part 8

7.6K 573 18
                                    

ကျွန်တော် ကားကို ဒုန်းစိုင်း မောင်းပြီး သူ့ရှိရာ နေအိမ်ဆီကို နာရီဝက်တည်းနဲ့ အရောက်သွားလိုက်သည်

"ရှောင်းရှောင်ကျန့် ဘယ်မှာလဲ ရှောင်ကျန့် ဘယ်မှာလဲ လို့ "

အိမ်ထဲဝင်တာနဲ့ အသံကုန် ဟစ်ကာ အော်ပြီးမေးလိုက်တော့ အပေါ်ထပ်ကပြေးဆင်းလာတဲ့ ဦးလေးကြီးကို တွေ့လိုက်ရသည်

"ကျွန်တော် မေးတာပြော သူဘယ်မှာလဲ "

"အ အပေါ် "

သူကအပေါ်လို့ ပြောတာကြောင့် ကျွန်တော်လည်း အပေါ်ထပ်ကို ခပ်မြန်မြန် ဘဲ ပြေးတက်လိုက်သည်

အခန်းထဲရောက်တော့ ကုတင်ပေါ်မှာ လှဲနေတဲ့ သူက တကိုယ်လုံး သွေးချင်ချင်းရဲလို့

"ဒါက ဘယ်လိုဖြစ်တာလဲ "

"သခင်လေး ထွက်သွားတော့ သူ ငုတ်တုတ်ထထိုင်ပြီး ဗိုက်နာတယ်လို့ ပြောတယ် ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ ရေနွေးနွေးလေး တိုက်လိုက်ပြီးမကြာခင်ဘဲ သူ့ရဲ့ အောက်ပိုင်းမှာ သွေးတွေ ထွက်လာတာပြီးတော့ သတိမေ့သွားရော ဦးလေးလဲ ဘာလုပ်ရမှန်းမသိတာနဲ့ သခင်လေးကို လှမ်းအကြောင်းကြားလိုက်တာ"

"မြန်မြန် မြေအောက်ထပ်က ခွဲစိတ်ခန်း ကို ပြင်ထား သွေးဘဏ်ထဲက ​သွေးတွေပါအသင့်ပြင်ထားအကူအနေနဲ့ တစ်ယောက်ယောက်ကိုပါ ခေါ်ထားပေး ပြီးတာနဲ့လူနာခန်းကိုပါ သန့်ရှင်းရေးလုပ်ထား အခုချက်ချင်း သွား."

"ဟုတ်"

"ခင်ဗျားဘာလုပ်တာလဲ "

ဦးလေးကြီးကသူ့ကိုဆွဲမနေတာတွေ့တော့

"လူနာကို နေရာ ရွေ့မလို့လေ "

"မလိုဘူး သူ့ကို မထိနဲ့ ထွက်သွား "

"ဟုတ်"

ဦးလေးကြီး ထွက်သွားမှ သူ့ကို ဆွဲမလိုက်ပြီး အင်္ကျီတွေ ကို ချွတ်ပစ်လိုက်တော့ တကိုယ်လုံး အနာပလပွနဲ့ တွေ့လိုက်ရတာက သူ့ရဲ့ ခန္ဓာကိုယ်

"မင်းဘာလို့ မလိမ်မာရတာလဲ ငါဘယ်လောက်ထိ မင်းကို သဝန်တိုလည်းအူတိုလည်း မင်းမသိဘူးလား မင်းက ငါနဲ့ ပြတ်သွားတာတောင်မကြာသေးတခြားတစ်ယောက်နဲ့ ပြုံးရီနေနိုင်တယ်ပေါ့လေ မရဘူး မင်းရဲ့ အပြုံးဟာငါတစ်ယောက်အတွက်ဘဲ ဖြစ်ရမယ် မင်းရဲ့ နာကျင်မှူ မင်းရဲ့ ပျော်ရွှင်မှု မင်းရဲ့ ပေးစက်မှုတွေအားလုံးဟာငါ့တစ်​ယောက်အတွက်ဘဲ ဖြစ်ရမယ် မင်းကို ငါပိုင်တယ် "

It's Hurt 🌚🌚(Uni+zaw)mini fic #completed #Where stories live. Discover now