"အဲ့ဒါ ဘာထိုင်လုပ်နေတာလဲ "
ကျွန်တော် ထွက်ပြေးဖို့ ကြံနေတုန်း သူ့ရဲ့ သံကြိုးသာမက ခြေထောက်တဖက်ကပါ ကျောက်ပတ်တီးနဲ့မို့ ဘယ်လိုမှ ကြံရာမရဘဲ ဖြစ်နေတုန်းဘယ်အချိန်တည်းက ရောက်နေမှန်းမသိတဲ့ သူက လှမ်းမေးလိုက်တာကြောင့် ကျွန်တော့ရဲ့ ခန္ဓာကိုယ်တုန်တက်သွားသည်
"ငါမေးနေတယ် အဲ့မှာ ဘာထိုင်လုပ်နေတာလဲ လို့ "
သူက ဒေါသံဖြင့် ကျယ်လောင်စွာ အော်ပြောတော့ကျွန်တော် ဘယ်လို ပြောရမှန်းမသိ ဖြစ်နေတုန်း သူက အနားကို လာပြီး ပါးတွေကို ဖြစ်ညစ်ကာ ခေါင်းကို မော့စေသည်
"ငါမေးနေတာ ဖြေလေ မင်းအနေလား ဘာလဲ မင်း ထွက်ပြေးဖို့ ကြံနေတာလား "
"မဟုတ်..... အ့ နာတယ် "
"မဟုတ်ဘူးဆို ဖြေ ဘာလုပ်ဖို့အောက်မှာ ထိုင်နေတာလဲလို့ "
"အိမ်..... သာ "
"ဘာ "
"အိမ်....သာ...သွား..ချင်လို့ "
ကြံရာမရတာနဲ့ ပြောမိပြောရာ ပြောလိုက်တော့ သူက လွတ်ပေးလိုက်သည်
"သွားချင်ရင် ငါ့ကို ပြောလေ မင်း ဘာလို့ အဲ့လိုတွေ အပင်ပန်းခံနေရတာလဲ အခုရော သွားအုန်းမှာလား "
"ဟုတ်"
ကျွန်တော် ခေါင်းအသာ ညိတ်ပြလိုက်တော့ သူက ကျွန်တော့ကို ပွေ့ချီပြီး အိမ်သာ ထဲကို ခေါ်သွားသည် အခန်းထဲရောက်တော့ သူက မထွက်ဘဲ ကျွန်တော့်ကို ဘောင်းဘီချွတ်ပေးတော့ ကျွန်တော်လည်း မြန်မြန်တားလိုက်ပြီး
"ဟို ကိုယ့်ဘာသာဘဲ"
"မရှည်နဲ့ လုပ်ပေးတာကို ငြိမ်ခံနေလိုက်"
". ......."
ကိစ္စအကုန် ပြီးသွားတော့ သူက ကျွန်တော့်ကို ပြန်ပွေ့ချီပြီး ကုတင် ပေါ် ပြန်တင်လိုက်သည်
"နေသာ သွားပြီလား "
"ဟုတ် "
*အခုချိန် သူ့စကား နားထောင်တာ အကောင်းဆုံး နောက်မှ နောက်မှ ထွက်ပြေးနိုင်အောင်ကြိုးစားကြတာပေါ့ ရှောင်ကျန့်ရေ 5ting *