တပ်သားတွေကိုလေ့ကျင့်ပေးပြီးနောက် ရှောင်းကျန့် နားနေဆောင်ပြန်လာတယ်။
နိုင်ငံခြားစစ်ကူတွေထားတဲ့နားနေဆောင်။ လူအနည်းငယ်ပဲရှိလို့တိတ်ဆိတ်ရဲ့။ လေးယောက်အခန်းထဲ သူရယ် Rei ရယ် ဟွမ်ကွေ့ရယ် သုံးယောက်အတူနေတယ်။ ဟွမ်ကွေ့က ဒီနိုင်ငံတပ်သားပေမယ့် အရင်တစ်ခါတာဝန်တည်းက Rei နဲ့ ရင်းနှီးပြီးအတူလာနေဖြစ်တာ။
ဆေးတပ်သားလေးဟွမ်ကွေ့က လူကောင်သေးသေး၊ မျက်နှာချိုချို။ ခံတပ်နဲ့ပတ်သက်တဲ့ အခြေခံသတင်းတော်တော်များများ ဟွမ်ကွေ့သိတယ်။
အဖွဲ့ဝင်တွေမရှိတော့လို့ အားငယ်နေမယ့်ကောင်လေးစိတ်ရွှင်အောင် ရှောင်းကျန့်ကိုယ်တိုင် အတူလာနေခိုင်းလိုက်တာ။ ဟွမ်ကွေ့ခေါင်းဆောင်ကိုလည်း ဒီကလေးကိုစောင့်ရှောက်ပါ့မယ်လို့ ကတိပေးခဲ့တယ်လေ။ ကတိပေးပြီးမှတော့ သေတဲ့အထိတည်ရမှာပေါ့။
"Captain"
သူဝင်လာတာမြင်တော့ နှစ်ယောက်ကမတ်တပ်ရပ်အလေးပြုတယ်။
"သက်သာ"
ခွင့်ရတဲ့နောက် နှစ်ယောက်ပြန်ထိုင်ပြီးစာရွက်တွေသိမ်းလိုက်ကြတယ်။
"ဘာလုပ်နေကြတာလဲ"
"Rei-san ကို တရုတ်စကားပြောသင်ပေးနေတာပါ Captain"
"အင်း ကောင်းသားပဲ မင်းလည်းသေချာသင် Rei"
"ဟုတ်... ဒါနဲ့ လေ့ကျင့်ရေးအဆင်ပြေလား Captain"
"တပ်သားအချို့သိပ်အားမရဘူး တရုတ်ခံတပ်တွေက စစ်သားကိုဘယ်လိုလေ့ကျင့်ပေးနေလဲမသိဘူး ပျော့လိုက်ကြတာ မနက်ဖြန်မင်းတာဝန်ကျတာမလား နည်းနည်းကြမ်းပေးလိုက်"
"ဟုတ်ကဲ့ Captain"
Rei အသံတိတ်သွားတော့ ဟွမ်ကွေ့က ပါးလေးကုပ်ပြီးမေးတယ်။
"ဟိုဝမ်တစ်ယောက်ရော... ဘယ်လိုနေသေးလဲဗျ"
"၀မ်ရိပေါ်လား သူထိန်းသိမ်းခန်းထဲမှာလေ ဘာလို့လဲ"
"ဘယ်လိုပြောရမလဲ.... နည်းနည်းစိတ်ပူလို့ပါ သူကတခြားဖုတ်ကောင်လိုမဟုတ်ဘူးလေ အသိစိတ်ရှိနေတော့ ပျင်းနေမလားတွေးမိလို့"
YOU ARE READING
Craving You
FanfictionYou like this flower? Its name is called Lily. Wang Yi Bo and Xiao Zhan LIAN SUO FAN YING [Read the tags and make sure you're ready]