Act 8.

10.5K 1.6K 93
                                    

တောက်လျှောက် အ၀တ်စည်းခံရတဲ့မျက်လုံးတွေက အလင်းရောင်ကိုနေသားမကျဘဲ ကျိန်းစပ်နေတယ်။ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးတခဏ မြင်ရသည်က လက်ပိုက်ရပ်ကြည့်နေတဲ့ သက်လတ်ပိုင်းယောက်ျားတစ်ယောက်။

နန်ကျင်းခံတပ်ကနေဖမ်းခေါ်လာပြီး မျက်လုံးစည်းခံရတယ်။ လူချင်းမခွဲပါနဲ့ပြောထားတဲ့ကြားက ရိပေါ်ကိုသူနဲ့ဝေးရာဆွဲခေါ်သွားတယ်။ ဘယ်ဆီဘယ်ဝါမသိဆွဲခေါ်ခံရ၊ ကြိုးတုပ်ခံရပြီးနောက်တော့ သူရောက်နေတာ သတင်းအချက်အလက်စုစည်းတဲ့အခန်းတစ်ခန်း။

"ကြိုဆိုပါတယ် ဗိုလ်ကြီးရှောင်း သက်တောင့်သက်သာရှိရဲ့လား"

ထိုင်ခုံမှာ လက်နောက်ပြန်ကြိုးထုတ်ခံထားရတာကို သက်တောင့်သက်သာရှိရဲ့လားဆိုတော့...။

"ရိပေါ် ဘယ်မှာလဲ"

ရှောင်းကျန့်မေးခွန်းကို တစ်ဖက်လူကသဘောကျပြီးရယ်တယ်။ ရှောင်းကျန့်ကတော့ ရယ်ရတယ်လို့တစ်စက်မှမထင်ဘူး။

"စိတ်မပူပါနဲ့ မင်းရဲ့အချစ်တော်လေးကို သီးသန့်အခန်းမှာထားထားတယ် သူကလူစိတ်သာရှိတာ ဖုတ်ကောင်ဗီဇမပျောက်သေးဘူး သူ့လက်ချက်နဲ့ ကျုပ်လူတစ်ယောက် လည်ပင်းအကိုက်ခံရပြီးသေသွားတယ်"

လူစိတ်ရှိပြီးသားကလေးကို ဖုတ်ကောင်စိတ်ပြန်ဝင်အောင်လုပ်ပြီးမှ ဇီဇမပျောက်သေးဘူးတဲ့လား။ တော်တော်ရယ်ရတယ်။

ရှောင်းကျန့်တော့ သေသွားတဲ့တစ်ယောက်ကိုမသနား။ ထိုလူ့အသားကိုကိုက်လိုက်တဲ့ ရိပေါ်အတွက်ပဲ ရင်လေးတယ်။ အယုတ်တမာသွေးတွေ သူ့နှုတ်ခမ်းလေးမှာ စွန်းကုန်တော့မှာပဲ။

"ဘာကိစ္စနဲ့ ကျုပ်ကိုဒီထဲခေါ်လာတာလဲ"

"အိုး ဟုတ်တာပေါ့ ပြောဖို့မေ့နေတယ် မင်းကိုသီးသန့်ခေါ်ရတဲ့အကြောင်းက သိသင့်တာလေးတွေပြောမလို့လေ နောက်တစ်ယောက်ကျန်သေးတယ် ခဏစောင့်လိုက်ပါဦး"

စကားအဆုံး အခန်းတံခါးပွင့်သွားပြီး စစ်သားတစ်ယောက်က ချူးယင်းကိုဆွဲခေါ်လာတယ်။ ချူးယင်းကိုလည်း ရှောင်းကျန့်နည်းတူ လက်နောက်ပြန်ကြိုးတုပ်ထားရဲ့။ စစ်သားက ချူးယင်းကိုပခုံးကဖိ၊ ထိုင်ခုံမှာအတင်းထိုင်ခိုင်းပြီးနောက် တံခါးပေါက်နားမှာ ရပ်စောင့်နေတယ်။

Craving You Where stories live. Discover now