Zawgyi
ကျန်းချန်"ရှောင်ကျန့် ငါတို့ပြန်ဖို့အကုန်စီစဉ်ပြီးပြီ"
ရှောင်ကျန့်"အင်း"
ကျန်းချန်"လာ ဆရာကြီးကိုနှုတ်ဆက်ပြီးသွားရအောင်"
ရှောင်ကျန့်"အင်း သွားမယ်"
ရှောင်ကျန့်တို့နှစ်ယောက်ဆရာကြီးကိုနှုတ်ဆက်ပြီး ပြန်ခဲ့တယ် ရိပေါ်ကတော့ သူ့ရဲ့အဆောင်မှာအပြစ်ဆင်ခြင်နေရတယ် ဘယ်သူနဲ့မှလည်းမတွေ့ရဘဲ အဆောင်တွင်းမှာသာနေရတယ် ပြီးတော့ဒီနေ့ဟာ လပြည့်နေ့လည်းဖြစ်တာကြောင့် ပိုပြီးသတိထားနေရတယ် ကိုယ့်ကိုကိုယ်လဲထိန်းချုပ်ထားရတယ် တဖြည်းဖြည်းနဲ့နေမင်းကြီးပျောက်ကွယ်ကြီး လမင်းကြီးထွက်ပေါ်လာတဲ့ညအချိန်အရောက်မှာ ရိပေါ်အတွက်အရမ်းခက်ခဲတယ် စိတ်တေဟာလဲအရိုင်းဆန်လာခဲ့တယ် လူသားရဲ့သွေးကိုလဲတောင်းတနေမိတယ် ဒါပေမယ့် သူ့ရဲ့ကျန်ရှိနေတဲ့အသိစိတ်နဲ့ထိန်းချုပ်ထားရတယ် လူးလိမ့်နေအောင်ခံစားရတယ် ဒါပေမယ့်သူ့ရဲ့အတွေးထဲမှာတော့ "ကိုယ်မှားပါတယ် မင်းကိုမလိမ်ခဲ့သင့်ဘူး မင်းအချစ်တေကိုလိမ်ညာပြီးမယူသင့်ဘူး ကိုယ်တကယ်ကိုမှားပါတယ် ကိုယ့်အမှားတေကိုပြင်ဆင်ပြီး မင်းကိုတောင်းပန်ပါ့မယ် မင်းဖြစ်စေချင်သလိုဖြစ်စေရမယ် တခြားလူတေကိုလဲအန္တရာယ်မပေးတဲ့သူအဖြစ်နေမယ် ကိုယ့်ကိုနောက်ဆုံးတစ်ကြိမ်အဖြစ်အခွင့်အရေးပေးပါနော် ကိုယ်တောင်းပန်ပါတယ်" တောင်းပန်ပါတယ်ဆိုတဲ့စကားကိုထပ်ခါတလဲလဲပြောနေမိတယ် သူကြားမှာမဟုတ်ပေမယ့်ပေါ့
ရှောင်ကျန့်ကတော့ သွားနေတဲ့လမ်းပေါ်မှာအာရုံမရပဲ စိတ်ထဲမှာရိပေါ်ကိုသာတွေးနေမိတယ် ဒါပေမယ့်လဲ ကိုယ့်ကိုကိုယ်ညာနေတုန်း
ကျန်းချန်"ရှောင်ကျန့် ရှောင်ကျန့်!!"
ရှောင်ကျန့်"ဟင်"
ကျန်းချန်"မင်း ငါပြောတာစဉ်းစားကြည့်ပြီးပြီလား"
ရှောင်ကျန့်"......"
ကျန်းချန်"မင်းသေချာစဉ်းစားနော် မင်းချစ်ရတဲ့သူကိုမင်းအကြောင်းတစ်ခုတည်းကြောင့် အခွင့်အရေးတစ်ခုလေးတောင်မပေးဘဲ ဆုံးရှုံးခံတော့မယ်ပေါ့ သူကမင်းကိုရည်ရွယ်ချက်ရှိရှိနဲ့ညာခဲ့တဲ့ပုံလဲမဟုတ်ပါဘူး"
ရှောင်ကျန့်"အင်းပါ"
------------------
တိမ်လွှာနန်းမြိုင်ရဲ့တပည့်တစ်ယောက်က ရိပေါ်ဆီကိုတိရစ္ဆာန်ရဲ့သွေးတစ်ချို့ထည့်ထားတဲ့ပန်းကန်ကိုပို့ဖို့အတွက် တံခါးကိုဖွင့်လိုက်တဲ့အချိန် ရိပေါ်ဟာမေ့လဲနေတာကြောင့် သွားထူလိုက်တယ်
"သခင်လေး သခင်လေး"
ရိပေါ်သတိရလာပြီး သူ့ရှေ့ကလူသားကိုမြင်တော့ ကိုက်ဖို့လုပ်လိုက်ပြီးမှ သတိပြန်ဝင်လာပြီး
ရိပေါ်"သွား သွားတော့ မြန်မြန်"
ထိုလူလဲ ကြောက်ကြောက်နဲ့ အမြန်ပြေးထွက်သွားလေရဲ့ အပြင်ကလူတေကလဲတံခါးကိုအမြန်ပိတ်လိုက်ကြတယ်
YOU ARE READING
VampireZawgyi Vampireဖြစ်တဲ့Yiboကလပြည့်ညတိုင်းသွေးဆာတာကြောင့်လူရဲ့သန့်စင်တဲ့သွေးကိုသောက်သုံးရတယ် သူသွေးစုပ်လို့သေသွားတဲ့လူတေရဲ့အမှုကိုလိုက်စုံစမ်းရတဲ့XiaoZhanကိုသတ်ပစ်ဖို့ချဉ်းကပ်ရာကXiaoZhanကိုမြင်မြင်ချင်းချစ်မိသွားတဲ့Yiboသူ့ရဲ့အကြောင်းတွေကိုဖုံးကွယ်ပြီး X...