Prologue

2.6K 148 17
                                    

[Zawgyi]
🐬🐬🐬🐬🐬🐬

မင်းနှလုံးသားနံရံကို တစ်လက္မနောက်ဆုတ်ရင် ကိုယ့်နံရံကို တစ်လက္မရှေ့တိုးမယ်

မင်းခြေတစ်လှမ်းနောက်ဆုတ်ရင် ကိုယ် ခြေဆယ်လှမ်းရှေ့တိုးမယ်

မင်းလှမ်းရမှာပျင်းရင် ကိုယ် ထိုင်ခုံချပေးမယ်
မတ်တပ်ရပ်မစောင့်နဲ့ baeခြေထောက်တွေ နာလိမ်မယ်  ထိုင်ပြီးပဲ စောင့်နေပါ

ကျန်တဲ့ခြေလှမ်း၁၀၀ကို ကိုယ် ဦးဆောင်လှမ်းခဲ့မယ် တစ်ခုပဲ ကိုယ့်ကို မျက်ကွယ်မပြုပါနဲ့ bae..
(ရှစစ်မော့)

ဟက် ငါ့ကို ခုတုံးလုပ်ရတာ ပျော်ရဲ့လား
ဘာပိုင်ဆိုင်မှုမှမရှိတဲ့ ငါဆိုတဲ့ကောင်က မင်း အတွက်ဆို အရာအားလုံး ပေးဆပ်ပြီးသားပါ

အခုတော့ ငါ့ပိုင်ဆိုင်မှုကို မျက်စောင်းနဲ့တောင် ထိုးဖို့ မစဉ်းစားနဲ့..၊ ကြည့်ရင် ကြည့်တဲ့မျက်လုံး ဖောက်ထုတ်ပစ်မယ် ၊ ကျော်ရင် ကျော်တဲ့ခြေထောက် ဖြတ်ပစ်မယ်၊ အဲ့ယောက်ျားအင်္ကျီမပြောနဲ့ ၊ မျက်ချေးတောင် ထိခွင့်မပေးနိုင်ဘူး

အရင်က မင်းတစ်ယောက်ပဲ ကြည့်ခဲ့ဖူးတဲ့ ငါက သေဆုံးသွားပြီ၊ အခု ငါ့ဝင်သက်ထွက်သက်တွေက အဲ့ယောက်ျားအတွက်ပဲ၊ ဖြစ်နိုင်ရင် သူ့ကိုတောင် မင်းနဲ့ တစ်လေတည်း ရှုခိုင်းရမှာ ရွံလွန်းလို့ အောက်စီဂျင်ဘူး တပ်ထားလိုက်ချင်တယ်
(ချွမ်လင်ဟွမ်)

ရုပ်ရည်လား ဆွဲဆောင်မှုလား ငါ့အတွက်တော့ အဲ့၂ခု ရှိရုံနဲ့ လက်ဖျားငွေသီးအောင် လုပ်လို့ရတယ်

အချစ်လား ခံစားချက်လား သွားစမ်းပါ သူများမော့ကြည့်ခံရတဲ့ဘဝမျိုးပိုင်ဆိုင်ဖို့ဆို ချခင်းသင့်တာ မှန်သမျှ ချခင်းပစ်မှာပဲ

တစ်လှမ်းချင်း အထက်ကို တက္မယ့်လူစားထဲ ငါ မပါဘူး ငါ လိုချင်ရင် ဘာပစ္စည်း ဘယ်အရာပဲဖြစ်ဖြစ် ငါ့ခြေထောက်အောက်ရောက်စေရမယ်
(ဟွမ်ဟို့ထျန်း)

မင်းလေးကို စတွေ့မိခဲ့ကတည်းက ရင်ခုန်မိခဲ့တဲ့ ငါ့နှလုံးသားကိုယ်မြတ်နိုးတဲ့အရာတစ်ခုကို ပိုင်ဆိုင်ခွင့်ရအောင် ကြိုးစားခဲ့တာ ငါ့အမှားလား

Don't Look BackWhere stories live. Discover now