လုံးလုံးပွားပွားဝကျဝကျ || လုံးလုံးပြားပြားဝက်ဝက်

1.9K 246 22
                                    

[Unicode]

ဒီနေ့အတွက် ရီးချားမရှိတဲ့မမတို့ကို "အိပူပူးနဲ့ လုံးလုံးပြားပြား" အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်မှာguestအဖြစ် အထူးပါဝင်သရုပ်ဆောင်ပေးမယ့်သူကတော့ ဝက်ဝက်ဖြစ်ပါတယ်။ guestအဖြစ်သရုပ်ဆောင်ပေးဖို့ ပူပူးစားနေတဲ့လိပ်စွတ်ပြုတ်က အရိုးတွေချကျွေးပြီး မျှားထားရတာပါ။

လုံးလုံးပြားပြားဝက်ဝက်ဆိုလို့ မဟုတ်တာတွေလျှောက်မတွေးကြပါနဲ့ မကြီးတို့။ လုံးလုံးဆိုတာ hamsterကြွက်ဖြူလေး။ လုံးလုံးလေး။ ပြားပြားဆိုတာလဲ hamsterကြွက်ဖြူလေး။ သူကကျ ပြားပြားလေး။ ဝက်ဝက်ဆိုတာ ခွေးပေါက်စ။ ဝက်လိုဝလို့ ဝက်ဝက်လို့ ချစ်စနိုးခေါ်တာ။

အခု အိပူပူးအိမ်မှာ ကိုကိုဝယ်ပေးထားတဲ့hamsterကြွက်အိမ်ကြီးရောက်နေတယ်။ ကိုကိုဝယ်ပေးတယ်ဆိုပေမယ့် ကိုကို့ပိုက်ဆံနဲ့တော့ ဘယ်ဟုတ်မလဲ။ ကိုကိုကငယ်သေးတာကို။ အဲတော့ ရှောင်းပါပါး၊မာမားပေးတဲ့မုန့်ဖိုးတွေစုပြီး ပူပူးကိုလက်ဆောင်ပေးတာတဲ့။ ရှောင်းပါပါးမာမားပိုက်ပိုက် ကိုကို့ပိုက်ပိုက်၊ ကိုကို့ဥစ္စာ ပူပူးပိုင်တာ။

ဖြစ်ပုံကဒီလိုပါ။ အလိမ္မာတုံး ဝက်မှိုလုံးလေး အိပူပူးက ကိုကို စနေနေ့ကြီးကျုရှင်သွားရမှာကို မခွဲနိုင်မခွါနိုင် လိုက်သွားမိပါတယ်။ အခန်းဝရောက်တော့ ဆရာကမေးတယ်။

"ဘယ်အတန်းကလဲ"

"၆တန်းကပါ ဆရာ"
ကိုကိုက လက်လေးပိုက်ပြီးဖြေတော့ ပူပူးလဲကိုကို့ကိုကြည့်ပြီး လက်ပိုက်လိုက်တယ်။

"ဟိုကလေးကရော"

"တားက တူငယ်တန်း"

"သူငယ်တန်းကဘာလာလုပ်တာလဲ"

"ကိုကို့ကိုမခွဲနိုင်လို့ လိုက်လာတာပါ"

"ခဲတံပါသလား"

"ခဲတံမပါ၊ ကိုကို့ကိုပေးဖို့ ပူပူးနှလုံးသားလေးပဲပါပါတယ်"

"ခဲတံမပါရင် စာသင်ခန်းထဲမဝင်ရဘူး"

"ပူပူးကိုအဲလိုအနိုင်ကျင့်ရင် ကိုကိုစိတ်ကောင်းမှာမဟုတ်ဖူးနော်။ ဒီကျောင်းကနေ ထွက်သွားလိမ့်မယ်"

သူလောင်ချင်တိုင်းဖတ်ဖို့ || သူလောင်ချင်တိုင်းဖတ်ဖို့Where stories live. Discover now