်လှဲချလိုက်တာနဲ့အိပ်ပျော်သွားတာ"
ဒါဟာတကယ်မဟုတ်ခဲ့ပါဘူး။ သူ Lim ကိုအမှန်အတိုင်းမပြောချင်လို့ လိမ်လိုက်မိတာ။ သူတစ်ညလုံးLim အကြောင်းကိုပဲတွေးနေမိခဲ့တယ်။ Lim ရဲ့အကြောင်းတွေ သူသိချင်နေတာတွေရှိသေးတယ်။
Lim ရဲ့ဘေးနားကိုအတင်းကပ်ရပ်ရင်း သူဆိုင်တံခါးဖွင့်လိုက်ရတယ်။ Lim အနားရောက်တာနဲ့ သူ့နှလုံးခုန်နှုန်းတွေမြန်လာတော့တာပဲ။ ဆိုင်ရှင်ကတော့အမြဲနောက်ကျမှလာတယ်။ ဆိုင်ရှင်မလာခင်သူဟာ ဆိုင်တစ်ခုလုံးပြောင်လက်နေအောင် သန့်ရှင်းရေးလုပ်ရတယ်။
"ခင်ဗျားနဲ့ကျွန်တော်အပေးအယူလုပ်ထားတာမှာ ဆိုင်အတူကူဖွင့်ပေးမယ်ဆိုတာတော့ မပါဘူးထင်တယ်Lim"
Lim က လည်ပင်းကိုကုတ်ရင်းရယ်တယ်။ Lim ရဲ့နားဖျားတွေနီစွေးလာတာကို သူအဝေးကနေရပ်နေတာတောင်မြင်နေရတယ်။ မဟုတ်မှ Lim ကရှက်နေတာလား။
"ကိုယ်ညကအိပ်မပျော်ဘူးသိလားLeo"
ဘာဖြစ်လို့လဲဆိုတာသူမမေးလိုက်မိပါဘဲ "မင်းကိုသတိရနေလို့" ဆိုပြီး Lim က အသံနည်းနည်းတိုးတိုးနဲ့ထပ်ပြောလာတယ်။ အားသေတော့မယ်။ ဒီလူဘာတွေပြောနေတာလဲ။ တံမြက်စည်းတွေပါလက်ထဲကလွတ်ကျကုန်တယ်။ ရုတ်တရက်ကြီးကျို့ထိုးလာတယ်။
"အဆင်ပြေရဲ့လား ကောင်လေး"
Lim ဟာ ပြာပြာသလဲသူ့နားရောက်လာတယ်။ Lim သူ့နားရောက်လာမှပဲ ကျို့ထိုးတာဟာအဆက်မပျက်ဖြစ်လာတော့တယ်။
"ရ ရတယ်ခင်ဗျားသွားထိုင်နေ"
Lim ကိုအနားကနေအတင်းတွန်းထုတ်ရင်း သူဆိုင်သန့်ရှင်းလုပ်ဖို့စတင်ရတယ်။ တစ်စုံတစ်ယောက်ကြည့်နေတယ်ဆိုတဲ့ခံစားချက်ဟာ တအားနေရခက်စေတယ်။ Lim ဟာမနေ့ကလို လပ်တော့လည်းမပါဘူး။ စာရွက်စာတန်းတွေလည်းမပါဘူး။ Lim လုပ်စရာအလုပ်က သူ့ကိုထိုင်ကြည့်နေတာတစ်ခုပဲရှိတော့တာလား။
YOU ARE READING
Coffee House (completed)
Short StoryRainy days, the smell of coffee, this is the sign of love between us ☕🌧 Daddy's lil boy 💖