Four (Unicode)

244 39 0
                                    

သူကော်ဖီဆိုင်လေးကိုမသွားရတာ တစ်ပတ်ရှိပြီ။ Lim နဲ့မတွေ့ရတာလည်းတစ်ပတ်ရှိနေပြီ။ နောက်ဆုံးတွေ့ရတဲ့ညက ၁၂နာရီကျော်ထိLimနဲ့အတူ စကားတွေပြောဖြစ်ခဲ့တယ်။ Lim က သီချင်းခပ်အေးအေးတွေသိပ်ကြိုက်တယ်။ Lim က အဖြူအမဲဇာတ်ကားတွေကြိုက်တယ်။ Lim ဟာ သရဲကားတွေကြည့်ရဲပေမယ့် သွေးထွက်သံယိုကားတွေဆို အရမ်းကြောက်တယ်တဲ့။  Lim ရဲ့အိမ်မှာ ကြောင်အနက်ရောင်တစ်ကောင်ရှိတယ်ဆိုတာလည်း Lim ကသူ့ကိုပြောပြတယ်။ ကြောင်လေးက Lim ရဲ့ဝမ်းဗိုက်ကြွက်သားတွေပေါ်မှာအိပ်ရတာကိုသဘောကျတယ်တဲ့။ Lim ဟာသူကြိုက်တဲ့အရာတွေအကြောင်းပြောနေရတဲ့အချိန်ဆို အရမ်းပျော်နေသလိုပဲ။  Lim ရဲ့အကြောင်းတွေ သူပိုသိချင်သေးတယ်။ နောက်ပြီး သူLim ကိုလွမ်းနေတယ်။

စာမေးပွဲအတွက်စာတွေကျက်နေရတာမို့ သူအချိန်ပိုင်းအလုပ်မလုပ်နိုင်ဘူးလေ။ သူ့ရဲ့ညနေဘက်အချိန်တွေကို စာတွေလေ့လာဖို့အချိန်ပေးနေရတယ်။ ညက အိပ်ယာဝင်တာညဥ့်နက်ခဲ့တယ်။ မနက်ဆယ်နာရီထိုးတဲ့အထိ သူအိပ်ယာထဲကမထနိုင်သေးဘဲ လူးလှိမ့်နေမိတယ်။

ဘဲလ်တီးသံကြားလိုက်ရတဲ့အချိန်မှာ အိပ်ယာကနေငေါက်ခနဲထထိုင်လိုက်ရတယ်။ ဒီအချိန်ကြီးသူ့အိမ်ကိုလာတာ ဘယ်သူရှိမလဲ။ ရေရေရာရာစဉ်းစားလို့မရဘူး။ ရှုပ်ပွနေတဲ့အိပ်ယာကို ဖြစ်သလိုခေါက်လိုက်တယ်။

အိမ်ခန်းတံခါးကိုဖွင့်လိုက်တဲ့အချိန်မှာ သူတအားကိုအံ့သြသွားရတယ်။ Lim ဟာ သူ့ရဲ့အောက်ပိုင်းကိုကြည့်ပြီး မျက်လုံးကိုလက်နှစ်ဖက်နဲ့အုပ်ပစ်လိုက်တယ်။ shit!! သေတော့မှာပဲ။ ရှပ်အဖြူအရှည်ကြီးရဲ့အောက်မှာ boxer တစ်ထည်ပဲပါတယ်။ တံခါးကိုစောင့်ပိတ်လိုက်မိတယ်။ သူအဝတ်အစားလဲဖို့လိုနေတယ်။ stitch အရုပ်တွေပါတဲ့ အပြာရောင်ချည်သားဘောင်းဘီရှည်တစ်ထည်ကို ကောက်ဝတ်လိုက်တယ်။ ရှုပ်ပွနေတဲ့ပစ္စည်းတွေကိုရရာအံဆွဲတွေထဲအမြန်လိုက်ထိုးထည့်ရတယ်။ body spray လေးတစ်ချက်နှစ်ချက် ဖြန်းလိုက်တယ်။ ဒီလောက်ဆိုအိုခေပြီမဟုတ်လား။

တံခါးကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာ Lim ဟာ သူ့အိမ်သူ့ယာလိုပဲ မီးဖိုခန်းထဲထိဝင်သွားတယ်။ ခပ်သေးသေးစားပွဲဝိုင်းလေးပေါ်မှာ Macdonald က တံဆိပ်ပါတဲ့ဖော့ဘူးတွေကိုတင်လိုက်တယ်။

Coffee House (completed)Where stories live. Discover now