Part 1

33.6K 1K 19
                                    

Unicode

နံနက်စာထမင်းဝိုင်းက ဇွန်းသံ၊ခရင်းသံ၊အသက်ရှုထုတ်သံကလွှဲလို့ တစ်ခြားဘာသံမှမကြားရဘဲတိတ်ဆိတ်နေသည်။
နွေးထွေးတဲ့ခံစားချက်ကို မခံစားရဘဲ အမြဲတမ်းအေးစက်ပြီးငြိမ်သက်နေတဲ့ ထမင်းဝိုင်းမှာမထိုင်ချင်တော့တာကြောင့် ရိပေါ် ကျောင်းတက်မယ့်ကိစ္စပြောလိုက်သည်။

"ကျွန်တော် ဒီနှစ်အဆောင်နေမယ်"

"မနေရဘူး"

ပြောလိုက်တဲ့စကားကို ဆန့်ကျင်တဲ့အသံ​ထွက်လာတာကြောင့် စိတ်တိုသွားပေမယ့် ဒီတစ်ခါအလျှော့မပေးဖို့ ဆုံးဖြတ်ထားတာကြောင့် ထပ်ပြောလိုက်သည်။

"ပါးမနေခိုင်းလည်း ကျွန်တော်ကနေမှာဘဲ စိတ်ပျက်စရာကောင်းလွန်းတဲ့ မြင်ကွင်းတွေကိုစိတ်ဆင်းရဲခံပြီး ကြည့်မနေနိုင်တော့ဘူး။"

"စိတ်ပျက်စရာကောင်းတဲ့မြင်ကွင်းလို့ ပြောရအောင် ငါကဘာလုပ်နေလို့လည်း"

"အဲ့ဒါတော့ ပါးကိုယ်တိုင်သိမှာပေါ့"

"ဝမ်ရိပေါ်!!!"

ခွမ်း!!!

ဒေါသတကြီးနဲ့အော်ပြီး စားပွဲပေါ်ကဟင်းပန်းကန်​တွေအကုန် လက်နဲ့တိုက်ချပြစ်တာကြောင့် ရိပေါ်ခပ်ထေ့ထေ့ပြုံးလိုက်တယ်။စိတ်ထဲမှာလည်း အေးစက်နေတဲ့ထမင်းဝိုင်းကို ဖျက်စီးလိုက်တဲ့ပါးကို ကျေးဇူးတင်ရင်း လျှောက်လည်ဖို့စဥ်းစားနေသည်။

"တော်ပါတော့ အကိုဝမ်ရယ် သားကိုမအော်ပါနဲ့တော့ ကလေးကအဆောင်နေချင်တာဘဲ နေခိုင်းလိုက်ပါ ကျောင်းကဒီတစ်နှစ်ဆိုပြီးပြီကို သားစိတ်ချမ်းသာသလိုထားလိုက်ပါ"

"တောက်!!! "

သူ၏မထိမလေးစားတဲ့ပုံစံကိုကြည့်ကာ ဒေါသထွက်လွန်းလို့ တောက်ခေါက်ကာ ထွက်သွားတဲ့ပါးကို ကြည့်ပြီး ရိပေါ်ရင်ထဲမှာပြည့်သိပ်နေတဲ့ အမုန်းနဲ့​ဒေါသတွေကို ရီလိုက်ရင်းဖြင့် ဖြေချလိုက်တယ်။

"ရိပေါ် မင်းပါးကိုဒေါသသွားမဆွစမ်းပါနဲ့"

"မားကလည်း သားကတစ်ခါတစ်လေလေး စိတ်ဖြေရာအဖြစ် ပါးဒေါသကိုသွားဆွလိုက်တာပါ"

SECRET ( Completed)Where stories live. Discover now