(Unicode)
2020.Dec...
'အကို!မင်း..ဘယ်မှာလဲ?...'
တစ်ဖက်ဖုန်းကပြောလိုက်သောသူ၏အသံ
ချိုချိုလေးကြောင့်တစ်နေကုန်ပင်ပန်းထားတာတွေယူပစ်သလိုပျောက်သွားသည်...
မတွေ့ရတာတစ်ပတ်လောက်တောင်ရှိပြီမလား.'တထူးတဆန်းပါလား?
အကိုတွေဘာတွေခေါ်လို့...''ဘာလဲ?...အ့လို့မခေါ်လို့ဘယ်လိုခေါ်ရမှာလဲ'
'နေကောင်းရဲ့လား?
အဆင်ရောပြေရဲ့လား?
မင်းမိဘတွေရောနေကောင်းလား!'အမြဲနာမည်ကိုတောင်မျိုးရိုးနဲ့မှ
ခေါ်တတ်သောသူကရိုရိုသေသေ
ခေါ်နေတာကြောင့်အနည်းငယ်လန့်မိသည်..
လေသံကလည်းပြသာနာရှာထားသော
လေသံနဲ့ပေ...အင်း...သူငယ်ချင်းပေါင်းသာပေါင်းနေတာ.အမှန်ဆိုနှစ်နှစ်လောက်ကွာကြသည်
မဟုတ်လား..ငယ်ငယ်ရွယ်ရွယ်နဲ့ထက်ထက်မြတ်မြတ်ရှိသည့်ထိုကောင်ငယ်လေး
ကသူကိုအများကြီးဦးဆောင်နိုင်သည်...'အကို..အပြင်ကိုထွက်ကြည့်လိုက်...'
ချစ်သူသက်တမ်း၃နှစ်တလျှောက်
အသက်နှစ်ဆယ်ကျော်သုံးဆယ်နားနီးနေသော
လူတစ်ယောက်ကိုဆယ်ကျော်သက်လေးလိုခံစားရအောင်အမြဲတမ်းsuprise
လုပ်နေသောကောင်လေးကြောင့်
ဘာတွေလုပ်မလဲဆိုသောအတွေးက
အကိုကိုပြုံးမိစေသည်...ပင်ပန်းလွန်းလို့အဝတ်တောင်မလဲနိုင်ဘဲ
ဆိုဖာပေါ်မှာလှဲနေရာကကုန်းရုံးထပြီးအပြင်ဘက်ကိုလှမ်းမြင်နိုင်သောမှန်မှလိပ်ကာကိုဖယ်ပြီးအပြင်ကိုလှမ်းကြည့်တော့.....'SUPRISE!!!!OH SEHUN!!!'
'အဟား....KIM JONG IN!!!'
အောက်ထပ်ကနေပြီးလက်လှမ်းပြပြီး
ပြုံးပြုံးနဲ့ကြည့်နေသောJong Inဆီကို
အပြေးဆင်းသွားလိုက်သည်...
အောက်လည်းရောက်ရောသေချာ
ကြည့်နေပြီးဆွဲဖက်လိုက်သည်...
မိနစ်အနည်းအငယ်လောက်ထိဆွဲဖက်ပြီးအနည်းငယ်ခွာလိုက်ကာနဖူးကို
ဖွဖွလေးနမ်းလိုက်သည်...'အရမ်းလွမ်းနေတာ...'
Sehunနမ်းလိုက်တော့ခါးကိုဖက်ထားသောလက်ကိုဖယ်လိုက်ပြီးSehunမျက်နှာလေးကိုကိုင်လာကာပြောလိုက်သောJong Inကြောင့်
Sehunနှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသည်...
YOU ARE READING
PAST LIVES(uni&zg)