1.4K 279 49
[Unicode]
ဒီနေ့ ပူပူး ပါပါးနဲ့မာမားပြောနေတာကြားမိတယ်။ အမေကြီးကားမှာ ရွေးကောက်ပွဲကျင်းပနေပြီဆို ဟုရား။ ပြီးတော့ ဘေးနားက မြန်ပြန့်မှာရောဆို။
ပူပူးက ငယ်ငယ်လေးရှိသေးတာမို့ နိုင်ငံရေးအကြောင်း ဘာမှမသိသေးပေမယ့် လူကြီးဖြစ်နေတဲ့ကိုကိုကတော့ သိမှာပေါ့လေ။
၁၈ပြည့်ရင်မဲပေးရမှာတဲ့။ အဲလိုဆို ကိုကိုမဲပေးဖို့ သိပ်မလိုတော့ဘူးပဲ။ ကိုကိုက နကိုထဲက အသားညိုနေတာကို ဒီထက်ပိုမဲပေးရင် ပူပူးနဲ့သွားတဲ့အခါ ကျီးကန်းဘဲဥချီတယ်ဆိုပြီး လူတွေက ဝိုင်းစကြမှာပေါ့။ ဟင့်အင်း မဖြစ်ဖူး။ အဲလိုအစမခံနိုင်ပါဘူး။
အိပူပူး သူ့ကလေးအတွေးလေးနဲ့စဉ်းစားပြီး ဘေးချင်းကပ်ရပ်ကိုကို့အိမ်ကို လုံးတုံးလုံးတုံးနဲ့ ချက်ချင်းပြေးသွားတယ်။ ခြံထဲက ဒန်းပေါ်မှာ ဖုန်းထိုင်နှိပ်နေတဲ့ကိုကို့ကိုမြင်တော့ မြန်မြန်ရောက်အောင် အားထည့်တဲ့အနေနဲ့ လက်သီးဆုပ်လေးတွေတင်းလို့ ကိုကို့ဆီတန်းနေအောင်ပြေးတယ်။
"ကိုကို ကိုကို"
"ဝေ အိပေါ်လေး။ ဒီအချိန်ကြီးဘာလာလုပ်။ ညစာစားပြီးခဲ့ပြီလား"
"စားရသေးဘူး။ ကိုကို့ကို ပြောစရာရှိလို့လာတာ"
"ဘာပြောမလို့လဲ"
"၁၈ပြည့်ရင်မဲပေးရတယ်တဲ့။ ကိုကို ဒီထက်ပိုပြီးမမဲပါနဲ့တော့နော်။ ပူပူးက ဖွေးဖွေးအုအုလေး။ ကိုကိုပွေ့သွားရင် ပူပူးကကိုကို့လက်ထဲကနေ အရောင်တွေထွက်နေမှာ။ ပူပူးကိုသူများတွေဝိုင်းချီကြမှာ ကိုကိုကြည့်နေနိုင်လို့လား"
"ဘာတွေပြောနေတာလဲ။ ကိုကိုက ဘာအတွက် မဲပေးရမှာလဲ"
"မာမားပြောတာ ၁၈ပြည့်ရင် မဲပေးရတယ်ဆိုပြီး"
"ဟားဟားးးး အိပေါ်ရာ အဲတာ မဲစာရွက်ကို ကိုယ်သဘောကျတဲ့ပါတီခေါင်းဆောင်တွေအတွက် ထည့်တယ်ဆိုတာမျိုးလေ။ အသားမဲပေးရတာ မဟုတ်ပါဘူး"
"ပူပူး နားလည်ဘူး"
"အာ အိပေါ်လေး အနိုင်ရစေချင်တဲ့သူကို မဲထည့်ရတာမျိုးကွာ"
သူလောင်ချင်တိုင်းဖတ်ဖို့ || သူလောင်ချင်တိုင်းဖတ်ဖို့Where stories live. Discover now