ဘဲမရှိမမတွေရဲ့ထရန့် || ဘဲမရွိမမေတြရဲ႕ထရန့္

1.6K 300 37
                                    

[Unicode]

ဒီနေ့ဖွဘုတ်မှာ ခေတ်စားနေတဲ့ Quizတွေကို ပူပူးတွေ့လိုက်တယ်။ This or Thatတို့။ Who knows me the bestတို့ Why should you date me?ဆိုတာကပါလိုက်သေး။ သနားပါတယ်။ ကျွတ် ကျွတ်။ အဲမမကြီးတွေမှာ ဒီအရွယ်ကြီးရောက်နေပြီ။ ရီးချားမရှိတော့ စျေးဗန်းတွေခင်းနေရတာဂျာ။ ပူပူးဆို ကိုကိုရှိတယ်။ ကိုကိုရှိတော့ ပူပူးက ပြုံးပြုံးလေးနဲ့ပဲ အဲမမတွေရှဲတဲ့quizမှန်သမျှ hahaပေးပြီး ကျော်ချလိုက်တယ်။

ယောင်ပြီးနှိပ်မိတော့ ကွန်မန့်တွေမှာ ဘယ်နှစ်ခုမှန်တယ်ဆိုပြီး ဝမ်းသာအားရမန့်ထားကြတာကရှိသေး။ အကုန်လဲမမှန်ပဲနဲ့။ ကိုကိုဆို ပူပူးမေးသမျှ ဆယ်ခုမပြောနဲ့။ အခု၁၀၀ဆိုရင်လဲ အကုန်မှန်မှာ။ အခု၁၀၀၀ဆိုလဲမှန်မှာ။ မကြီးတို့ကတော့ ဆယ်ခုမေး ရှစ်ခုမှန်တာကို "နင်တော်လိုက်တာ အာဘွား အာဘွား"နဲ့ FAအချင်းချင်းပြန်ပြောနေရတယ်။

ဘဲမရှိတော့ဒီလိုပါပဲလေ။ ငှက်ပျောတုံးဖက်အိပ်မယ့်သူအချင်းချင်း တည့်အောင်ပေါင်းထားရတာပေါ့။ သနားပါတယ်။ မကြီးတို့တွေ ပူပူးတို့အတွဲကိုပဲအားကျနေကြမယ့်အစား အမြန်ရီးချားရပါစေလို့ ပူပူးက...

ဆုတောင်းမပေးပါဘူး။
မကြီးတို့ဘာသာလဲ ပြန်ကြည့်ကြဦး။
ပူပူးတဝက်လောက်တောင် ချစ်ဖို့မကောင်းဘဲ ဒီတသက်ရစရာလား အဲရီးချားက။

ပူပူးလက်အိအိလေးတွေနဲ့ ဖွဘုတ်နူးဖိကို ဆွဲချကြည့်နေတယ်။ ကြည့်နေရင်း ကိုကိုက quiz linkတစ်ခုရှဲထားတာတွေ့လိုက်တယ်။ 1 minute agoနဲ့တင်ထားတာကို ပူပူးစစ်ကြည့်လိုက်တော့ 11 answersတဲ့။ ထုမယ် ထုပစ်မယ်။ အဲ၁၁ယောက်လုံးကို ထုပစ်မယ်။ အပြင်မှာတွေ့လို့ကတော့ တကယ်ထုမှာ။ အခုတော့ လိုင်းပေါ်ကနေ ရပို့ထုပစ်မယ်။

ပူပူး စိတ်တိုတိုနဲ့ အဖြေတွေဝင်ကြည့်လိုက်တာ ဟိဟိ ရယ်ရတယ်။ ကိုကို ခရမ်းချဉ်သီးမကြိုက်တာတောင် မသိကြတဲ့သူတွေကများ။ အဖြေတွေလဲ တစ်ခုမှမမှန်ဖူး။ အင်း...သနားလို့ ဘာမှလုပ်တော့ပါဘူးလေ။

ပူပူးလေး တဟိဟိရယ်နေရင်း quiz အခု၃၀လောက် တန်းစီcreateလုပ်ပစ်လိုက်တယ်။ လုပ်ပြီး ၁မိနစ်မကြာဖူး။ ကိုကို့ဆီကနေ နိုတီတွေချက်ချင်းတက်လာတယ်။

သူလောင်ချင်တိုင်းဖတ်ဖို့ || သူလောင်ချင်တိုင်းဖတ်ဖို့Where stories live. Discover now