Zawgyi#
"ယွီပင်း ငါ့ကို အိမ်တလုံးလောက် ရှာပေး နိုင်လား"
". ..............."
"မမေးနဲ့ မြန်မြန်သာရှာပေး ဆိတ်ငြိမ်ရပ်ကွက်ဆိုပိုကောင်းတယ်"
". ..........."
"ရှာပေးနိုင်လား မပေးနိုင်ဘူးလား"
". ..........."
"အေး ပြီးရော ဒီနေ့အတွင်းလိုချင်တယ် "
တီ
ဖုန်းကို ချပြီးတာနဲ့ ကားကို ဂရုစိုက်မောင်းပြီး ဘေးဘက်ကထိုင်ခုံကို လှမ်းကြည့်လိုက်တော့ ခွေခွေလေး အိပ်နေတဲ့ သူ့ကြောင့် ကျွန်တော်နှစ်နှစ်ချိုက်ချိုက်ပြုံးမိတော့သည်
တနာရီနီးပါး မရပ်မနားမောင်းပြီး နောက်ဆုံးမှာတော့ ကမ်းခြေ ရှိရာ တောင်ကုန်းကအပန်းဖြေအိမ်ဆီ ရောက်လာတော့သည်
တီ တီ
"မင်္ဂလာပါ သခင်လေး ရောက်လာမယ် ဆိုလို့ အခန်း ကြိုပြင်ထားပါတယ် "
ခြံတံခါး ရှေ့ ကားရပ်လိုက်တော့ ခြံစောင့်ဦးလေးကြီးရဲ့ စကားကို ကြားလိုက်ရသည်
"အင်း အိမ်ထဲမှာ ဘယ်သူမှ မနေနဲ့တော့ အကုန်သွားကြ လိုအပ်ရင် ခေါ်လိုက်မယ် အော် ကျွန်တော်ဒီမှာရှိတာ ပါးပါးကို မသိစေနဲ့ "
"ဟုတ်ကဲ့ပါ"
ဦးလေးကြီးက ထွက်သွားခါနီး ဘေးက သူ့ကို ကြည့်နေတာမို့
"သွားစရာရှိတာမသွားဘဲ ဘာတွေကြည့်နေတာလဲ သွားတော့ "
"ဟုတ် ဟုတ်ကဲ့ "
ဦးလေးကြီး အိမ်ထဲကနေထွက်သွားတာကြည့်ပြီးမှ ကားပေါ်ကနေ ဆင်းပြီး ကားရဲ့ တဖက်ခြမ်းက သူ့ကို ခေါ်ထုတ်လိုက်ပြီး အိမ်ရဲ့ အပေါ်ထပ်ကို တက်သွား လိုက်သည်
........................^^^^^^^^^^. ...................
"အင်းးးး"
"နိုးလာပြီလား ချစ်"
"အမ် အား "
"ဖြည်းဖြည်းထ ချစ်ရဲ့ "
"ဝမ်ရိပေါ် "
"အင်း ဟုတ်တယ် မောင်ဘဲ"
"ဒီနေရာ ဘယ်. "
"ဝမ်အိမ်တော်ရဲ့ စံအိမ်ထဲကတစ်ခု "