ဘဲရှိလား အစ်မကြီးတို့ || ဘဲရွိလား အစ္မႀကီးတို႔

2.6K 386 70
                                    

[Unicode]

ကမ္ဘာပေါ်မှာ လူဦးရည်သန်းပေါင်း 7 billionရှိတယ်လို့ဆိုတယ်။ အဓိကပြောချင်တာ ဒီလောက်လူတွေအများကြီးရှိတဲ့အထဲမှာမှ ဘဲမရှိတာ မရှက်ကြဖူးလား မကြီးတို့။

ပူပူးဆို မူလတန်းထဲက ဘဲရှိတယ်။ ကိုကိုရှိတယ်။ မွေးကထဲက ကိုကို့လက်ပေါ်မှာ အူဝဲလို့အော်ပြီး ကိုကိုချော့သိပ်မှအိပ်တတ်တဲ့ အိပူပူးလေးဖြစ်လာတာ။

ကလေးလေးထဲက ကိုကို့ကြက်ဥလက်မောင်းကြီးကို တွဲလဲခို၊ ကိုကို့ဂုတ်ကိုခွလို့ ကျောင်းကနေအိမ်ပြန်လာတာ။ အခုဆိုကိုကိုက ကျောင်းပြီးလို့ အလုပ်ထဲဝင်နေပြီ။ ပူပူးက အထက်တန်းကျောင်းသားလေးရှိသေး။ ကျောင်းပြီးချင်လှပြီ။ ပြီးချင်နေပါပြီ။ ကိုကိုနဲ့အလုပ်တူတူလုပ်ပြီး ကိုကို့ဘေးနားကပ်နေတဲ့သူတွေအားလုံးကို ဘုထွက်အောင် ထုပစ်လိုက်ချင်ပြီ။ အခုတော့ ကိုကို့ဘေးနားမှာ အစ်မကြီးချောချောတွေတွေ့တိုင်း အိပူပူးက လက်သီးလေးဆုပ်လို့ ခုန်ဆွခုန်ဆွနဲ့ နှာမှုတ်ပြနေရုံပဲတတ်နိုင်တယ်။

ကိုကို့လို ရာထူးကြီးကြီးအလုပ်တန်းရဖို့အတွက် ပူပူးစာကျက်ပါတယ်။ ပူပူးက ဥာဏ်မကောင်းတာမဟုတ်ပါဖူး။ စာတွေကိုက ကြည့်ချင်စရာမရှိတာ။ ကိုကို့ကိုပဲကြည့်ချင်တာ။

မျက်နှာချင်းဆိုင်မှာ စာရင်းတွေတွက်နေတဲ့ကိုကို့ကိုကြည့်ရင်း ပူပူးပျင်းနေလို့မရဘူးဆိုတာ သဘောပေါက်လိုက်တယ်။ ကိုကိုကြားအောင် ပူပူး စာတွေအော်ကျက်မယ်။ ပြီးရင် အိပ်ခါနီး ဆုအနေနဲ့ ကိုကို့ဆီက အာဘွားတွေ များကြီး များကြီးတောင်းမယ်။

"ကိုကို (NOR)တစ်ခါခေါ် မလိုက်ဖူးလို့ငြင်း (NOT)မယ်နော်
ကိုကို(NOR)နှစ်ခါခေါ် (OR)ပစ်လိုက်မှာနော်
ကိုကို(NOR)သုံးခါခေါ် (AND)ချင်လာပြီနော်
ကိုကို(NOR)လေးခါခေါ် (NAND)ချင်လာပြီနော်"

ကိုကိုက ပူးပူးစာကျက်နေတာကြည့်ရင်း ပြုံးလိုက်တာ ပူပူးလှည့်မကြည့်လဲသိတယ်။ ခံစားလိုက်မယ်။ ဘယ်လိုခံစားမိလဲ မမေးနဲ့။ အဲဒါ ချစ်သူရည်းစားအချင်းချင်းကြားမှာရှိတဲ့ စိတ်ချင်းဆက်သွယ်မှုလို့ခေါ်တယ်။ ရည်းစားမရှိတဲ့မမတို့ကတော့ ဒီတစ်သက်သိမှာမဟုတ်ဖူး။

သူလောင်ချင်တိုင်းဖတ်ဖို့ || သူလောင်ချင်တိုင်းဖတ်ဖို့Where stories live. Discover now