ဒုန်းကနဲမြည်သံက ရှောင်းကျန့်အာရုံကိုနှောင့်ယှက်လိုက်တယ်။
ဘာထဖြစ်မှန်းမသိတဲ့အသံကြောင့် အဆုံးစီရင်ဖို့စိတ်ကူးအဝေးလွင့်သွားတယ်။ သတိကြီးစွာ အောက်ထပ်ငုံ့ကြည့်တော့ သောက်ကျိုးနည်းဖုတ်ကောင်တွေ ထပ်ဝင်လာတာပဲ။
"အေး လုပ်နေလိုက်"
ဘေးကဆေးထိုးအပ်ယူပြီး အတွင်းဘက်ချောင်ထဲဝင်ပုန်းလိုက်ရတယ်။ အောက်ကအကောင်တွေမှာ ရှောင်းကျန့်သွေးနံ့ကြောင့် တဂီးဂီးတဂါးဂါးအော်ဟစ်နေရော။ ထပ်ရောက်လာတဲ့ ဖုတ်ကောင်တွေက သူဝင်တဲ့ဘက်ကလာတာမဟုတ်၊ တခြားဝင်ပေါက်က၀င်လာခြင်း။ ဒါဖြင့် ၀မ်ရိပေါ်ဆိုတဲ့ ဟိုစစ်သားလည်း အဲ့အပေါက်က၀င်လာတာဖြစ်နိုင်တယ်။ ၀င်ပြီးပြန်မထွက်တတ်တာဖြစ်မယ်။
ဒါဆို သူလွတ်နိုင်ခြေရှိတယ်ဆိုတဲ့သဘောလား။
"ဟူး..."
ရှောင်းကျန့် စိတ်ပျက်လက်ပျက်သက်ပြင်းချလိုက်တယ်။ ကိုယ့်ဘာသာသတ်သေဖို့တောင် အသေမဖြောင့်တဲ့ဘ၀။
အခုနေအဆုံးစီရင်လိုက်ရင် အောက်ထပ်ကမိတ်ဆွေတွေ ပွဲတော်တည်စရာဖြစ်သွားမယ်။ တံတိုင်းနံရံတောင်တက်နိုင်တဲ့ကောင်တွေက ဒီအမြင့်လောက်တော့သနားတယ်ပြောဦးမယ်။ သူ့ခန္ဓာကိုယ်ကိုတော့ အဲလိုအဖြစ်မခံနိုင်။
"ဘ၀ကခါးပြီးရင်းခါးနေတော့တာပဲ"
တစ်ကိုယ်တည်းကြားအောင် ခပ်တိုးတိုးရေရွတ်ရင်း အိတ်ကပ်ထဲကပုဝါထုတ်လိုက်တယ်။ လက်တစ်ဖက်နဲ့ချည်၊ ပါးစပ်နဲ့ကိုက်ဆွဲရုန်းကန်ပြီးနောက် စစ်စိမ်းရောင်ပုဝါလေးဟာ ဒဏ်ရာရပခုံးကို ရစ်ပတ်ချည်နှောင်ပြီးတယ်။ ဆက်ထွက်နေသေးတဲ့သွေးစက်တွေက ပုဝါကိုပါစိုစွတ်သွားရဲ့။
ရောဂါပိုးထိန်းချုပ်ဆေးကို အိတ်ကပ်ထဲပြန်ထည့်လိုက်တယ်။ စကိုက်ကိုက်ချင်းထိုးမှအာနိသင်ရှိလို့ အခုထိုးလိုက်လည်းဖြုန်းတီးတာပဲရှိမယ်။ အကယ်လို့ လိုအပ်တဲ့သူရှိရင်သုံးလို့ရအောင် သိမ်းထားလိုက်တာကောင်းတယ်လေ။
ရှောင်းကျန့် ပုန်းနေတဲ့ကြမ်းပြင်ကြားကနေ အောက်ထပ်ကိုချောင်းကြည့်လိုက်တယ်။
YOU ARE READING
Craving You
FanfictionYou like this flower? Its name is called Lily. Wang Yi Bo and Xiao Zhan LIAN SUO FAN YING [Read the tags and make sure you're ready]