ထူးခြားတဲ့ကိုယ့်ချစ်သူ(Part-19)
966 70 3
Zawgyi
တဖြည်းဖြည်းမှောင်စပြုနေတဲ့လမ်းမပေါ်မှာ တစ်ယောက်တည်းရောက်မိရောက်ရာလျှောက်လာနေတဲ့ရှောင်ကျန့် ပါးပြင်ထက်ကမျက်ရည်တေကအတားအဆီးမရှိလွတ်လပ်စွာစီးကျနေတယ် ခြေလှမ်းတေကအားမရှိယိုင်နဲ့နေတယ် စိတ်တေကလမ်း‌လျှောက်နေတဲ့ဆီအာရုံမရောက်ဘဲ အရင်‌ကရိပေါ်နဲ့ပျော်ခဲ့တဲ့အချိန်တေဆီရောက်နေတယ် လမ်းလျှောက်ရင်း‌ခြေလှမ်းတေကအလိုလိုရောက်လာခဲ့တဲ့နေရာလေးက ရိပေါ်သူ့ကိုဖွင့်ပြောခဲ့တဲ့နေရာလေး ဒါပေမယ့်ခုနကအကြောင်းတေက သူ့အတွေးထဲရောက်လာတဲ့အချိန်မှာ အရမ်းစိတ်နာတယ် ရိပေါ်ကသူ့ကိုအစကတည်းကလိမ်ညာခဲ့တာ သူ့ရဲ့စကားတေကအလိမ်အညာတေနဲ့ပြည့်နှက်နေခဲ့တယ် အခုချိန်ထိလိမ်နေတုန်းပဲလားဆိုတာမသိနိုင်ဘူး
ကျန်းချန်"ရှောင်ကျန့်!!"
ရှောင်ကျန့်"ကျန်းချန်"
ရှောင်ကျန့်သူ့ရဲ့မျက်ရည်တေကိုအလျင်အမြန်သုတ်လိုက်တယ်
ရှောင်ကျန့်"ကျန်းချန် မင်း အိမ်မပြန်သေးဘူးလား"
ကျန်းချန်"မင်းပုံစံကိုလဲကြည့်ဦး ငါကဘယ်လိုလုပ်ပြီးထားခဲ့နိုင်မှာလဲ"
ရှောင်ကျန့်"ငါ ငါဘာမှမဖြစ်ပါဘူး စိတ်မပူပါနဲ့ ငါနည်းနည်းစိတ်ရှုပ်နေရုံပါ"
ကျန်းချန်"မင်း ငါ့ကိုလာလိမ်မနေနဲ့ ငါအကုန်သိပြီးပြီ"
ရှောင်ကျန့်"ဟမ် ဘယ်လို!!"
ကျန်းချန်"ငါ့ကိုကျဲပြောပြတာ, မင်းအက်လောက်လဲဝမ်းနည်းမနေပါနဲ့ သူလဲအကြောင်းရှိလို့မပြောတာနေမှာပေါ့ ကြည့်ပါလားအခုတောင်မင်းကသူ့ကိုအက်လောက်ပြောပြီးထွက်လာတာ"
ရှောင်ကျန့်"ဒါပေမယ့် သူငါ့ကိုပြောပြသင့်တယ်လေ သူ့မှာငါ့ကိုပြောပြဖို့အချိန်တေအများကြီးရှိတာပဲဟာ သူကငါ့ကိုအစကတည်းကလိမ်ညာချင်လို့သာမပြောတာနေမှာ သူ့ကိုဖမ်းမှာစိုးလို့ငါ့အချစ်ကိုလိမ်ညာပြီးယူခဲ့တာ"
ကျန်းချန်"အက်လိုတော့လဲမဟုတ်လောက်ပါဘူး
ရှောင်ကျန့်ရယ် မင်းအတွေးလွန်နေတာဖြစ်မှာပါ"
ရှောင်ကျန့်"ဘာပဲဖြစ်ဖြစ်သူငါ့ကိုလိမ်ခဲ့တယ်လေ"
ပြောရင်းနဲ့တဖန်ကျလာပြန်တဲ့မျက်ရည်တေ
ကျန်းချန်"ကျဲစိတ်ပူနေတော့မယ် ပြန်ရအောင်"
ရှောင်ကျန့်"အင်း"
ဒီလိုနဲ့နှစ်ယောက်သားအိမ်ပြန်လာခဲ့တယ်
ကျန်းရန်လီ"အားကျန့်,အားချန်"
ရှောင်ကျန့်"ကျဲ ,ကျန့်ကျန့်သွားနားတော့မယ် ပင်ပန်းလာလို့"
ကျန်းရန်လီ"အားကျန့်!" "အားချန် ဘာတေဖြစ်လာတာလဲ"
ကျန်းချန်"Hmmm........လာ ဟိုမှာထိုင်ပြီးပြောရအောင်"
ကျန်းချန်လဲအကုန်ပြောပြလိုက်တယ်
-------------------------
ဝမ်နင်"သခင်လေး သခင်လေး သတိရလာပြီလား"
ရိပေါ်"ရှောင်ကျန့် ရှောင်ကျန့်ဆီသွားရမယ်"
ဝမ်နင်"သခင်လေး ကျန့်ကောကသခက်လေးကိုတွေ့ ချင်မှာမဟုတ်ဘူး"
ရိပေါ်"သူ သူငါ့ကိုမုန်းသွားပြီ ၀မ်နင် သူကငါ့ကိုအရမ်းမုန်းတယ်တဲ့"
ဝမ်နင်"ကျန့်ကောကစိတ်ဆိုးတုန်းပြောသွားတာနေမှာပါ"
ရိပေါ်"သူငါ့ကိုတကယ်မုန်းသွားရင်ဘယ်လိုလုပ်မလဲ"
ဝမ်နင်"မမုန်းလောက်ပါဘူး သခင်လေးရယ် အခုတော့သခင်လေးကနေမကောင်းဘူးလေနားလိုက်ပါဦး"
ရိပေါ် pov"ကျန့်ကျန့် ကိုယ်မင်းကိုအရမ်းချစ်တယ်"
ရိပေါ်"၀မ်နင်"
ဝမ်နင်"ဗျာ သခင်လေး"
ရိပေါ်"မင်းလုပ်ချင်တဲ့အလုပ်တေရှိတယ်မလား အောင်မြင်အောင်လုပ်ပါ ငါပြန်လာတဲ့အခါကျရင် ငါတို့သုံးယောက်ပျော်ပျော်ရွှင်ရွှင်နေကြမယ်နော်"
ဝမ်နင်"ဟုတ် ဟုတ်ကဲ့သခင်လေး"
ဝမ်ချင်"သခင်လေး"
ရိပေါ်"အင်း ငါအခုနားတော့မယ်"
ဝမ်နင်"ဟုတ်ကဲ့"
အခန်းထဲက၀မ်နင်တို့ထွက်သွားတော့မှ သူ့ရဲ့မျက်ရည်တေကပါးပြင်ထက်သို့စီးကျလာခဲ့တယ် နားထဲမှာ "မုန်းတယ် မင်းကိုအရမ်းမုန်းတယ်"ဆိုတဲ့စကားတေကအကြိမ်ကြိမ်ကြားနေရတယ် သူအိပ်လို့မပျော်ဘူး မအိပ်လဲမအိပ်နိုင်ဘူး သူ့ကိုနားကျည်းစွာကြည့်ပြီးပြောသွားတဲ့ချစ်ရသူရဲ့စကားသံတေ သူ့ရှေ့ကနေမုန်းတယ်ဆိုတဲ့စကားကိုပြောပြီးထွက်သွားတဲ့မြင်ကွင်းကို အိပ်မက်ထဲထိမြင်နေရမှာကိုသူကြောက်တယ် အက်စကားသံတေကြားယောင်မိတိုင်း အက်မြင်ကွင်းတေမြက်ယောက်မိတိုင်း သူ့ရဲ့နှလုံးသားကတဆစ်ဆစ်နာကျင်ရတယ် ချစ်ရသူကသူ့ကိုဘယ်လောက်တောက်မုန်းနေလိုက်မလဲတွေးမိတိုင်း သေမတတ်ခံစားရတယ် ဒါပေမယ့်အက်ဒီ့အတွေးတေကနေသူမလွတ်မြောက်နိုင်ဘူး အရာအားလုံးကသူစတင်ခဲ့တာတေပဲလေ ရှောင်ကျန့်လဲဘယ်လောက်တောင်ခံစားနေရမလဲ ချစ်ရသူခံစားရတာနဲ့ယှဉ်ရင် ကိုယ်ခံစားရတာတေကဘယ်လောက်မှမဟုတ်ပါဘူး အလိမ်ခံရတယ်ဆိုတဲ့ခံစားချက်နဲ့သူ့ကိုမုန်းနေမယ်ဆိုတာကတော့အသေအချာပါပဲ "အရာအားလုံးကိုပြန်လည်ပြင်ဆင်လို့ရမယ်ဆိုရင် ကိုယ်မင်းကိုလိမ်‌ခဲ့မှာမဟုတ်ပါဘူး"
အတွေးများစွာနဲ့ညဉ့်နက်ခဲ့တယ် အားမရှိတဲ့မျက်လုံးအစုံဟာ မိုးလင်းခါနီးမှာအမှောင်ကျသွားခဲ့တယ် သူကြောက်တဲ့အရာတေကဖြစ်ပေါ်လာပြီး သူ့ကိုပိုပြီးခြောက်လှန့်နေခဲ့တယ် အိပ်မက်ထဲမှာသူ့ကိုရှောင်ကျန့်ကအရမ်းတေမုန်းနေတယ် ရှောင်ကျန့်ရဲ့စကားတစ်လုံးစီတိုင်း အကြည့်တစ်ချက်စီတိုင်းကအမုန်းတေနဲ့ပြည့်နှက်နေတယ် နောက်ဆုံးလန့်နိုးတဲ့အထိတောင်ပေါ့
---------------------
ကျန်းချန်"ရှောင်ကျန့်,မင်းအဆင်မပြေရင် ဦးလေးကျန်းကိုငါသွားပြောပေးရမလား"
ရှောင်ကျန့်"ရပါတယ် ငါပဲသွားလိုက်မယ်"
ကျန်းချန်"ဒါပေမယ့်မင်းညကတည်းကမအိပ်ရသေးဘူးမလား"
ရှောင်ကျန့်"ရပါတယ် ငါသွားပြီနော်"
ကျန်းချန်"အင်း အင်း"
ကျန်းချန်လဲရိပေါ်ကိုတိမ်လွှာနန်းမြိုင်ဆီပို့ဖို့စီစဉ်စရာရှိတာတေကိုရှင်းချန်တို့နဲ့အတူစီစဉ်လိုက်တယ်