အိုင်ဒေါလေးအိပူပူး || အိုင္ေဒါေလးအိပူပူး

1.4K 273 35
                                    

[Unicode]

အိပူပူး ဒီကြားထဲ ဝက်ပုတ်ကနေ ၁၀ရက်ကြီးတောင် ပျောက်သွားပါတယ်။ ဒါဟာ ဘဲမရှိတဲ့FAမမတို့ကို နှိမ်ဖို့ စကားတွေစုနေတာလို့ မထင်လိုက်ပါနဲ့။ ပူပူး ကိုကိုနဲ့ ရန်ဖြစ်ပြီး စိတ်ညစ်နေလို့ပါ။ ပူပူးနောက်ဆုံးတော့ နားလည်လိုက်ပါပြီ။ မကြီးတို့ ဘာလို့ရီးချားမထားလဲဆိုတာ သဘောပေါက်ပါပြီ။ ပူပူးလိမ္မာပါပြီ။ နောက်မမတို့ကို မစတော့ပါဘူး

ကိုကို့အတွက် သီချင်းတစ်ပုဒ်ပဲရှိတယ်။ ဒီသီချင်းလေးဆိုပြီးတာနဲ့ ပူပူးက ကိုကို့ကိုလှမ်းပြီးရိုက်မှာပါ။

"လူလိမ်လူညာကြီးပေါ့ကွယ်
အာရွှီးတဲ့ကိုကို
ဘာညာသရကာ သူပြောပြီးကွာ
ပူပူးအသည်းကိုဒီလို
အချစ်ကမိုးလောက်ကြီးပါလို့
ပြောတဲ့ကိုကို
အို ပြောတဲ့ကိုကို"

ဖြစ်ပုံကဒီလို။
ပူပူးက ကြီးလာရင် အိုင်ဒေါလုပ်မှာလေ။ အိုင်ဒေါ အိုင်ဒေါ။ သိတယ်မလား။ အိုင်ဒေါဆိုတာက မကြီးတို့တွေ ပူပူးကို မစားရအညှော်ခံ "ဟယ် ငါ့ကောင်လေး ငါ့ကောင်လေး"နဲ့ ပုံတွေလျှောက်edit အိုစီနေကြပြီး တကယ်တမ်းကျ အိပူပူးက ရှောင်းကျန့်ကိုကိုကောင်လေးဖြစ်နေတာမျိုးပေါ့။

ပူပူးက အိုင်ဒေါဖြစ်ချင်တာ တကယ်။ ပြီးတော့ TVပေါ်မှာမြင်ဖူးတယ်။ အိုင်ဒေါတွေက မျက်လုံးပေါ်အရောင်တွေခြယ်ပြီး မျက်ရစ်ကိုဆော့ပင်အနက်ကြီးနဲ့ ခြစ်ထားကြတာလေ။ ကြီးလာရင်အိုင်ဒေါဖြစ်မယ့်ပူပူးက ခုထဲက ကိုယ်နဲ့ဘယ်အရောင်လိုက်လဲ သိထားမှဖြစ်မယ်။

"အိပေါ် ဘာလို့ပန်းရောင်eyeshadowတွေ လျှောက်ခြယ်နေတာလဲ"

"လျှောက်ခြယ်တာဟုတ်ဖူး။ ဒါအိုင်ဒေါမိတ်ကပ်။ ကိုကိုလဲ သိပဲနဲ့"

"အိပေါ်က အိုင်ဒေါမှမဟုတ်ဘဲကွာ"

"ခုမဟုတ်တာ။ နောက်ကျဖြစ်လာမှာ။ ကိုကိုသေချာကြည့်။ ပူပူးက အိုင်ဒေါရုပ်ရည် အိုင်ဒေါအိပူပူး"

"အိပေါ်က မျက်နှာပြောင်လေးနဲ့မှ ပိုချစ်ဖို့ကောင်းတာ"

ကိုကို့စကားအဆုံး ပူပူး ပန်းရောင်eyeshadowလေး လက်မှာကိုင်ထားပြီး မှိုင်ကျသွားတယ်။

သူလောင်ချင်တိုင်းဖတ်ဖို့ || သူလောင်ချင်တိုင်းဖတ်ဖို့Where stories live. Discover now