Final

18.8K 2K 457
                                    

၂ရက်ကြာပြီးနောက် ရှောင်းကျန့်အစီအစဉ်အထမြောက်တယ်။ ရိပေါ်၊ ဟွမ်ကွေ့၊ Rei နဲ့ ချူးယင်းတို့ စစ်သားအနည်းငယ်နဲ့အတူ နောက်ဓာတ်ခွဲခန်းတစ်ခုဆီရောက်လာတယ်။ ထိုက်ကျိုးဓာတ်ခွဲခန်းကနေ မိနစ်(၃၀) အကွာအဝေးရှိတယ်။ ရှလုံဓာတ်ခွဲခန်းလို့ခေါ်ပြီး လူသိနည်းတယ်။ ဖုတ်ကောင်ရန်လည်း အနည်းနဲ့အများကင်းတယ်။

"ဒီမှာချူးယင်းတို့နဲ့နေခဲ့နော် ငါဟိုဘက်မှာကိစ္စတွေရှိလို့ပြန်သွားရမယ်"

ရိပေါ် ရှောင်းကျန့်အင်္ကျီလက်ကိုမလွတ်တမ်းဆွဲထားရဲ့။ ချော့ပြောရင်ရမယ်ထင်ခဲ့ပေမယ့် အရင်တစ်ခါ လူချင်းကွဲပြီးတည်းက ရှောင်းကျန့်အနားကမခွာ။

"ရိပေါ်က လိမ္မာတယ်မဟုတ်ဘူးလား"

ကြမ်းပြင်ကိုပဲစိုက်ကြည့်ပြီး ဆက်တိုက်ခေါင်းခါနေတယ်။ ရှောင်းကျန့် ဘာလုပ်ရမယ်မသိ။ Rei ကို ဖျောင်းဖျမရဘူးထင်ခဲ့တာ။ ခေါင်းမာတဲ့ Rei ကျ ရှောင်းကျန့်သဘောကို အသာတကြည်ခေါင်းငြိမ့်ပြီး စကားနားထောင်နေကျ ရိပေါ်က ဘယ်လိုဖြစ်ရသလဲ။

"ဆရာရှောင်း ဒီမှာနေလို့မရဘူးလား ရိပေါ်တစ်ယောက်တည်းဘယ်နေချင်ပါ့မလဲ"

ချူးယင်းစကားကို ဟွမ်ကွေ့ကလည်းခေါင်းငြိမ့်တယ်။ ရှောင်းကျန့် သက်ပြင်းချရုံမှတစ်ပါးမရှိ။ ကာချုပ်ကလည်း ရိပေါ်နဲ့နေခိုင်းတာကို သူကိုယ်တိုင်ခေါင်းခါခဲ့တာ။ သူနဲ့အတူရှိရင် ရိပေါ် ရှန်းယုလက်ထဲပြန်ရောက်ပြီး အန္တရာယ်ဖြစ်မှာစိုးလို့။

*Captain Z ဒီဘက်မှာအမည်မသိချဉ်းကပ်မှုရှိတယ် အဲ့ဘက်အခြေအနေကို အကြောင်းပြန်ပေးပါ over*

ဝေါ်ကီတော်ကီသံက လူတိုင်းနားစည်ကိုရိုက်ခတ်တယ်။ အရင်ဝေါ်ကီတော်ကီတွေက ကိုက်အနည်းငယ်အတွင်းပဲ အလုပ်လုပ်ပေမယ့် ထပ်တိုးမြှင့်လိုက်တဲ့ ပုံစံသစ်တွေကတော့ အကွာအဝေးတော်တော်ဝေးဝေးအထိ ဆက်သွယ်လို့ရ၏။

ရှောင်းကျန့် ဝေါ်ကီတော်ကီကို နှုတ်ခမ်းနားကပ်လိုက်ရင်း...။

"ဒီဘက်မှာရှင်းတယ် အမည်မသိချဉ်းကပ်မှုကိုအတည်ပြုပါ over"

*ချဉ်းကပ်မှုက လေးဘက်သွားသက်ရှိနှစ်ကောင် ပုံပန်းသဏ္ဍာန်အတည်မပြုနိုင် over*

Craving You Where stories live. Discover now