Act 5.

10.4K 1.7K 145
                                    

"ဝေး... အဲဒါငါစားဖို့နော်"

သတိပေးသံကြောင့် ခေါက်ဆွဲဘူးကိုလှမ်းနေတဲ့လက်လေး တွန့်သွားတယ်။ ဖြစ်သွားပုံက ချစ်ဖို့ကောင်းလွန်းလို့ ရှောင်းကျန့်ခွိကနဲရယ်မိရဲ့။

ဂိုဒေါင်ထဲပုန်းနေခြင်း ၄ရက်မြောက်နေ့။ ဗိုက်ဆာတဲ့ဝေဒနာဖြေရှင်းပြီး ၁ရက်အလွန်။ နှစ်တော်တော်ကြာပိတ်ထားတဲ့မြို့ပေမယ့် ခေါက်ဆွဲဘူးအချို့က စားလို့ရသေးတယ်။ ဟိုတစ်ခါ mini market ထဲ အရဲစွန့်သွား၊ လိုအပ်တဲ့ပစ္စည်းတွေယူလာခဲ့တာ တော်တော်အဆင်ပြေသွားတယ်။ စားစရာရပြီဖြစ်သလို ကားအဟောင်းကိုလည်းပြင်လို့ရပြီ။

Mini market ဆိုလို့ အဲ့တုန်းကဖြစ်ခဲ့တာတွေတောင် မျက်လုံးထဲပြန်မြင်လာတယ်။ မုန့်စင်နဲ့ ရိပေါ်ကြား ညပ်နေခဲ့တဲ့သူ့အဖြစ်။ နီးကပ်လွန်းတဲ့ခန္ဓာကိုယ်တွေ။ နမ်းမိတော့မလိုအနေအထား။

ရှောင်းကျန့် ခေါင်းပြုတ်ထွက်မတတ်ခါယမ်းပြီး အတွေးတွေကို မောင်းထုတ်လိုက်တယ်။ ဘာတွေတွေးနေတာလဲ ဘာတွေတွေးနေတာလဲ။ ရိပေါ်က သူ့အသက်ကိုကယ်ဖို့လုပ်တာ သူကဘာတွေတွေးနေတာလဲ!

အဲ့တုန်းက ရိပေါ်ကျေးဇူးကြောင့် လွတ်သွားတာ။ ရိပေါ်သာ ခြေမြန်လက်မြန် အလောင်းတစ်လောင်းဆီကသွေးနဲ့ သူ့ကိုမသုတ်ခဲ့ရင် အခုချိန် ညစာဖြစ်နေလောက်ပြီ။ အနံ့ပျောက်အောင် တော်တော်လုပ်လိုက်ရပေမယ့် အဆင်ပြေပါတယ်။

တစ်ခါတလေစဉ်းစားမိတယ်။ အဲလိုလူနံ့ဖျောက်ပြီးအာရုံလွှဲလို့ရမှန်း ရိပေါ်ဘယ်လိုသိလဲ။ သူ့သွေးသောက်လို့ လူစိတ်ဝင်လာတယ်ထားဦး။ ဒီလောက်ထိသိနေစရာမှမရှိတာ။

"အိုက်ယာ မင်းစားလို့မရပါဘူးဆိုနေ"

ပြောမရတဲ့အဆုံး လက်နဲ့တားရပြီ။ ကောင်လေးက အားအားရှိ ဒီခေါက်ဆွဲဘူးကိုပဲချောင်းနေတယ်။ မနေ့ကသူစားတာမြင်တည်းက အထူးအဆန်းလိုကြည့်နေတာ။ အခုလည်း ရေနွေးထည့်ထားတဲ့ဘူးကို လက်လှမ်းနေတယ်။ ကားနည်းနည်းပြင်ပြီးရင်စားမလို့ကို ၀မ်ရိပေါ်တစ်ယောက်နဲ့တော့ အလုပ်မဖြောင့်။

"အထဲမှာဘာရှိလဲကြည့်ချင်လို့လား"

မျက်နှာလေးကြည့်ရတာတော့ ဟုတ်တယ်လို့ဖြေနေသယောင်။ ရှောင်းကျန့် ခေါက်ဆွဲအဖုံးခွံဖယ်ပြီး အထဲကအခြေအနေကိုပြလိုက်တယ်။ မီးခိုးရောင်မျက်ဝန်းတွေက ဘူးထဲငုံ့ကြည့်ပြီး သင်ယူလေ့လာလျက်။ ဖုတ်ကောင်တစ်ကောင်အတွက် အသင့်စားခေါက်ဆွဲဘူးက အထူးအဆန်း။ အထဲကမာတောင့်တောင့်တွေက ရေထည့်ရင်ဘာလို့ပျော့သွားလဲတွေးနေမှာပေါ့။

Craving You Where stories live. Discover now