Episode - 1

5.3K 243 12
                                    

Unicode

မနက်ခင်းနေရောင်ခြည်ကား ပြတင်းပေါက်ကနေတဆင့်အခန်းအတွင်းသို့ဝင်ရောက်လာသည်။

ယခုချိန်ကား ဆောင်းဝင်ခါစပင်။ ဒီလိုအချိန်သည် အေးစိမ့်ပြီး အိပ်လို့သိပ်ကောင်းသည်မဟုတ်ပါလား။ ထို့ကြောင့် မွေ့ယာဖြူလွှလွှထက်က အဖြူရောင်ကောင်လေးသည် ဆောင်းရာသီကို သိပ် နှစ်သက်လွန်းပါသည်။

မျက်မှောင်ကုတ်ကာ နိုးထလာတဲ့ ဤလူသားလေးသည် ငန်းတို့ရဲ့ဘုရင်လေးသဏ္ဌာန် ။ စောင်ပုံတွေကြားမှ လွန့်လူးကာ နိုးထလာတဲ့ ကောင်လေးမှာ လှပချောမောသောရုပ်ရည် ၊ ဖြောင့်စင်းသောနှာတံ ၊ နှင်းဆီဖူးကဲ့သို့ထူထဲကာ လှပသည့် နှုတ်ခမ်း တစ်မနက်ခင်းလေးမှာပဲ အနှီလူသားလေးကိုကြည့်မိလျှင် တစ်နေ့လုံး စိတ်ရွှင်လန်းကြည်နူးစေတော့မှာ မလွဲဧကန် ။

သို့သော် ဤလူသားလေးသည် . . .

“အား...ကျစ်! နားငြီးလိုက်တာကွာ”

စွာလန်ကြဲ၏ ။ နှုတ်ခမ်းဖူးဖူးမှ ခပ်စွာစွာထွက်လာတဲ့ အသံသည် စူးသော်လည်း ချစ်တဲ့နားနဲ့နားထောင်ပါက သေချာပေါက် သာယာလိမ့်မည် ။

“ဟိုဘက်အိမ်က ငတိ အတော်ပျော်နေပုံ!!”

အိပ်လို့ကောင်းသည့်အချိန်ဆို ပွဲကဖျက်ပြီ ။ ဟိုဘက်အိမ်က ငယ်သူငယ်ချင်းကြီးက တစ်ရပ်ကွက်လုံးကြားအောင် စောစောစီးစီးသီချင်းအကျယ်ကြီး ဖွင့်နေသည် ။ ထို့ကြောင့် တစ်ဖန်စောင်ခေါင်းမူးခြုံပြီး တဖက်အားလှည့်အိပ်ရန်ပြင်သည် ။

သို့သော် ဘယ်လိုမှ အိပ်လို့မရ၍ ထထိုင်လိုက်ကာ. . .

"အိပ်လို့ကိုမရဘူး
ဟိုဘက်ခြံကမျက်အလောင်းအလျာလေးစောစောစီးစီး ရပ်ကွက်ကို ဒုက္ခပေးနေတာ!"

စောင်ပုံထဲကနေ အပျင်းကြောဆန့်ကာ မထချင်၊ ထချင်ဖြင့်နိုးထလိုက်ပြီး ရေချိုးခန်းထဲအပြေးဝင်သည်  ။ မနက်ခင်းပိုင်းဆို ပြောလောက်အောင် အေးနေပါသော်လည်း သူသည်မနက်အစောရေချိုးရတာ အကျင့်လိုဖြစ်နေသောကြောင့်ပင် ။

ရေချိုးပြီးဗီရိုထဲကသူ့အကြိုက် ဟူဒီတစ်ထည်ကောက်ဝတ်လိုက်သည်။ ပန်းရောင်ကို နှစ်သက်သူဖြစ်ပေမဲ့ အမြဲလိုလို အနက်ရောင်သာဝတ်ဆင်ဖြစ်သည် ။

WINTER BELOVED ✓Where stories live. Discover now