Zawgyi#
"မင်းတို့ ရှောင်ကျန့်ဆီက အဆက်အသွယ်ရလား "
"မရဘူး ဘာလို့လဲ အဲ့ကောင်အိမ်မှာရှိမှာပေါ့ "
"မရှိဘူးကွ ငါမနက်သူ့အိမ်ဘဲလ်ကို နှိပ်တာ လုံးဝထွက်မလာဘူး "
"ဒါများကွာ အိပ်နေတာလဲ ဖြစ်မှာပေါ့ "
"မဟုတ်ဘူးကွငါပြောတာ "
"တော်ပြီ ကျိုးချန်ရာ မင်းက လည်း တမျိုးမသိရင် သားပျောက်မိခင်ကြီးကျနေတာဘဲ ရှောင်ကျန့်လည်း တခါတလေ ကျောင်းပျက်တာတွေ ရှိမှာပေါ့ကွာ မင်းကို က ပူစရာမရှိ ကြံဖန်ပူနေတယ် "
"ကောင်းလေ "
"ဟုတ်တယ် "
ရှောင်ကျန့်တို့သူငယ်ချင်းတွေ ထိုင်ပြီးတယောက်တပေါက်ပြောနေပင်မယ့် ကျွန်တော့ စိတ်ထဲမှာတော့
*ရှောင်ကျန့်ပျောက်နေတာတကယ်ဟ ကျိုးချန် လိမ်နေတာ မဟုတ်ဘူး *လို့ အော်ဟစ်ကာ ပြောလိုက်ချင်ပင်မယ့် တကယ်တမ်းတော့ ဘာအသံမျှတောင် ထွက်မလာပါဘူး
"ယွီပင်း "
"ဟင် ဘာ ဘာလဲ "
"မင်းကလည်း မှိုင်လှချည်လား ငါတို့ လည်း ခင်တတ်ပါတယ်ကွာ မင်းက မင်းသူငယ်ချင်းတွေမဟုတ်လို့ မခင်တာလား "
ကျွန်တော့ဘေးထိုင်နေတဲ့ အားဟုန်က မေးလိုက်မှ ကျွန်တော်လည်း ထိပ်ထိပ်ပြာပြာ ငြင်းရသည်
"မဟုတ်ပါဘူး မဟုတ်ပါဘူးကွာ ငါ့မှာအဲ့လို စိတ်မရှိပါဘူး ခဏအတွေးလွန်သွားတာပါ😁 "
မျက်နှာချိုသွေးပြပြီးရီပြတော့ အကုန်လုံးက "သြော်"လို့ပြောပင်မယ့် ကျိုးချန်ကတော့ မျက်မှောင်ကြုတ်သာကြည့်နေတာကြောင့် ကျွန်တော်မြန်မြန် ထဖို့ ပြင်လိုက်သည်
"ရေခဲမုန့်စားအုံးမလား ငါသွားဝယ်မလို့ "
"အင်း ငါစတော်ဘယ်ရီ ^*^*? ^:&$&$&:&:&(%&*"
တယောက်တမျိုးပါနေတာတွေကို သေချာမှတ်ပြီး သွားဝယ်ရန် ပြင်တော့
"နေအုံး ယွီပင်း ငါလည်း လိုက်မယ် "
ကျိုးချန် ပါ လိုက်မယ် ပြောတော့ ကျွန်တော်သက်ပြင်းအသာခိုးချလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်