Zawgyi#
"ဟျောင့် တကယ်ကြီးလား ရှောင်ကျန့် "
ရှောင်ကျန့်ဆိုတဲ့ အသံကြောင့်ကျွန်တော် ခေါင်းထောင်သွားသည်
"မင်းကလည်း အရင်းမရှိ အဖျားမရှိတွေ မေးနေပြီ "
"နေစမ်းပါ အားဟုန်ရာ ငါ ဘာမေးချင်လဲ ဆိုတာ ရှောင်ကျန့် သိတယ် "
"မင်းသိချင်လည်း ခဏနေအုံး ရှောင်ကျန့်က အခုမှ လာတာလေကွာ ခဏလောက်ပေးနားလိုက်ပါအုံး "
"အော်အေး "
ရှောင်ကျန့်တို့သူငယ်ချင်းတွေ ပြောနေတာ သူနဲ့ ကျွန်တော်နဲ့ အကြောင်းဘဲ နေမှာ ကျွန်တော် အခု ထိုင်နေတာက သူတို့ခုံနဲ့ ကျောကပ်ရပ် ထိုင်ခုံတွေက ဆိုဖာ နောက်မှီအမြင့် မို့ တဖက်ခုံမှာ ဘယ်သူတွေ ထိုင်နေလည်း ဆိုတာ လွယ်လွယ်နဲ့ မသိနိုင်ဘူး
"Chen မင်းက ရှောင်ကျန့် နဲ့ အတူလာတာလား leoရော "
"အာ ဒီမှာလေ လေ သွားပြီ သူ့ကို ငါမေ့သွားပြီ မုန့်သွားဝယ်တာခဏစောင့်ခိုင်းထားတာကို ငါသွားလိုက်အုံး မင်းတို့ ဒီမှာဘဲ နေမှာမှတ်လား "
"အေး မြန်မြန်သွား ဟျောင့်ရေ နို့မို့ဆို ပွားတော့မှာ ဟားဟား"
ရှောင်ကျန့်တို့ အဖွဲ့ ရီနေပင်မယ့် ရှောင်ကျန့်ရဲ့ အသံတော့ မကြားရ
"ရှောင်ကျန့် ငါသိချင်လို့ သေတော့မယ် အခု ဟာတကယ်လား "
"အေး "
"ဘယ်လို ဖြစ်သွားတာလဲ ကွာ "
"သူ ငါ့ကို အစတည်းက မချစ်ခဲ့ဘူးကွ အဲ့ဒါကို ငါက ရူးနေလို့ "
"မေ့လိုက်ပါကွာ သူ့ထက်ကောင်းတာ တွေမှ အများကြီးပါ ကြည့်စမ်း အခု တောင် တဆိုင်လုံးက အလန်းတွေ ချည်ဘဲ ကဲ ပြောမင်း ဘယ်တယောက် စိတ်ဝင်စားလဲ "
သူ့သူငယ်ချင်း ပြောသလိုဘဲ တဆိုင်လုံးက အချောတွေဘဲ မို့ သူဘယ် တယောက် ရွေးမလည်း ဆိုတာ ကျွန်တော့ကို တကယ် စိတ်ရှုပ်စေတာကြောင့် လက်ထဲ ကိုင်ထားတဲ့ အအေး ခွက်ကို ကျစ်နေအောင် ဆုပ်ထားမိသည်
"ရှောင် ကျန့် ဟိုကိုကြည့် ကျဲမဟုတ်လား "
"ဟင် ဘယ်မှာလဲ "