part 4🔞🌚🔞

17.2K 720 46
                                    

မနက်တည်းက ရှောင်ကျန့်ကြောင့် စိတ်တိုတိုနဲ့ ကားလျောက်မောင်းတာ အချိန်မည်မျှ ကုန်သွားသလည်း မသိ ဘယ်နေရာရောက်မှန်းမသိ နောက်ဆုံး ရောက်ရာနေရာမှာ ရပ်လိုက်တော့ ပုံစံတူအိမ်လေးတွေ ဟို တစု ဒီတစုနဲ့ စနစ်တကျ ဆောက်ထား တာ နှစ်သက်ဖွယ်အတိ

ထိုသည့်နေရာသည်ကား ဝမ်အိမ်တော် ရဲ့ ကိုယ်ပိုင် အပန်းဖြေ စံအိမ်တော်ဘဲ

"ကိုကို "

ကားထဲကနေ ထွက်ပြီး တံခါးဖွင့်ရန် ပြင်လိုက်စဉ် တဖက်ခြံက အရိပ်တစ်ခု က အလျင်အမြန် ပြေးလာပြီး လည်ပင်းကို ဖက်ကာ ကိုယ်ကို လည်း ကျွန်တော့ရဲ့ ကိုယ်ပေါ်ကို ခုန်တက်လိုက်တာကြောင့်ခန္ဓာကိုယ်က အနည်းငယ်ယိုင်သွားပင်မယ့် ပြန်ထိန်းလိုက်ပြီး ယောင်တောင်တောင်နဲ့ ခါးကို ဖက်ထားလိုက်သည်

"Shooting ကို လိုက်လာတာလား ကြိုတောင်မပြောဘူး "

"အင်း surprise လုပ်လိုက်တာလေ "

အမှန်က ကိုယ့်ဘာသာ ကားလျောက်မောင်းရင်း ဒီရောက်လာတာဆိုတာကို တော့ထည့် မပြောမိလိုက်ဘာလို့ဆို  ပျော်နေတဲ့ အပျော်ကို သူကြောင့်နဲ့ မဖျက်ဆီးစေချင်ပါ

"ကိုကို မကောင်းဘူး ကွာ ချူးရန်ကို တော့နည်းနည်းလေးတော့ ပြောပြသင့်တာပေါ့ "

လည်ပင်းကို ဖတ်ထားရာကနေ အနည်းငယ်ခွာလိုက်ပင်မယ့် လက်တွေကိုတော့ သူရဲ့ ပခုံး ပေါ်ကနေ မဖယ်သေး မျက်လုံးချင်းဆုံအောင်ကြည့်ကာနှာခေါင်းရှုံပြီး ပြောလာတာမို့ ကျွန်တော်လည်း ရှုံနေတဲ့ နှာခေါင်းလုံးလုံးလေးကို ဖွာဖွာလေး ကိုက်လိုက်ကာ

"အဲ့ဒါဆို ကိုကိုက ပြန်ရမှာလား "

"မပြန်ရပါဘူး လုံးဝ "

"ဟဟ ဟုတ်ပါပြီကွာ အခုရော shooting က ပြီးသွားပြီ လား "

"ပြီးသေးဘူး ခိုးထွက်လာပြီး မုန့်သွားစားမလို့  ဟီး "

"အဲ့ဒါဆို ပြန် သွားရအုံးမှာပေါ့ "

"အင်းပေါ့ "

"အဲ့ဒါဆိုလည်း မုန့်စားမယ်လေ "

"အင်း အင်း "

ပြုံးကာ ပြန်ပြောလာတဲ့ သူ့ကို အသည်းယားစွာနဲ့ ပါးနှစ်ဖက်ကို အသံထွက်အောင် နမ်းရှုံပစ်လိုက်သည်

It's Hurt 🌚🌚(Uni+zaw)mini fic #completed #Where stories live. Discover now