Zawgyi
ရှောင်ကျန့်"ကျဲရေ ကျဲ"
ကျန်းရန်လီ"လာပြီ ကျန့်ကျန့်ရေ"
ရှောင်ကျန့်"ဒီမှာ ကျန့်ကျန့်မုန့်တေဝယ်လာတယ်"
ကျန်းရန်လီ"ဟုတ်လား စစ်ကျွေးလေးကိုကျွေးရမယ်"
ရှောင်ကျန့်"ဟုတ် ကျဲ"
စစ်ကျွေး"ဦးဦး ပြန်လာပြီ"
ရှောင်ကျန့်"ဟုတ်တယ် စစ်ကျွေးလေး မုန့်တေတောင်ဝယ်လာသေးတယ် ပြီးရင်စစ်ကျွေးလေးကိုကျွေးမယ်"
စစ်ကျွေး"ဟုတ် ဦးဦး"
ကျန်းရန်လီ"မုန့်စားလို့ရပါပြီ"
ရှောင်ကျန့်"ကျဲတို့စားကြနော် ကျန့်ကျန့်ကစားပြီးပြီ သွားနားတော့မယ်"
ကျန်းရန်လီ"အင်း ကျန့်ကျန့်"
ရှောင်ကျန့်လဲ အခန်းထဲဝင်ပြီး အမှုအတွက်သူစုံစမ်းရတဲ့ဟာတေကို ချရေးထားလိုက်သည်
သူစဉ်းစားမိသည် တကယ်လို့ကျန်းချန်ပြောသလို သွေးစုတ်ဖုတ်ကောင်သာဆိုရင် လူတေအတွက်အန္တရာယ်ရှိတယ် ပြီးတော့သူ့ကိုဘယ်လိုဖမ်းရမှာလဲ သူကရောဘယ်သူလဲ ကြည့်ရသလောက်က ဒီမြို့ထဲမှာရှိနေတာရောဟုတ်ရဲ့လား ထူးခြားတဲ့လူ ဒီမြို့လေးထဲမှာရှိနေလို့လား ကြည့်ရသလောက်ကသိပ်ပြီးမသင်္ကာစရာကောင်းတဲ့လူတေလဲသိပ်မရှိပါဘူး
ငါဘာလုပ်ရမလဲ?တကယ်ပဲ။ကျန်းချန်ကလဲဘယ်လောက်ထိကြာဦးမှာလဲ မသိဘူး ကျန်းချန်သာလပြည့်ညမရောက်မှီပြန်လာမယ်ဆိုရင် ဒီတစ်ခါတော့ငါရအောင်ကယ်မယ် သူလူထပ်မသတ်စေရဘူး ငါရအောင်ကယ်မှာ ကျန်းချန်ရေမင်းကိုပဲမျှော်နေရတော့မယ် ဟူးးးးးးးးးးးး
သက်ပြင်းအရှည်ကြီးကိုချလို့ အိပ်ဖို့ပြင်ဆင်လိုက်တယ် ဒါပေမယ့်အိပ်လို့မရ ဘာလို့ဆို ခုနကရိပေါ်ရဲ့စကားတေကိုရှင်းရှင်းလင်းလင်းပြန်ကြားနေရလို့ ရိပေါ်နဲ့တွေ့လိုက်တိုင်း သူ့ရင်ထဲမှာတစ်မျိုးကြီးပဲ ရင်ခုန်လွန်းလို့သေတော့မလိုပဲ ခုနကလဲရိပေါ်စကားတေကိုမသိချင်ယောင်ဆောင်လိုက်ရတယ် သူကြည့်နေတာတေသိပေမယ့် မသိသလိုနေနေရတယ် နောက်မို့ဆိုနာမည်ကြီးနေမယ် ရင်ခုန်လွန်ပြီးသေတဲ့မသာဆိုပြီးတော့လေ လူသတ်သမားသတ်လို့မသေပဲ ရိပေါ်သတ်လို့သေတော့မယ် ဒုက္ခပါပဲ ငါလေးတော့ဒီမြို့ရောက်မှ ဘာတေဖြစ်နေမှန်းကိုမသိတော့ဘူး😩
**********
ကျန်းချန်လဲမနက်စောစောထလို့ ဆရာကြီးကိုသွားမေးဖို့လုပ်တော့သည်
ရှင်းချန်"ကျန်းသခင်လေး နိုးနေပြီပဲ"
ကျန်းချန်"ဟုတ် နိုးနေပါပြီ"
ွှရှင်းချန်"ဆရာကြီးခေါ်ခိုင်းလိုက်လို့ပါ"
ကျန်းချန်"အခုပဲ လာတော့မလို့'
ရှင်းချန်"အာ့ဆိုသွားရအောင်သခင်လေး"
ကျန်းချန်"ကောင်းပါပြီ"
VOCÊ ESTÁ LENDO
VampiroZawgyi Vampireဖြစ်တဲ့Yiboကလပြည့်ညတိုင်းသွေးဆာတာကြောင့်လူရဲ့သန့်စင်တဲ့သွေးကိုသောက်သုံးရတယ် သူသွေးစုပ်လို့သေသွားတဲ့လူတေရဲ့အမှုကိုလိုက်စုံစမ်းရတဲ့XiaoZhanကိုသတ်ပစ်ဖို့ချဉ်းကပ်ရာကXiaoZhanကိုမြင်မြင်ချင်းချစ်မိသွားတဲ့Yiboသူ့ရဲ့အကြောင်းတွေကိုဖုံးကွယ်ပြီး X...