Part 6 (Zawgyi)

314 17 0
                                    

Bounလက်မှာပတ်ထားတဲ့နာရီကိုကြည့်လိုက်တော့ ရုံးဆင်းရန်၁၀မိနစ်သာလိုတော့သဖြင့်တက်ကြွနေလေသည်။

အကြောင်းကတော့ ရုံးဆင်းတာနဲ့Premတို့အိမ်သို့ဝင်ရန်တွေးထားသောကြောင့်ဖြစ်သည်။

ဘယ်ဘဝကရေစက်ကြောင့်လဲတော့မသိပေ။Boun Premကို နှစ်ခါသာတွေ့ဖူးပေမယ့် သူ့စိတ်ထဲမှာအလိုလိုရင်းနှီးနေလေသည်။

ပီးတော့Premရဲ့ဝမ်းနည်းနေတဲ့မျက်လုံးတွေ။ထိုမျက်လုံးတွေကို Bounတစ်ယောက်မမြင်ချင်ပေ။ထိုကောင်လေးပျော်နေတာကိုသူမြင်ချင်နေမိလေသည်။

ထိုကောင်လေးကိုနေ့တိုင်းမြင်နေချင်တာကြောင့်ဘဲ Boun Premကိုသူတို့Companyမှာ လူလိုတာနဲ့အလုပ်သွင်းပေးမည်ဟုပြောခဲ့ခြင်းပင်ဖြစ်သည်။

တကယ်တော့Bounတို့Companyမှာက ဘွဲ့ရပီးသားလူတွေကိုဘဲအလုပ်ခန့်တာပါ။ဒါပေ
မယ့်သူPremကိုသူ့အနားမှာခေါ်ထားပီး ပျော်အောင်လုပ်ပေးချင်တာကြောင့် သူခုလိုစီစဉ်လိုက်ခြင်းသာဖြစ်သည်။

"ဆရာ ဝင်ခွင့်ပြုပါ"

Premအကြောင်းတွေးနေတုန်း ဝန်ထမ်းကောင်မလေးရဲ့တံခါးဝမှခေါ်သံကြောင့် လှမ်းကြည့်လိုက်ကာ

Boun: အင်း ဝင်လာခဲ့လေ

ကောင်မလေးလဲဝင်လာပီး သူ့လက်ထဲမှာကိုင်လာတဲ့FileတွဲတွေကိုBounကိုပေးလိုက်ကာ

Staff: စာရင်းလေးစစ်ပီးလက်မှတ်လေးထိုးပေးပါဆရာ

Bounလဲ စာရင်းတွေသေချာစစ်ပီး လက်မှတ်ထိုးပေးလိုက်လေသည်။ပီးနောက်ထိုဝန်ထမ်းကောင်မလေးအား Fileတွဲကိုပြန်ပေးကာ

Boun: ရပီ

Staff: ဟုတ်ကဲ့ဆရာ ဒါဆိုသွားခွင့်ပြုပါအုံးနော်

Bounလဲခေါင်းညိမ့်ပြလိုက်တော့ ကောင်မလေးလဲ တံခါးဘက်သို့ပြန်လှည့်လိုက်ရင်းနဲ့ မူးလဲသွားလေသည်။

Boun: ဟာ ဟိတ် ဟိတ် ဘယ်လိုဖြစ်ရတာလဲ

Bounတစ်ယောက်ထိုကောင်မလေးဆီသို့ထသွားကာ ဘယ်လောက်ပင်ခေါ်ခေါ်ပြန်မထူးသဖြင့်သတိလစ်သွားသည်ကိုသိသွားလေတော့သည်။ဒါကြောင့်ရုံးခန်းထဲမှချီပီး အပြင်သို့ထွက်လာခဲ့လေသည်။

❣️သူနဲ့ကျွန်တော်❣️Where stories live. Discover now