Six (Unicode)

440 43 11
                                    

နှင်းတွေထူနေတဲ့အဖြူရောင်ရာသီဥတုမှာ မာဖလာအနီရောင်ရယ်၊ အနွေးထည်အစိမ်းကလေးရယ်နဲ့ သူ့ရဲ့ပုံစံဟာ ခရစ်စမတ်သစ်ပင်နဲ့တူနေမလား။ ရေမချိုးချင်လောက်အောင် အေးနေတဲ့ရာသီဥတုမှာ မသွားချင်လည်းအလုပ်ကိုသွားနေရတယ်။ Limရဲ့အငွေ့အသက်တွေရှိနေတဲ့ကော်ဖီဆိုင်ကနေ သူအလုပ်ထွက်ခဲ့တာ သုံးလရှိနေပြီ။ ခံစားချက်တွေအနည်ထိုင်သွားပြီလားမေးရင် သူခေါင်းခါမိလိမ့်မယ်။ ကော်ဖီအကြောင်းစဉ်းစားမိတိုင်း ရူးခါနေအောင်လွမ်းတယ်Lim...

ကော်ဖီနံ့တွေကိုစွန့်ခွာပြီး စာရွက်အသစ်အနံ့ကလေးသင်းနေတဲ့ စာကြည့်တိုက်တစ်ခုမှာသူအလုပ်ရတယ်။ အလုပ်အသစ်ဟာအရင်လိုမပင်ပန်းဘဲ စာအုပ်တွေပေါ်မှာ code number တွေလိုက်ကပ်ပေးရရုံလေး။ အခြားဝန်ထမ်းတွေရှိပေမယ့် စကားနည်းတဲ့သူ့ကိုဘယ်သူမှမပေါင်းချင်ပါဘူး။ 

ကော်ဖီဆိုင်ကအလုပ်ထွက်ပြီးတာနဲ့ သူ့ရဲ့cv form တွေကို ရှိသမျှဆိုင်တိုင်းကိုလိုက်ဝေခဲ့ရတယ်။ စာမေးပွဲဖြေနေတဲ့အချိန်မှာ အလုပ်လျှောက်ထားတာကိုမေ့သွားခဲ့ပေမယ့် တိုက်တိုက်ဆိုင်ဆိုင် စာမေးပွဲနောက်ဆုံးရက်မှာ သူ့ဆီအလုပ်လက်ခံကြောင်းဖုန်းဝင်လာခဲ့တယ်။ ဘယ်တုန်းကလျှောက်ထားတဲ့အလုပ်လည်းဆိုတာ သူစဉ်းစားမရတော့ဘူး။

Lim နဲ့တွေ့ခဲ့တာကံဆိုးခြင်းမမည်အောင် Lim ဟာ သူ့ဆီက ကံဆိုးခြင်းတွေကိုဖယ်ယူသွားသလားထင်ရတယ်။ ဘာလို့ဆို အောင်မှတ်ဖိုးလောက်ပဲဖြေခဲ့တဲ့သူဟာ နောက်နှစ်အတွက်ပညာသင်စရိတ်ဆုရတယ်တဲ့။ ဒါဟာသိပ်အံ့သြစရာကောင်းလွန်းတယ်လို့ ခင်ဗျားတို့မထင်ဘူးလား။ ကုတ်နံပါတ်တွေလိုက်ကပ်ပေးရုံနဲ့ သူရနေတဲ့လစာဟာလည်း သုံးလို့မကုန်အောင်ကိုများနေတယ်။ အလုပ်အသစ်မှာအသားကျနေပြီ။ အိမ်နဲ့ဝေးပေမယ့် နှင်းတွေကြားထဲလမ်းလျှောက်ရတာသူသိပ်သဘောကျတယ်။

စာကြည့်တိုက်ထဲဝင်သွားတာနဲ့ စာရွက်အသစ်အနံ့ကလေးမွှေးနေတယ်။ အခြားဝန်ထမ်းတွေဟာလည်း သူ့ကိုပြုံးပြနှုတ်ဆက်တယ်။ အရာအားလုံးပြည့်စုံနေပြီထင်ရပေမယ့် ရင်ထဲမှာတော့လစ်ဟာနေတယ်။ သူ့ရဲ့နေ့ရက်တိုင်းဟာ ဒီလိုပဲဝမ်းနည်းတလှည့်၊ လွမ်းတလှည့်ကုန်နေရတော့မှာလား။

Coffee House (completed)Where stories live. Discover now