အလိမ္မာတုံးဝက်မှိုလုံးလေး အိပူပူး ||အလိမၼာတုံးဝက္မႈိလုံးေလး အိပူပူး

1.4K 244 46
                                    

[Unicode]

မကြီးတို့တွေကို ပူပူးပြောစရာရှိတယ်။

ဟော လန့်မသွားကြပါနဲ့။ ပူပူးက မွေးကထဲက ကိုကို့လက်ပေါ်မှာ တယုတယထွေးပွေ့ခံရပြီး ရိုရိုကျိုးကျိုးလေး ကြီးပြင်းလာတဲ့ အလိမ္မာတုံး ဝက်မှိုလုံးလေးပါ။ ကလေးက ကလေးစကား အမှန်တရားပဲပြောတယ်ဆိုတဲ့အတိုင်း ပူပူးပြောသမျှ အမှန်တွေချည်းပါပဲ။

ရီးချားမရှိလို့မရှိဘူးပြောတာကို ဘာတွေနာနေကြတာလဲ။ ပြောလိုက်ရင် အိပူပူးက လူကိုနှိမ်တယ် ဖဲ့တယ်နဲ့။ ဘယ်မှာနှိမ်နေလို့လဲ။ ပူပူးက အမှန်တွေပဲပြောတာလေ။ အဲတာကို မကြီးတို့က ဖိဘတ်၊ကွန်မန့်တွေမှာ အနှိမ်ခံနေရပါတယ်ဆိုပြီး ရေးထားတော့ မတော်လို့များ ကိုကိုမြင်သွားရင် အိပူပူးက လူဆိုးလေးလားကွာဆိုပြီး စိတ်မကောင်းဖြစ်သွားမှာပေါ့။

ရီးချားမရှိလို့မရှိဘူးပြောတာကို ဘာတွေနာနေကြတာလဲ။ ပြောလိုက်ရင် အိပူပူးက လူကိုနှိမ်တယ် ဖဲ့တယ်နဲ့။ ဘယ်မှာနှိမ်နေလို့လဲ။ ပူပူးက အမှန်တွေပဲပြောတာလေ။ အဲတာကို မကြီးတို့က ဖိဘတ်၊ကွန်မန့်တွေမှာ အနှိမ်ခံနေရပါတယ်ဆိုပြီး ရေးထားတော့ မတော်လို့များ ကိုကိုမြင်သွား...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကွကိုရီးချားကျမရှာနိုင်ကြဘဲ အလုပ်မဟုတ်တာကို အဟုတ်လုပ်နေကြရင် ပလုတ်တုတ်၊ချိုးရုပ်၊အိုးပုတ်နဲ့ အလုပ်ခံရမယ်နော်။ ပူပူးစိတ်တွေရှည်တယ် တအား😤

ပူပူးက အမှန်တရား ဘက်တော်သားပါ။ မဟုတ်မမှန်တဲ့စကားတွေ မပြောတတ်ရပါဘူး။ ဥပမာတစ်ခုပြောပြမယ်။ ပူပူးငယ်စဉ်တောင်ကျေး ၄နှစ်သားကယေးယေးဘဝ။ ကိုကိုနဲ့ရီးချားမဖြစ်သေးခင် တစ်နှစ်အလိုကပေါ့။

စာကြိုးစားတဲ့ကိုကိုက ပူပူးlegoဆက်နေတာတွေ့ရဲ့နဲ့ သူ့စာပဲသူဆက်လုပ်နေပါတယ်။ ပူပူးfeeling so lonelyခဲ့တာ ပူပူးမှတ်မိသေး။ ဘိုင်အိုဂျက်ဆစ်နံပါတ်တစ်လဲ ကိုကိုနဲ့ပတ်သတ်သမျှအကုန်မှတ်မိနေတဲ့ပူပူးမှတ်ဉာဏ်တွေနဲ့ယှဉ်ရင် နံပါတ်နှစ်ပဲ။

ဘဝမှာ ပူပူးကို အမြဲပျော်စေတာဆိုလို့ မွေ့ယာရယ်၊ ခေါင်းအုံးရယ်၊ ကိုကိုရယ်ပဲရှိပါတယ်။ ပူပူးကိုဝမ်းနည်းအောင်လုပ်တာလဲ အများကြီးစားမိတဲ့ မုန့်တွေရယ်နဲ့ ကိုကိုပဲရှိပါတယ်။ ပူပူးကြိုက်တဲ့typeက ကိုကို့လိုtype ပြီးတော့မုန့်တိုက်။ ကိုကိုက ပူပူးကိုဂရုမစိုက် ပူပူးရင်ထဲ ဘတ်လဘိုင်လိုက် နှလုံးသားကိုဆူးချွန်နဲ့စိုက် မျက်ရည်အိုင်ထဲ ဝမ်းနည်းပတ်လက်။

သူလောင်ချင်တိုင်းဖတ်ဖို့ || သူလောင်ချင်တိုင်းဖတ်ဖို့Where stories live. Discover now