Part 16

2K 240 5
                                    

#Unicode

"Oppa တော်တော်ပိန်သွားတာဘဲ "

Chaeyoungမှာ သူမ အကိုရဲ့ မျက်နှာကို ကိုင်ကြည့်ရင်း အရိုးတွေဘဲ ခံစားနေမိလို့ ပြောလိုက်သည်

Chanyeol ခေါင်းခါပြီး ရယ်လိုက်သည်

"Oppaက အသက်ကြီးလာပြီလေ Youngieရ "

မူးယစ်ဆေးအရှိန်ကြောင့် ပိန်သွားတာကို Chaeyoung မသိစေရန် Chanyeol လိမ်ပြောလိုက်သည်

Chaeyoung နှုတ်ခမ်းစူသွားတော့ Chaeyoung ရဲ့ နဖူးကို Chanyeol ဖြန်းခနဲ ရိုက်ပြီး

"Look Stupid girl Oppa အတွက် စိတ်ပူမနေနဲ့ Oppaက အားလုံး အဆင်ပြေတယ် Oppaကို စိတ်ပူအောင်သာ မလုပ်ဘဲ ကိုယ့်ကိုကိုယ် ဂရုစိုက် "

Chaeyoungမှာ ကလေးတစ်ယောက်လို ခေါင်းခါပြသည်

"Oppa ကို အမြဲ ကျန်းကျန်းမာမာရှိစေချင်တာ ပြီးကျ ပျော်ပျော်ရွင်ရွင်နဲ့ "

"ငါ့ညီမလေး ပျော်နေရင် Oppa ကလည်း အလိုလိုပျော်လာတာပါနော် "

"Chaeဘက်ကိုဘဲ တွေးမနေနဲ့တော့ Oppa အတွက်လည်း Oppa ပြန်တွေးသင့်နေပြီ "

"Youngie "

"အခုကစပြီး Chae ရှောင်မပြေးတော့ဘူး ရင်ဆိုင်ချင်တယ်Oppaရော "

Chaeyoung ရဲ့ စကားကြောင့် Chanyeol မျက်မှောင်ကြုတ်သွားတယ်

"Youngie ဘာပြောတာလည်း

"Appaကို ဆန့်ကျင်မလို့ "

Chaeyoungရဲ့ စကားကြောင့် chanyeol ရင်ထဲ ဒိန်းခနဲ ဖြစ်သွားတယ်

"နားထောင် Youngie ဆန့်ကျင်တယ်ဆိုတာ Youngieလေး လုပ်သင့်တဲ့အရာမဟုတ်ဘူး Youngie လေး လုပ်သင့်တဲ့အရာက Appa လက်က လွှတ်အောင်ပြေးပြီး ပုန်းနေဖို့ဘဲ "

"ဒါပေမယ့် Oppaကျတော့ရော "

Chanyeolမှာ သူ့ညီမကို ကြည့်ပြီး တော်တော်အံ့သြနေသည်

သူ့ညီမကို ဒီလို သတ္တိရှိပြီး မိုက်ရူးရဲဆန်မယ်လို့ မထင်မိဘူးလေ

"အကိုဖြစ်သူ ပြောတာကို အထွန့်မတက်နဲ့ Park Chaeyoung မင်း ဒီမှာမနေရဘူး ပြန်ကိုပြန်ရမယ် မင်းပြန်ဖို့အတွက် Oppa စီစဥ်ပေးမယ် ဒါဘဲ "

Chanyeol ပြောပြီး Minoအိမ်ထဲကနေ ထထွက်သွားသည်

Chaeyoungမှာ သူမအကိုက ထွက်သွားသောကြောင့် အခန်းတစ်ခန်းထဲ ပြေးဝင်သွားပြီး ငိုလေသည်

Born Again Where stories live. Discover now