Act 4.

10.1K 1.7K 101
                                    

တစ်သက်လုံးမှတစ်ခါတောင် စိတ်ကူးမယဉ်ဖူးတဲ့အတွေ့အကြုံ။ ဖုတ်ကောင်တစ်ကောင်နဲ့ အတူယှဉ်တွဲနေထိုင်ခြင်း။

ဇာတ်ကားတွေထဲ ရန်သူကိုကလဲ့စားချေဖို့ မိသားစုဝင်ဖြစ်အောင်ကြိုးစားတာ၊ ရန်သူအနားချဉ်းကပ်တာမျိုးတွေရှိတယ်။ ရှောင်းကျန့်အဖြစ်ကတော့ ကိုယ့်အမျိုးနွယ်ကိုစားတဲ့ သက်ရှိတစ်ကောင်နဲ့ ငြိမ်းချမ်းရေးယူပြီးအတူနေထိုင်တာပါ။

ဟုတ်ကဲ့ ရှောင်းကျန့်နဲ့ ရှောင်းကျန့်သူငယ်ချင်းအသစ်တို့ ငြိမ်းချမ်းရေးယူထားပါတယ်။

"ဘာတွေများသဘောကျလို့ရှုမ၀ဖြစ်နေပါလိမ့်"

ရှောင်းကျန့် ကားအဟောင်းကိုစစ်ဆေးနေရင်း ခပ်တိုးတိုးရေရွတ်မိတယ်။ အသစ်စက်စက်ရထားတဲ့ သူငယ်ချင်းလေးက ယမန်နေ့ကလိုပဲ နံရံကပ်စာစောင်ကိုရပ်ကြည့်နေသလေ။ ဘာသဘောကျလဲမသိ၊ အချိန်ပြည့်စိုက်ကြည့်နေတာ။

ဂိုဒေါင်ထဲပုန်းနေခြင်း ၃ရက်မြောက်နေ့။ နေသာတယ်၊ မိုးအုံ့တယ်မသိ။ အပြင်ကကောင်တွေမမြင်ဖို့ရာ ပြတင်းတံခါးတွေအလုံပိတ်ထားရတယ်။ ထွက်ပြေးဖို့ကြံတော့ ကားအဟောင်းတစ်ခုကို မျက်မှန်းတန်းမိတယ်။ ဟောင်းနေပေမယ့် အစုတ်တော့မဟုတ်။ သေချာပြင်မယ်ဆိုပြန်စီးလို့ရတယ်။ ဖုတ်ကောင်ထောင်ချီရှိတဲ့မြို့ထဲ လက်နက်မပါဘဲလျှောက်သွားလို့မရ။ အနည်းဆုံး စီးတော်ယာဉ်ရှိရင်ပြေးလွတ်နိုင်တယ်မလား။

"ကြည့်ရအောင် ဘယ်နားလိုနေလဲ... ဒီကြိုးကမကောင်းတာလား"

ဖုတ်ကောင်တွေကြားပြေးလွှားရမယ့် ဂျပန်စစ်သားအဖို့ လက်နက်ကိုင်တာအစ စက်ပြင်တာအဆုံးအကုန်သင်ရတယ်။ ခေတ်ကာလမကောင်းတဲ့အပြင် ရန်သူကလည်းသာမန်မဟုတ်တော့ မျိုးဆက်သစ်စစ်သားတိုင်း ပညာစုံတတ်ကြတယ်။ ဒီလိုဖြစ်အောင်လည်း ဂျပန်အစိုးရက နည်းစနစ်ကျကျလေ့ကျင့်ပေးထားသည်လေ။

ဦးလေးချန်ဆုံးတော့ ဦးလေးရဲ့မိတ်ဆွေတစ်ဦး ရှောင်းကျန့်ကိုလာခေါ်တယ်။ နာမည်က Miyaki တဲ့။

ဦးလေးချန်က သူမရှိတဲ့နောက် စောင့်ရှောက်ပေးဖို့မှာသွားတယ်တဲ့လေ။ ဒီလိုနဲ့ရှောင်းကျန့် ဂျပန်ရောက်သွားတယ်။ သဘောကောင်းတဲ့ Miyaki-san က ရှောင်းကျန့်လုပ်ချင်တဲ့အလုပ်မှာ နေရာချပေးမယ်တဲ့။ သူပြန်ဖြေလိုက်သည်က ဦးလေးချန်လိုစစ်သားဖြစ်ချင်သည်ဟုပင်။

Craving You Where stories live. Discover now